Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၂.၉.၂၀၂၀

– မိုရာတာကို ယူ႐ို ၁၀ သန္းနဲ႔ ဂ်ဴဗင္တပ္စ္ဆီ အငွားခ်ခဲ့ၿပီး လူးဝစ္ ဆြာရက္ဇ္ကို အလြတ္နဲ႔ ေခၚယူႏုိင္ေတာ့မယ့္ အက္သလက္တီကို မက္ဒရစ္အေနနဲ႔ ဒီအတုိင္းဆုိ ကြင္းလယ္လူ ေတာ္ရဲရားအတြက္ ေဆြးေႏြးဖို႔ ေငြေၾကးရွိလာႏုိင္ၿပီလို႔ ပရိသတ္ေတြ ခန္႔မွန္းေနၾက။

– ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို ခ်ဲလ္ဆီးအသင္းက အလိုရွိေနၿပီး အလဲအထပ္လုပ္ဖို႔ အဆုိျပဳထားခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့သလို အာဆင္နယ္ဘက္က ျပန္လည္ရယူဖို႔အတြက္ အန္ဂိုလို ကြန္ေတနဲ႔ ဟဒ္ဆန္-အိုဒြဳိင္းတုိ႔ကို သေဘာက်ေနတယ္လုိ႔ သိရ။

– ႐ူနာဆန္ကို ေပါင္ ၁.၆ သန္းတည္းနဲ႔ ေခၚယူႏိုင္ခဲ့တဲ့ေနာက္ အီဒူးနဲ႔ အာဆင္နယ္တုိ႔ရဲ႕ ေရႊ႕ကြက္က လက္ထဲမွာ ရွိေနတဲ့ ေပါင္သန္း ၂၀ ေက်ာ္နဲ႔ လူးကပ္စ္ ေတာ္ရဲရားတုိ႔ ေပါင္းလုိက္ၿပီး ေသာမတ္စ္ ပါေတးကို ဒီပမာဏနဲ႔ လဲလွယ္တာမ်ဳိးျဖစ္လာႏုိင္တယ္လို႔ ေစာင့္ၾကည့္သူေတြ မွတ္ခ်က္ေပးထား။

– အသင္းရဲ႕ အ႐ိုးအေၾကာ ကုသေရးပညာရွင္ ခရစၥ ေမာ္ဂန္ အသင္းကေန ထြက္ခြာသြားခဲ့ၿပီးေနာက္ပိုင္း လစ္လပ္ေနတဲ့ ေနရာအတြက္ ပီအက္စ္ဂ်ီကေန ထြက္ခြာေတာ့မယ့္ ဘရာဇီးလ္သား ဘ႐ူႏို မာဇီေယာ့တီနဲ႔ အစားထုိးဖို႔ သေဘာတူညီမွဳ ရယူထား။

– အာတီတာလက္ေအာက္မွာ ပုံစံေကာင္း ျပန္ရလာတဲ့ ဂ်ာမန္ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီကို ေခၚယူဖို႔ လာဇီယုိအသင္း စိတ္ဝင္စားေနၿပီး အာဆင္နယ္ဘက္က ယူ႐ို ၁၅ သန္း အလိုရွိေနေပမယ့္ ေရာမကလပ္ဘက္ ယူ႐ို ၁၂ သန္းခန္႔နဲ႔ ေဈးဆစ္ဖြယ္ရွိေန။

– ပင္နယ္တီတစ္လုံးကို ကာကြယ္ခဲ့ၿပီး Clean Sheet နဲ႔ ႏုိင္ပြဲတစ္ပြဲကို သူ႕ရဲ႕ ပြဲဦးထြက္မွာ ရရွိခဲ့တဲ့ အက္စတန္ဗီလာဂိုးသမားသစ္ အီမီလီယာႏို မာတီနက္ဇ္ကို အာဆင္နယ္ပရိသတ္ေတြ လြမ္းဆြတ္ေနၾကၿပီး အမ္းမရိတ္ကေန ထြက္ခြာခြင့္ မျပဳခဲ့သင့္ဘူးလို႔ ဆုိေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ေငြလိုအပ္လုိ႔ ေရာင္းခ်ခဲ့ရတဲ့ မာတီနက္ဇ္ကို ပရိသတ္ေတြ ႏွေျမာေနၾကၿပီး တခ်ဳိ႕ကေတာ့ ဘန္းဒ္ လီႏိုနဲ႔ ဂိုးသမားခ်င္း မွားေရာင္းမိတာလားလို႔ေတာင္ ေမးခြန္းထုတ္ေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– မိုရာတာကို ယူရို ၁၀ သန်းနဲ့ ဂျူဗင်တပ်စ်ဆီ အငှားချခဲ့ပြီး လူးဝစ် ဆွာရက်ဇ်ကို အလွတ်နဲ့ ခေါ်ယူနိုင်တော့မယ့် အက်သလက်တီကို မက်ဒရစ်အနေနဲ့ ဒီအတိုင်းဆို ကွင်းလယ်လူ တော်ရဲရားအတွက် ဆွေးနွေးဖို့ ငွေကြေးရှိလာနိုင်ပြီလို့ ပရိသတ်တွေ ခန့်မှန်းနေကြ။

– ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို ချဲလ်ဆီးအသင်းက အလိုရှိနေပြီး အလဲအထပ်လုပ်ဖို့ အဆိုပြုထားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့သလို အာဆင်နယ်ဘက်က ပြန်လည်ရယူဖို့အတွက် အန်ဂိုလို ကွန်တေနဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ကို သဘောကျနေတယ်လို့ သိရ။

– ရူနာဆန်ကို ပေါင် ၁.၆ သန်းတည်းနဲ့ ခေါ်ယူနိုင်ခဲ့တဲ့နောက် အီဒူးနဲ့ အာဆင်နယ်တို့ရဲ့ ရွှေ့ကွက်က လက်ထဲမှာ ရှိနေတဲ့ ပေါင်သန်း ၂၀ ကျော်နဲ့ လူးကပ်စ် တော်ရဲရားတို့ ပေါင်းလိုက်ပြီး သောမတ်စ် ပါတေးကို ဒီပမာဏနဲ့ လဲလှယ်တာမျိုးဖြစ်လာနိုင်တယ်လို့ စောင့်ကြည့်သူတွေ မှတ်ချက်ပေးထား။

– အသင်းရဲ့ အရိုးအကြော ကုသရေးပညာရှင် ခရစ္စ မော်ဂန် အသင်းကနေ ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်း လစ်လပ်နေတဲ့ နေရာအတွက် ပီအက်စ်ဂျီကနေ ထွက်ခွာတော့မယ့် ဘရာဇီးလ်သား ဘရူနို မာဇီယော့တီနဲ့ အစားထိုးဖို့ သဘောတူညီမှု ရယူထား။

– အာတီတာလက်အောက်မှာ ပုံစံကောင်း ပြန်ရလာတဲ့ ဂျာမန်နောက်ခံလူ ရှကိုဒရန် မူစတာဖီကို ခေါ်ယူဖို့ လာဇီယိုအသင်း စိတ်ဝင်စားနေပြီး အာဆင်နယ်ဘက်က ယူရို ၁၅ သန်း အလိုရှိနေပေမယ့် ရောမကလပ်ဘက် ယူရို ၁၂ သန်းခန့်နဲ့ ဈေးဆစ်ဖွယ်ရှိနေ။

– ပင်နယ်တီတစ်လုံးကို ကာကွယ်ခဲ့ပြီး Clean Sheet နဲ့ နိုင်ပွဲတစ်ပွဲကို သူ့ရဲ့ ပွဲဦးထွက်မှာ ရရှိခဲ့တဲ့ အက်စတန်ဗီလာဂိုးသမားသစ် အီမီလီယာနို မာတီနက်ဇ်ကို အာဆင်နယ်ပရိသတ်တွေ လွမ်းဆွတ်နေကြပြီး အမ်းမရိတ်ကနေ ထွက်ခွာခွင့် မပြုခဲ့သင့်ဘူးလို့ ဆိုနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ ငွေလိုအပ်လို့ ရောင်းချခဲ့ရတဲ့ မာတီနက်ဇ်ကို ပရိသတ်တွေ နှမြောနေကြပြီး တချို့ကတော့ ဘန်းဒ် လီနိုနဲ့ ဂိုးသမားချင်း မှားရောင်းမိတာလားလို့တောင် မေးခွန်းထုတ်နေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.