Ligue1 Premier League

အာဆင်နယ်ပရိသတ်တွေကို ပဟေဋ္ဌိဖွက်လိုက်တဲ့ ဇာဗီ ဆိုင်မွန်စ်

ပီအက်စ်ဂျီလူငယ်ကြယ်ပွင့် ဇာဗီ ဆိုင်မွန်စ်ဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေတဲ့ ကစားသမားဖြစ်ပြီး နူးကမ့်ကို ပြောင်းဖို့ အေးဂျင့်ကိုတောင် အသိပေးထားပြီးသားဖြစ်ပါတယ်။

ဆိုင်မွန်စ်ရဲ့ အေးဂျင့်နဲ့ ပီအက်စ်ဂျီအသင်းကြား မကြာမီအချိန်အတွင်း ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ကိစ္စနဲ့ပတ်သက်ပြီး တရားဝင် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာကလည်း လာမယ့် ရက်သတ္တပတ်အတွင်းမှာ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်သွားတော့မှာဖြစ်ပြီး ဇွန်လထဲမှာ အပြောင်းအရွှေ့အပြီးသတ်နိုင်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရပါတယ်။

ဒါပေမယ့်လည်း ဇာဗီ ဆိုင်မွန်စ်က ဒီနေ့မှာ လူမှုကွန်ရက်ပေါ်က လှုပ်ရှားမှုတွေနဲ့ အားလုံးကို အံ့အားသင့်စေခဲ့ပြီး အထူးသဖြင့် အာဆင်နယ်အသင်း ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။

ဇာဗီ ဆိုင်မွန်စ်ဟာ လုပ်ငန်းစဉ်ကို ယုံကြည်ပါဆိုတဲ့ အာတီတာရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ စာသားကို ထင်ထင်ရှားရှားရေးသားထားပြီး နောက်ခံမှာ သူ့ရဲ့ နယ်သာလန်ဂျာစီနဲ့ပုံကို မှိန်ထားတဲ့ ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်က ပရိုဖိုင်မှာရော X လူမှုကွန်ရက်က ပရိုဖိုင်မှာပါ ပြောင်းလဲလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်ပရိသတ်တွေဟာ ဇာဗီ ဆိုင်မွန်စ်နဲ့ ဘာစီလိုနာတို့ရဲ့ အပြောင်းအရွှေ့ဟာ ပျက်ပြယ်သွားပြီး ပီအက်စ်ဂျီကြယ်ပွင့်က လူငယ်တွေကို မြေတောင်မြှောက်ပေးနေတဲ့ အာတီတာနဲ့ လက်တွဲသွားဖို့ စဉ်းစားနေတာလားလို့ ဒွိဟဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပီအက္စ္ဂ်ီလူငယ္ၾကယ္ပြင့္ ဇာဗီ ဆိုင္မြန္စ္ဟာ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနတဲ့ ကစားသမားျဖစ္ၿပီး ႏူးကမ့္ကို ေျပာင္းဖို႔ ေအးဂ်င့္ကိုေတာင္ အသိေပးထားၿပီးသားျဖစ္ပါတယ္။

ဆိုင္မြန္စ္ရဲ႕ ေအးဂ်င့္နဲ႔ ပီအက္စ္ဂ်ီအသင္းၾကား မၾကာမီအခ်ိန္အတြင္း ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ဖို႔ကိစၥနဲ႔ပတ္သက္ၿပီး တရားဝင္ ေတြ႕ဆုံေဆြးေႏြးမႈေတြ ျပဳလုပ္သြားေတာ့မွာျဖစ္ပါတယ္။ ဘာစီလိုနာကလည္း လာမယ့္ ရက္သတၱပတ္အတြင္းမွာ တရားဝင္ ကမ္းလွမ္းမႈ ျပဳလုပ္သြားေတာ့မွာျဖစ္ၿပီး ဇြန္လထဲမွာ အေျပာင္းအေ႐ႊ႕အၿပီးသတ္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရပါတယ္။

ဒါေပမယ့္လည္း ဇာဗီ ဆိုင္မြန္စ္က ဒီေန႔မွာ လူမႈကြန္ရက္ေပၚက လႈပ္ရွားမႈေတြနဲ႔ အားလုံးကို အံ့အားသင့္ေစခဲ့ၿပီး အထူးသျဖင့္ အာဆင္နယ္အသင္း ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့တာ ျဖစ္ပါတယ္။

ဇာဗီ ဆိုင္မြန္စ္ဟာ လုပ္ငန္းစဥ္ကို ယုံၾကည္ပါဆိုတဲ့ အာတီတာရဲ႕ ေဆာင္ပုဒ္ျဖစ္တဲ့ စာသားကို ထင္ထင္ရွားရွားေရးသားထားၿပီး ေနာက္ခံမွာ သူ႔ရဲ႕ နယ္သာလန္ဂ်ာစီနဲ႔ပုံကို မွိန္ထားတဲ့ ဓာတ္ပုံကို ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚက ပ႐ိုဖိုင္မွာေရာ X လူမႈကြန္ရက္က ပ႐ိုဖိုင္မွာပါ ေျပာင္းလဲလိုက္တာျဖစ္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္ပရိသတ္ေတြဟာ ဇာဗီ ဆိုင္မြန္စ္နဲ႔ ဘာစီလိုနာတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ဟာ ပ်က္ျပယ္သြားၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္က လူငယ္ေတြကို ေျမေတာင္ေျမႇာက္ေပးေနတဲ့ အာတီတာနဲ႔ လက္တြဲသြားဖို႔ စဥ္းစားေနတာလားလို႔ ဒြိဟျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.