Premier League

လှည့်လည်အောင်ပွဲခံချိန်မှာ အမူးလွန်ပြီး ဘတ်စ်ကားပေါ်က ပြုတ်ကျမလိုဖြစ်ခဲ့တဲ့ ဂရီးလစ်ရှ်

ဂျက်ခ် ဂရီးလစ်ရှ်ဟာ မန်ချက်စတာစီးတီးရဲ့ ပရီးမီးယားလိဂ်ဆုဖလားနဲ့ အောင်ပွဲခံလှည့်လည်ချိန်အတွင်း ဘတ်စ်ကားပေါ်ကနေ ပြုတ်ကျမလို ဖြစ်ခဲ့ပြီး ပရိသတ်တွေ ထိတ်လန့်ခဲ့ရပါတယ်။

မန်ချက်စတာစီးတီးဟာ တနင်္ဂနွေနေ့နေ့လယ်မှာ ပရီးမီးယားလိဂ်ဖလား ၄ နှစ်ဆက် အနိုင်ရရှိခဲ့မှုကို အောင်ပွဲခံဖို့ မန်ချက်စတာမြို့ထဲကို လှည့်လည်ခဲ့တာဖြစ်ပြီး မနှစ်က လှည့်လည်အောင်ပွဲခံရာမှာလည်း အမူးလွန်ပြီး သောင်းကျန်းခဲ့တဲ့ ဂရီးလစ်ရှ်တစ်ယောက် ထုံးစံအတိုင်းပဲ ဒီတစ်ကြိမ်မှာလည်း ရယ်စရာကောင်းတဲ့အခိုက်အတန့်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

https://x.com/cityreport_/status/1794823125995319787

ဒါပေမယ့်လည်း ဂရီးလစ်ရှ်ဟာ အမူးလွန်ပြီး ဘတ်စ်ကားပေါ်ကနေ ပြုတ်ကျလုနီးပါးဖြစ်ခဲ့ချိန်မှာ ပရိသတ်တွေ ပျော်နေရာကနေ ထိတ်လန့်သွားခဲ့ရပြီး ဂျယ်ရမီး ဒိုကုက အသင်းဖော်ကို ကားပေါ်ကနေ ပြုတ်မကျအောင် ကယ်တင်ခဲ့တာဖြစ်ပါတယ်။

ဂရီးလစ်ရှ်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ပေါင်ခြံဒဏ်ရာရရှိခဲ့ပြီးနောက် ပွဲကစားချိန် အနည်းငယ်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဂ်က္ခ္ ဂရီးလစ္ရွ္ဟာ မန္ခ်က္စတာစီးတီးရဲ႕ ပရီးမီးယားလိဂ္ဆုဖလားနဲ႔ ေအာင္ပြဲခံလွည့္လည္ခ်ိန္အတြင္း ဘတ္စ္ကားေပၚကေန ျပဳတ္က်မလို ျဖစ္ခဲ့ၿပီး ပရိသတ္ေတြ ထိတ္လန႔္ခဲ့ရပါတယ္။

မန္ခ်က္စတာစီးတီးဟာ တနဂၤေႏြေန႔ေန႔လယ္မွာ ပရီးမီးယားလိဂ္ဖလား ၄ ႏွစ္ဆက္ အႏိုင္ရရွိခဲ့မႈကို ေအာင္ပြဲခံဖို႔ မန္ခ်က္စတာၿမိဳ႕ထဲကို လွည့္လည္ခဲ့တာျဖစ္ၿပီး မႏွစ္က လွည့္လည္ေအာင္ပြဲခံရာမွာလည္း အမူးလြန္ၿပီး ေသာင္းက်န္းခဲ့တဲ့ ဂရီးလစ္ရွ္တစ္ေယာက္ ထုံးစံအတိုင္းပဲ ဒီတစ္ႀကိမ္မွာလည္း ရယ္စရာေကာင္းတဲ့အခိုက္အတန႔္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

https://x.com/cityreport_/status/1794823125995319787

ဒါေပမယ့္လည္း ဂရီးလစ္ရွ္ဟာ အမူးလြန္ၿပီး ဘတ္စ္ကားေပၚကေန ျပဳတ္က်လုနီးပါးျဖစ္ခဲ့ခ်ိန္မွာ ပရိသတ္ေတြ ေပ်ာ္ေနရာကေန ထိတ္လန႔္သြားခဲ့ရၿပီး ဂ်ယ္ရမီး ဒိုကုက အသင္းေဖာ္ကို ကားေပၚကေန ျပဳတ္မက်ေအာင္ ကယ္တင္ခဲ့တာျဖစ္ပါတယ္။

ဂရီးလစ္ရွ္ဟာ ဒီရာသီမွာ ၿပိဳင္ပြဲစုံ ၃၆ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၃ ဂိုး သြင္းယူေပးႏိုင္ခဲ့ၿပီး ၂၀၂၄ ခုႏွစ္မွာ ေပါင္ၿခံဒဏ္ရာရရွိခဲ့ၿပီးေနာက္ ပြဲကစားခ်ိန္ အနည္းငယ္သာ ရရွိခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.