Premier League

သရဲနီတွေကို မီးစိမ်းပြလိုက်တဲ့ ဗာရွမ်းနေရာမှာ အစားထိုးမယ့် ကစားသမား

မန်ချက်စတာယူနိုက်တက်က ကာလရှည် ပစ်မှတ်ထားနေခဲ့တဲ့ ဂျင်း-ကလဲ တိုဒီဘိုက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး နည်းနည်း ဆွေးနွေးခဲ့တာရှိတယ်လို့ ပြောဆိုခဲ့ပြီး ကမ္ဘာပေါ်ကအကောင်းဆုံးပြိုင်ပွဲတွေမှာ ကစားချင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်နောက်ခံကစားသမားဟာ နိစ်နဲ့အတူ နောက်ထပ်အားကောင်းတဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး အဆင့် ၅ နေရာနဲ့ ရာသီပြီးဆုံးပြီး ဥရောပဝင်ခွင့် ရရှိအောင် အသင်းကို ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

နိစ်ဟာ လီဂူးဝမ်းမှာ ပေးဂိုး ၂၉ ဂိုးနဲ့ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီး တိုဒီဘိုဟာ ဒီနွေရာသီမှာ ကာလရှည် စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခံနေရတာကြောင့် ပြင်သစ်ကလပ်အတွက် ရာသီပိတ်ပွဲစဉ်က နောက်ဆုံးကစားပေးခဲ့တဲ့ပွဲဖြစ်လာနိုင်ပါတယ်။

စပါးက ဘာစီလိုနာနောက်ခံကစားသမားဟောင်းကို ဇန်နဝါရီလတုန်းက ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဒရာဂူဆင်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်တော့ ပြီးခဲ့တဲ့နွေကတည်းက ခေါ်ယူဖို့ သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။

နိစ်ကိုလည်း ပိုင်ဆိုင်တဲ့ INEOS ဥက္ကဌ ဆာဂျင်မ် ရက်ကလစ်ဖ်က မန်ချက်စတာယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီးနောက် ဒီကောလာဟလတွေက ပိုလို့တောင် ပြင်းထန်လာခဲ့ပြီး ဗာရွမ်းကလည်း အသင်းကို စွန့်ခွာသွားပြီဖြစ်တာကြောင့် တိုဒီဘိုကို ခေါ်ယူမယ့်သတင်းတွေက ပိုမိုခိုင်မာလာခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးတို့နဲ့ သတင်းထွက်နေတာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ တိုဒီဘိုက “ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော့်အနာဂတ်အကြောင်း မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီမှာရှိနေတဲ့ ပရိသတ်တွေနဲ့ အသင်းကိုလေးစားမှုရှိလို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ နည်းနည်းတော့ ဆွေးနွေးခဲ့တာတွေရှိပါတယ်။ အဲဒါတော့ သေချာတယ်။ ကျွန်တော့်ရည်မှန်းချက်ကတော့ ကမ္ဘာပေါ်က အကောင်းဆုံးပြိုင်ပွဲတွေမှာ ကစားဖို့နဲ့ ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံကို ပြသဖို့ပါပဲ။ အကောင်းဆုံးနောက်ခံကစားသမားဖြစ်လာဖို့အတွက် ကြိုးပမ်းသွားချင်တယ်။ အကောင်းဆုံးနောက်ခံလူ ဖြစ်လာနိုင်တယ်ဆိုတာတော့ သေချာပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္က ကာလရွည္ ပစ္မွတ္ထားေနခဲ့တဲ့ ဂ်င္း-ကလဲ တိုဒီဘိုက သူ႔ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး နည္းနည္း ေဆြးေႏြးခဲ့တာရွိတယ္လို႔ ေျပာဆိုခဲ့ၿပီး ကမာၻေပၚကအေကာင္းဆုံးၿပိဳင္ပြဲေတြမွာ ကစားခ်င္တယ္လို႔ ဝန္ခံခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ေနာက္ခံကစားသမားဟာ နိစ္နဲ႔အတူ ေနာက္ထပ္အားေကာင္းတဲ့ရာသီတစ္ခုကို ပိုင္ဆိုင္ခဲ့သူျဖစ္ၿပီး အဆင့္ ၅ ေနရာနဲ႔ ရာသီၿပီးဆုံးၿပီး ဥေရာပဝင္ခြင့္ ရရွိေအာင္ အသင္းကို ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

နိစ္ဟာ လီဂူးဝမ္းမွာ ေပးဂိုး ၂၉ ဂိုးနဲ႔ ေပးဂိုးအနည္းဆုံးအသင္းအျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီး တိုဒီဘိုဟာ ဒီေႏြရာသီမွာ ကာလရွည္ စိတ္ဝင္စားေနတဲ့ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕မယ္လို႔ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆခံေနရတာေၾကာင့္ ျပင္သစ္ကလပ္အတြက္ ရာသီပိတ္ပြဲစဥ္က ေနာက္ဆုံးကစားေပးခဲ့တဲ့ပြဲျဖစ္လာႏိုင္ပါတယ္။

စပါးက ဘာစီလိုနာေနာက္ခံကစားသမားေဟာင္းကို ဇန္နဝါရီလတုန္းက ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ဒရာဂူဆင္ကို ေခၚယူဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ေတာ့ ၿပီးခဲ့တဲ့ေႏြကတည္းက ေခၚယူဖို႔ သတင္းေတြ ထြက္ခဲ့တာျဖစ္ပါတယ္။

နိစ္ကိုလည္း ပိုင္ဆိုင္တဲ့ INEOS ဥကၠဌ ဆာဂ်င္မ္ ရက္ကလစ္ဖ္က မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရွယ္ယာ ၂၅ ရာခိုင္ႏႈန္းကို ဝယ္ယူခဲ့ၿပီးေနာက္ ဒီေကာလာဟလေတြက ပိုလို႔ေတာင္ ျပင္းထန္လာခဲ့ၿပီး ဗာ႐ြမ္းကလည္း အသင္းကို စြန႔္ခြာသြားၿပီျဖစ္တာေၾကာင့္ တိုဒီဘိုကို ေခၚယူမယ့္သတင္းေတြက ပိုမိုခိုင္မာလာခဲ့တာျဖစ္ပါတယ္။

မန္ယူႏိုက္တက္၊ ေတာ့တင္ဟမ္ေဟာ့စပါးတို႔နဲ႔ သတင္းထြက္ေနတာနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ တိုဒီဘိုက “ပြင့္ပြင့္လင္းလင္းေျပာရရင္ ကြၽန္ေတာ့္အနာဂတ္အေၾကာင္း မေျပာခ်င္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ဒီမွာရွိေနတဲ့ ပရိသတ္ေတြနဲ႔ အသင္းကိုေလးစားမႈရွိလို႔ပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ နည္းနည္းေတာ့ ေဆြးေႏြးခဲ့တာေတြရွိပါတယ္။ အဲဒါေတာ့ ေသခ်ာတယ္။ ကြၽန္ေတာ့္ရည္မွန္းခ်က္ကေတာ့ ကမာၻေပၚက အေကာင္းဆုံးၿပိဳင္ပြဲေတြမွာ ကစားဖို႔နဲ႔ ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံးပုံစံကို ျပသဖို႔ပါပဲ။ အေကာင္းဆုံးေနာက္ခံကစားသမားျဖစ္လာဖို႔အတြက္ ႀကိဳးပမ္းသြားခ်င္တယ္။ အေကာင္းဆုံးေနာက္ခံလူ ျဖစ္လာႏိုင္တယ္ဆိုတာေတာ့ ေသခ်ာပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.