Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂၂.၉.၂၀၂၀

isamaila sarr

– လီဗာပူးလ္အသင္းအေနနဲ႔ ကစားသမားေခၚယူမွဳေတြ ျပဳလုပ္ေနတာကို မရပ္တန္႔ေသးဘူးလို႔ဆုိၿပီး ေနာက္ဆုံးအေနနဲ႔ ဝတ္ဖို႔ဒ္ ေတာင္ပံ ကစားသမား အစၥမိုင္လာ ဆားရ္ကို ယူ႐ုိ ၃၅ သန္းၾကားကေန သန္း ၄၀ အထိ ေပးေခ်မယ့္ သေဘာတူညီမွဳ ရရွိထားတယ္လို႔ ေဖာ္ျပေနၾက။

– ခ်ဲလ္ဆီးကို အႏုိင္ရခဲ့တဲ့ပြဲက ကြင္းလယ္ပုိင္းမွာ ဆုိးဆိုးရြားရြား ကစားခဲ့ၾကသူေတြအျဖစ္ ေပါင္ ၇၈ သန္းတန္ အတြဲျဖစ္တဲ့ နာဘီလ္ ကီတာနဲ႔ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္တုိ႔ကို ဒီေလာက္ ပုံပ်က္ေနတာ ဒီတစ္ခါပဲ ျမင္ဖူးေသးတယ္လို႔ လီဗာပူးလ္ပရိသတ္ေတြ ေဝဖန္။

– ခရစၥတယ္လ္ပဲေလ့စ္ကုိ ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းေရႊ႕ဖို႔ ေနာက္ဆုံးအေျခအေနအထိ နီးစပ္ေနခဲ့ၿပီျဖစ္တဲ့ လူငယ္တုိက္စစ္မွဴး ႐ိုင္ယန္ ဘ႐ူးစတားအတြက္ အားကစားဒါ႐ိုက္တာ မိုက္ကယ္ အက္ဒဝပ္ကေတာ့ အေကာင္းဆုံး ေရာင္းခ်ႏုိင္ခဲ့ျပန္ၿပီလို႔ ပရိသတ္ေတြက ခ်ီးက်ဴးေနၾကၿပီး ကြင္းျပင္မွာ သူ႕႐ုပ္တုထားဖို႔အထိဆုိေနၾက။

– အသင္းရဲ႕ ကစားသမားသစ္ေတြ ျဖစ္ၾကတဲ့ ေနာက္ခံလူ ေကာ့စ္တတ္စ္ ဆီမီကတ္စ္နဲ႔ ေတာင္ပံကစားသမား ဒီယိုဂို ဂ်ဳိတာတုိ႔ဟာ လာမယ့္ ကာရာေဘာင္းဖလား တတိယအဆင့္ပြဲစဥ္ လင္ကြန္းစီးတီးနဲ႔ပြဲမွာ စတင္ပြဲထြက္ခြင့္ရဖြယ္ရွိေန။

– ေတာင္ပံတုိက္စစ္မွဴး ဆာဒီယို မာေနးက သူတုိ႔အေနနဲ႔ ကြင္းလယ္လူသစ္ သီယာဂို အယ္လ္ကန္တာရာကို လီဗာပူးလ္အသင္းရဲ႕ ကစားကြက္ထဲ အျမန္ဆုံး ဝင္ကစားႏုိင္တဲ့ အေျခအေနနဲ႔ ပုိင္ဆုိင္ႏုိင္ခဲ့ျခင္းဟာ ကံေကာင္းမွဳတစ္ရပ္ပဲလို႔ ခ်ီးက်ဴး။

– လီဗာပူးလ္အသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္နဲ႔အၿပဳိင္ ပီအက္စ္ဂ်ီေရွ႕တန္းလူ ခိုင္လ်န္ အမ္ဘာေပကို အျမဲတမ္း ေစာင့္ၾကည့္ေနၿပီး လာမယ့္ ၂၀၂၁ ေႏြရာသီမွာ အသင္းရဲ႕ တုိက္စစ္အတြက္ ႀကီးမားတဲ့ ေျပာင္းလဲမွဳအေနနဲ႔ ယူ႐ိုသန္း ၁၈၀ အသုံးျပဳၿပီး ေခၚယူႏုိင္ဖို႔ စီစဥ္ေန။

– ဗန္ဒိုက္ရဲ႕ ကစားပုံက ကိုယ္တုိင္ အမွားေတြ က်ဴးလြန္တတ္သလို အသင္းေဖာ္ေတြကို အေကာင္းမျမင္ဘဲ သူ႕ထက္ တစ္ဆင့္နိမ့္တဲ့ ကစားသမားေတြအျဖစ္ မေက်မနပ္နဲ႔ ဘဝင္ျမင့္ေနတဲ့ ပုံစံကို ျပသေနခဲ့ၿပီး နည္းျပတစ္ေယာက္က ေဘာလုံးသမားေတြကို ဆက္ဆံသလိုမ်ဳိးျဖစ္ေနတယ္လို႔ ေဂ်မီ ကာေရဂါနဲ႔အတူ နယ္သာလန္လက္ေရြးစင္ေဟာင္း ဗင္းမ္ကိဖ္ ေထာက္ျပ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: isamaila sarr

– လီဗာပူးလ်အသင်းအနေနဲ့ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်နေတာကို မရပ်တန့်သေးဘူးလို့ဆိုပြီး နောက်ဆုံးအနေနဲ့ ဝတ်ဖို့ဒ် တောင်ပံ ကစားသမား အစ္စမိုင်လာ ဆားရ်ကို ယူရို ၃၅ သန်းကြားကနေ သန်း ၄၀ အထိ ပေးချေမယ့် သဘောတူညီမှု ရရှိထားတယ်လို့ ဖော်ပြနေကြ။

– ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ပွဲက ကွင်းလယ်ပိုင်းမှာ ဆိုးဆိုးရွားရွား ကစားခဲ့ကြသူတွေအဖြစ် ပေါင် ၇၈ သန်းတန် အတွဲဖြစ်တဲ့ နာဘီလ် ကီတာနဲ့ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်တို့ကို ဒီလောက် ပုံပျက်နေတာ ဒီတစ်ခါပဲ မြင်ဖူးသေးတယ်လို့ လီဗာပူးလ်ပရိသတ်တွေ ဝေဖန်။

– ခရစ္စတယ်လ်ပဲလေ့စ်ကို ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ နောက်ဆုံးအခြေအနေအထိ နီးစပ်နေခဲ့ပြီဖြစ်တဲ့ လူငယ်တိုက်စစ်မှူး ရိုင်ယန် ဘရူးစတားအတွက် အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်ကတော့ အကောင်းဆုံး ရောင်းချနိုင်ခဲ့ပြန်ပြီလို့ ပရိသတ်တွေက ချီးကျူးနေကြပြီး ကွင်းပြင်မှာ သူ့ရုပ်တုထားဖို့အထိဆိုနေကြ။

– အသင်းရဲ့ ကစားသမားသစ်တွေ ဖြစ်ကြတဲ့ နောက်ခံလူ ကော့စ်တတ်စ် ဆီမီကတ်စ်နဲ့ တောင်ပံကစားသမား ဒီယိုဂို ဂျိုတာတို့ဟာ လာမယ့် ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ် လင်ကွန်းစီးတီးနဲ့ပွဲမှာ စတင်ပွဲထွက်ခွင့်ရဖွယ်ရှိနေ။

– တောင်ပံတိုက်စစ်မှူး ဆာဒီယို မာနေးက သူတို့အနေနဲ့ ကွင်းလယ်လူသစ် သီယာဂို အယ်လ်ကန်တာရာကို လီဗာပူးလ်အသင်းရဲ့ ကစားကွက်ထဲ အမြန်ဆုံး ဝင်ကစားနိုင်တဲ့ အခြေအနေနဲ့ ပိုင်ဆိုင်နိုင်ခဲ့ခြင်းဟာ ကံကောင်းမှုတစ်ရပ်ပဲလို့ ချီးကျူး။

– လီဗာပူးလ်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် ပီအက်စ်ဂျီရှေ့တန်းလူ ခိုင်လျန် အမ်ဘာပေကို အမြဲတမ်း စောင့်ကြည့်နေပြီး လာမယ့် ၂၀၂၁ နွေရာသီမှာ အသင်းရဲ့ တိုက်စစ်အတွက် ကြီးမားတဲ့ ပြောင်းလဲမှုအနေနဲ့ ယူရိုသန်း ၁၈၀ အသုံးပြုပြီး ခေါ်ယူနိုင်ဖို့ စီစဉ်နေ။

– ဗန်ဒိုက်ရဲ့ ကစားပုံက ကိုယ်တိုင် အမှားတွေ ကျူးလွန်တတ်သလို အသင်းဖော်တွေကို အကောင်းမမြင်ဘဲ သူ့ထက် တစ်ဆင့်နိမ့်တဲ့ ကစားသမားတွေအဖြစ် မကျေမနပ်နဲ့ ဘဝင်မြင့်နေတဲ့ ပုံစံကို ပြသနေခဲ့ပြီး နည်းပြတစ်ယောက်က ဘောလုံးသမားတွေကို ဆက်ဆံသလိုမျိုးဖြစ်နေတယ်လို့ ဂျေမီ ကာရေဂါနဲ့အတူ နယ်သာလန်လက်ရွေးစင်ဟောင်း ဗင်းမ်ကိဖ် ထောက်ပြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.