Premier League

၂၃.၉.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ေတာ္သလင္းလဆန္း ၇ ရက္၊ ဗုဒၶဟူးေန႔။

၂၃.၉.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ေတာ္သလင္းလဆန္း ၇ ရက္၊ ဗုဒၶဟူးေန႔၊ ျပႆဒါး၊ သမားညဳိ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ည ၂၀:၅၆ အထိ တိထီ ၇ လုံး။ ေက်ာ္လွ်င္ ၈ လုံး။ ၇ လုံးတြင္ သိဒၶိယုဂ္၊ ၿပီးေျမာက္ေအာင္ျမင္ျပည့္စုံေစလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ၈ လုံးတြင္ မတယုဂ္ႏွင့္ ယာဇ္မီးယုဂ္၊ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုေသာ ကိစၥမ်ားအတြက္ ဓာတ္႐ိုက္ဓာတ္ဆင္၊ ပူေဇာ္ဆုေတာင္း၊ အဓိ႒ာန္မွဳမ်ား ျပဳလုပ္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
ည ၁၉:၂၄ အထိ ေဇ႒နကၡတ္။ ေက်ာ္လွ်င္ မူလနကၡတ္။ တစ္ေန႔လုံးႏွင့္ ညသန္းေခါင္ေက်ာ္ ၁၂:၃၈ အထိ အယုသၼာန္ယုဂ္၊ အသက္ရွည္ျခင္း၊ က်န္းမာျခင္း၊ က်န္းမာေရးႏွင့္ ပတ္သက္သည့္ ကိစၥမ်ား၊ ေဆးဝါးမွီဝဲျခင္း၊ ေဆး႐ုံေဆးခန္း တက္ေရာက္၍ ခြဲစိတ္ျခင္း၊ ကုသမႈ ခံယူျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေသာဘဂ်ယုဂ္၊ ကံေကာင္းမွဳ၊ ေပ်ာ္ရႊင္မွဳ၊ ကံစမ္းျခင္းႏွင့္ မိမိအတြက္ အခြင့္အေရးရယူလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၉:၃၈ အထိ ကရဇက႐ိုဏ္း၊ စိုက္ပ်ဳိးျခင္း၊ လုပ္ငန္းအတြင္း ေငြေၾကးစိုက္ထည့္ျခင္း၊ တာဝန္ယူတာဝန္ခံျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ ည ၂၀:၅၆ အထိ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏုိင္။ ေက်ာ္လွ်င္ ဝိႆတိက႐ိုဏ္း၊ မိမိကိုယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏုိင္။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ည ၂၀:၅၆ အထိ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။ ေက်ာ္လွ်င္ အေရွ႕ေျမာက္ႏွင့္ ေျမာက္၊ မိုးျပာေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၂၃.၉.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်၊ ဗုဒ္ဓဟူးနေ့၊ ပြဿဒါး၊ သမားညို။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၂၀:၅၆ အထိ တိထီ ၇ လုံး။ ကျော်လျှင် ၈ လုံး။ ၇ လုံးတွင် သိဒ္ဓိယုဂ်၊ ပြီးမြောက်အောင်မြင်ပြည့်စုံစေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ၈ လုံးတွင် မတယုဂ်နှင့် ယာဇ်မီးယုဂ်၊ ပြီးပြတ်ချုပ်ငြိမ်းစေလိုသော ကိစ္စများအတွက် ဓာတ်ရိုက်ဓာတ်ဆင်၊ ပူဇော်ဆုတောင်း၊ အဓိဋ္ဌာန်မှုများ ပြုလုပ်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
ည ၁၉:၂၄ အထိ ဇေဋ္ဌနက္ခတ်။ ကျော်လျှင် မူလနက္ခတ်။ တစ်နေ့လုံးနှင့် ညသန်းခေါင်ကျော် ၁၂:၃၈ အထိ အယုသ္မာန်ယုဂ်၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ကျန်းမာရေးနှင့် ပတ်သက်သည့် ကိစ္စများ၊ ဆေးဝါးမှီဝဲခြင်း၊ ဆေးရုံဆေးခန်း တက်ရောက်၍ ခွဲစိတ်ခြင်း၊ ကုသမှု ခံယူခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သောဘဂျယုဂ်၊ ကံကောင်းမှု၊ ပျော်ရွှင်မှု၊ ကံစမ်းခြင်းနှင့် မိမိအတွက် အခွင့်အရေးရယူလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၉:၃၈ အထိ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း၊ တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ည ၂၀:၅၆ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ ကျော်လျှင် ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ည ၂၀:၅၆ အထိ မြောက်နှင့် အနောက်၊ အဝါရောင်။ ကျော်လျှင် အရှေ့မြောက်နှင့် မြောက်၊ မိုးပြာရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)