Premier League

အက်ဖ်အေဗိုလ်လုပွဲမှာ မကစားချင်ဘူးလို့ တန်ဟက်ကို ပြောခဲ့တဲ့ အဓိကကစားသမား

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ကက်စမီရိုက မန်ချက်စတာစီးတီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်ကို အသေးစား ဒဏ်ရာကြောင့် ပါဝင်ကစားပေးချင်စိတ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

ဘရာဇီးလ်ဝါရင့်ကွင်းလယ်ကစားသမားဟာ စနေနေ့ညက ဝင်ဘလေမှာ ကစားခဲ့တဲ့ပွဲစဉ်ကို ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှု မပြည့်ဝဘဲ လိုက်ပါခဲ့ပေမယ့်လည်း အရန်လူစာရင်းထဲမှာ ထည့်သွင်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ကျ အပြောင်းအလဲတွေ​ရှိခဲ့ပြီး ပွဲမကန်ခင်မှာပဲ ကန်ဘွာလာကို ကက်စမီရိုရဲ့ နေရာမှာ အစားထိုးပြီး ဘရာဇီးလ်ကွင်းလယ်လူကို လူစာရင်းထဲကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ BBC Sport ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းက တန်ဟက်ကို တံကောက်ကြောက တင်းကြပ်နေသလို ခံစားရတယ်လို့ ပြောဆိုခဲ့ပြီး အရန်ကစားသမားအဖြစ်နဲ့တောင် ဝင်မကစားခိုင်းဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ကက်စမီရိုဟာ မန်ချက်စတာယူနိုက်တက်မှာ ခက်ခဲတဲ့ ဒုတိယရာသီကို ရင်ဆိုင်နေခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတွေမှာ ခံစစ်ပိုင်း ဒဏ်ရာပြဿနာတွေကြောင့် ဗဟိုခံစစ်နေရာမှာ ဆင်းကစားပေးခဲ့ရတာဖြစ်ပါတယ်။

ကက်စမီရိုရဲ့ ခရစ္စတယ်ပဲလေ့စ်၊ အာဆင်နယ်၊ ဘန်လေတို့နဲ့ပွဲစဉ်က စွမ်းဆောင်ရည်ဟာ တော်တော်လေး ဝေဖန်ခံခဲ့ရပြီး စနေနေ့ညမှာ လီဆန်ဒရို မာတီနက်ဇ်နဲ့ ဗာရွမ်းတို့ ပြန်လည်ပါဝင်လာမှုကြောင့် မန်ချက်စတာယူနိုက်တက်ခံစစ်က အရင်တုန်းကအတိုင်းပဲ ပြန်လည်တည်ငြိမ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ၾကယ္ပြင့္ ကက္စမီ႐ိုက မန္ခ်က္စတာစီးတီးကို အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲစဥ္ကို အေသးစား ဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးခ်င္စိတ္မရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဘရာဇီးလ္ဝါရင့္ကြင္းလယ္ကစားသမားဟာ စေနေန႔ညက ဝင္ဘေလမွာ ကစားခဲ့တဲ့ပြဲစဥ္ကို ၁၀၀ ရာခိုင္ႏႈန္း ႀကံ့ခိုင္မႈ မျပည့္ဝဘဲ လိုက္ပါခဲ့ေပမယ့္လည္း အရန္လူစာရင္းထဲမွာ ထည့္သြင္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာက္က် အေျပာင္းအလဲေတြ​ရွိခဲ့ၿပီး ပြဲမကန္ခင္မွာပဲ ကန္ဘြာလာကို ကက္စမီ႐ိုရဲ႕ ေနရာမွာ အစားထိုးၿပီး ဘရာဇီးလ္ကြင္းလယ္လူကို လူစာရင္းထဲကေန ထုတ္ပယ္ခဲ့တာ ျဖစ္ပါတယ္။ BBC Sport ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ေဟာင္းက တန္ဟက္ကို တံေကာက္ေၾကာက တင္းၾကပ္ေနသလို ခံစားရတယ္လို႔ ေျပာဆိုခဲ့ၿပီး အရန္ကစားသမားအျဖစ္နဲ႔ေတာင္ ဝင္မကစားခိုင္းဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

ကက္စမီ႐ိုဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ခက္ခဲတဲ့ ဒုတိယရာသီကို ရင္ဆိုင္ေနခဲ့ရသူျဖစ္ၿပီး ၿပီးခဲ့တဲ့လပိုင္းေတြမွာ ခံစစ္ပိုင္း ဒဏ္ရာျပႆနာေတြေၾကာင့္ ဗဟိုခံစစ္ေနရာမွာ ဆင္းကစားေပးခဲ့ရတာျဖစ္ပါတယ္။

ကက္စမီ႐ိုရဲ႕ ခရစၥတယ္ပဲေလ့စ္၊ အာဆင္နယ္၊ ဘန္ေလတို႔နဲ႔ပြဲစဥ္က စြမ္းေဆာင္ရည္ဟာ ေတာ္ေတာ္ေလး ေဝဖန္ခံခဲ့ရၿပီး စေနေန႔ညမွာ လီဆန္ဒ႐ို မာတီနက္ဇ္နဲ႔ ဗာ႐ြမ္းတို႔ ျပန္လည္ပါဝင္လာမႈေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ခံစစ္က အရင္တုန္းကအတိုင္းပဲ ျပန္လည္တည္ၿငိမ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.