Premier League

ရမ်းစ်ဒေးလ်အတွက် အာဆင်နယ်တောင်းတဲ့စျေးကို တုံ့ပြန်လိုက်တဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းဟာ အာရွန် ရမ်းစ်ဒေးလ်အတွက်အာဆင်နယ်က သတ်မှတ်ခဲ့တဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ ကို ပေးချေလိုခြင်းမရှိဘူးလို့ သိရပါတယ်။

အက်ဒီဟောင်းဟာ နစ်ခ်ပုပ်အတွက် ယှဉ်ပြိုင်မှုပေးနိုင်ဖို့အတွက် ဂိုးသမားသစ်ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး နယူးကာဆယ်ပွဲထွက်ဂိုးသမားဟာ ဒီရာသီအချိန်အများစုကို ပုခုံးဒဏ်ရာကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ကလည်း ဘရန့်တ်ဖို့ဒ်ကနေ ဒေးဗစ် ရာယာကို အာဆင်နယ်က အငှားနဲ့ ခေါ်ယူပြီးနောက်ပိုင်း စပိန်ဂိုးသမားက အာတီတာရဲ့ ပွဲထွက်ဂိုးသမားဖြစ်ခဲ့တာကြောင့် ၂၀၂၃-၂၀၂၄ ရာသီမှာ ပြိုင်ပွဲစုံ ၁၁ ပွဲသာ ပွဲထွက်ပါဝင်ကစားပေးခွင့်ရခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ရာယာကို ဒီနွေရာသီမှာ ပေါင် ၂၇ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့အတွက် ရွေးချယ်ထားပြီးဖြစ်ပြီး ရမ်းစ်ဒေးလ်အနေနဲ့ ပုံမှန်ပွဲကစားချိန် နောက်ထပ်တစ်ကြိမ် ပြန်ရဖို့အတွက် အမ်းမရိတ်စ်ကို စွန့်ခွာဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ Mailonline ရဲ့ သတင်းအရ နယူးကာဆယ်ဟာ ရမ်းစ်ဒေးလ် ပြောင်းရွှေ့နိုင်တဲ့ နေရာတစ်ခုအဖြစ် ရှိနေပေမယ့်လည်း ငှက်ကျားတွေဟာ အာဆင်နယ်က သတ်မှတ်ထားတဲ့ ပေါင်သန်း ၃၀ က များလွန်းတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

နယူးကာဆယ်ဟာ နောက်ထပ် ရွေးချယ်စရာတွေကို ရှာဖွေနေပြီး ဘန်လေဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ကိုလည်း ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ ယင်းသတင်းကပဲ ဖော်ပြခဲ့ပါတယ်။

ထရက်ဖို့ဒ်ဟာ ရာသီ နောက်ဆုံး ၂ လမှာ ဘန်လေအသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်ရ ဂိုးသမားနေရာကို ဆုံးရှုံးခဲ့ရသူဖြစ်ပြီး ပေါင်သန်း ၂၀ လောက်နဲ့ ခေါ်ယူနိုင်မှာဖြစ်သလို ဗလင်စီယာဂိုးသမား မာမာဒက်ရှ်ဗီလီကလည်း နယူးကာဆယ်ရဲ့ ပစ်မှတ်ထဲမှာ ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာရွန် ရမ်းစ်ဒေးလ်လိုပဲ ဗလင်စီယာဂိုးသမားကလည်း စျေးကြီးမြင့်တဲ့ ရွေးချယ်စရာဖြစ်နေပြီး ချဲလ်ဆီးကလည်း ထရက်ဖို့ဒ်ကို စိတ်ဝင်စားနေဆဲဖြစ်ပေမယ့် ဒီနွေရာသီမှာ ကီပါကို အရင်ဆုံးရောင်းထုတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
နယူးကာဆယ္အသင္းဟာ အာ႐ြန္ ရမ္းစ္ေဒးလ္အတြက္အာဆင္နယ္က သတ္မွတ္ခဲ့တဲ့ ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း ၃၀ ကို ေပးေခ်လိုျခင္းမရွိဘူးလို႔ သိရပါတယ္။

အက္ဒီေဟာင္းဟာ နစ္ခ္ပုပ္အတြက္ ယွဥ္ၿပိဳင္မႈေပးႏိုင္ဖို႔အတြက္ ဂိုးသမားသစ္ေခၚယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး နယူးကာဆယ္ပြဲထြက္ဂိုးသမားဟာ ဒီရာသီအခ်ိန္အမ်ားစုကို ပုခုံးဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္ကလည္း ဘရန႔္တ္ဖို႔ဒ္ကေန ေဒးဗစ္ ရာယာကို အာဆင္နယ္က အငွားနဲ႔ ေခၚယူၿပီးေနာက္ပိုင္း စပိန္ဂိုးသမားက အာတီတာရဲ႕ ပြဲထြက္ဂိုးသမားျဖစ္ခဲ့တာေၾကာင့္ ၂၀၂၃-၂၀၂၄ ရာသီမွာ ၿပိဳင္ပြဲစုံ ၁၁ ပြဲသာ ပြဲထြက္ပါဝင္ကစားေပးခြင့္ရခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ရာယာကို ဒီေႏြရာသီမွာ ေပါင္ ၂၇ သန္းနဲ႔ အၿပီးသတ္ေခၚယူဖို႔အတြက္ ေ႐ြးခ်ယ္ထားၿပီးျဖစ္ၿပီး ရမ္းစ္ေဒးလ္အေနနဲ႔ ပုံမွန္ပြဲကစားခ်ိန္ ေနာက္ထပ္တစ္ႀကိမ္ ျပန္ရဖို႔အတြက္ အမ္းမရိတ္စ္ကို စြန႔္ခြာဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။ Mailonline ရဲ႕ သတင္းအရ နယူးကာဆယ္ဟာ ရမ္းစ္ေဒးလ္ ေျပာင္းေ႐ႊ႕ႏိုင္တဲ့ ေနရာတစ္ခုအျဖစ္ ရွိေနေပမယ့္လည္း ငွက္က်ားေတြဟာ အာဆင္နယ္က သတ္မွတ္ထားတဲ့ ေပါင္သန္း ၃၀ က မ်ားလြန္းတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

နယူးကာဆယ္ဟာ ေနာက္ထပ္ ေ႐ြးခ်ယ္စရာေတြကို ရွာေဖြေနၿပီး ဘန္ေလဂိုးသမား ဂ်ိမ္းစ္ ထရက္ဖို႔ဒ္ကိုလည္း ပစ္မွတ္စာရင္းထဲမွာ ထည့္သြင္းထားတယ္လို႔ ယင္းသတင္းကပဲ ေဖာ္ျပခဲ့ပါတယ္။

ထရက္ဖို႔ဒ္ဟာ ရာသီ ေနာက္ဆုံး ၂ လမွာ ဘန္ေလအသင္းရဲ႕ ပုံမွန္ပြဲထြက္ခြင့္ရ ဂိုးသမားေနရာကို ဆုံးရႈံးခဲ့ရသူျဖစ္ၿပီး ေပါင္သန္း ၂၀ ေလာက္နဲ႔ ေခၚယူႏိုင္မွာျဖစ္သလို ဗလင္စီယာဂိုးသမား မာမာဒက္ရွ္ဗီလီကလည္း နယူးကာဆယ္ရဲ႕ ပစ္မွတ္ထဲမွာ ရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာ႐ြန္ ရမ္းစ္ေဒးလ္လိုပဲ ဗလင္စီယာဂိုးသမားကလည္း ေစ်းႀကီးျမင့္တဲ့ ေ႐ြးခ်ယ္စရာျဖစ္ေနၿပီး ခ်ဲလ္ဆီးကလည္း ထရက္ဖို႔ဒ္ကို စိတ္ဝင္စားေနဆဲျဖစ္ေပမယ့္ ဒီေႏြရာသီမွာ ကီပါကို အရင္ဆုံးေရာင္းထုတ္ဖို႔ လိုအပ္မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.