Premier League

အဓိကအင်အားဖြည့်မယ့် ၃ နေရာကို သတ်မှတ်လိုက်တဲ့ ချဲလ်ဆီးနည်းပြသစ်

ချဲလ်ဆီးနည်းပြသစ်ဖြစ်လာတော့မယ့် အန်ဇို မာရက်စ်ကာက ဒီနွေရာသီမှာ အရေးကြီးတဲ့ နေရာ ၃ ခုကို ဦးစားပေး ခေါ်ယူမှုတွေ ပြုလုပ်သွားမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မာရက်စ်ကာဟာ လာမယ့် ၂၄ နာရီအတွင်း ပိုချက်တီနိုရဲ့ နေရာမှာ နည်းပြသစ်အဖြစ် တရားဝင် ကြေညာခြင်းခံရတော့မယ်လို့ မျှော်မှန်းခြင်းခံထားရပြီး ချဲလ်ဆီးနဲ့ ၂၀၂၉ ခုနှစ်အထိ ၅ နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အီတလီလူမျိုးနည်းပြအတွက် ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ လက်စတာစီးတီးအသင်းကို ပေါင်၁၀ သန်း လျော်ကြေးပေးဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာရက်စ်ကာက လက်ရှိမှာ အားလပ်ရက် အပန်းဖြေခရီးထွက်နေတာကြောင့် တရားဝင် ခန့်အပ်နိုင်ခြင်းမရှိသေးတာဖြစ်ပေမယ့်လည်း အီတလီလူမျိုးနည်းပြက သူ့ရဲ့ပထမဆုံး နွေရာသီစျေးကွက်အတွက် အစီအစဉ်ကို စတင်စဉ်းစားထားပြီးဖြစ်ပါတယ်။

The Telegraph ရဲ့ သတင်းအရ အသက် ၄၄ နှစ်အရွယ် နည်းပြဟာ ဂိုးသမား၊ ဘယ်နောက်ခံနဲ့ တိုက်စစ်မှူး ၃ နေရာမှာ ကစားသမားသသစ်တွေ ဦးစားပေးခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အပြောသာလွယ်ပေမယ့် အလုပ်ကတော့ ခက်မှာဖြစ်ပြီး ချဲလ်ဆီးဟာ တော့ဒ်ဘိုလီ ရောက်လာပြီးကတည်းက ပေါင် ၁ ဘီလီယံကျော် သုံးစွဲထားခဲ့ပြီးဖြစ်တာကြောင့် PSR နဲ့ မငြိအောင် လုပ်ရမယ့် ဖိအားတွေကလည်း ရှိနေတာဖြစ်ပါတယ်။

အဲဒီအပြင်ကို ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အစောပိုင်းက ပြောခဲ့တဲ့ နေရာ ၃ ခုအတွက် ကြီးမားတဲ့ ငွေကြေးပမာဏသုံးစွဲထားခဲ့ပြီးဖြစ်တာကြောင့် အရင်ဆုံး ရှိနေတဲ့ ကစားသမားတွေကို ရောင်းထုတ်ဖို့ လိုမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ခ်ဲလ္ဆီးနည္းျပသစ္ျဖစ္လာေတာ့မယ့္ အန္ဇို မာရက္စ္ကာက ဒီေႏြရာသီမွာ အေရးႀကီးတဲ့ ေနရာ ၃ ခုကို ဦးစားေပး ေခၚယူမႈေတြ ျပဳလုပ္သြားမယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

မာရက္စ္ကာဟာ လာမယ့္ ၂၄ နာရီအတြင္း ပိုခ်က္တီႏိုရဲ႕ ေနရာမွာ နည္းျပသစ္အျဖစ္ တရားဝင္ ေၾကညာျခင္းခံရေတာ့မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး ခ်ဲလ္ဆီးနဲ႔ ၂၀၂၉ ခုႏွစ္အထိ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုသြားမွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ အီတလီလူမ်ိဳးနည္းျပအတြက္ ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္ကို တန္းျပန္တက္လာတဲ့ လက္စတာစီးတီးအသင္းကို ေပါင္၁၀ သန္း ေလ်ာ္ေၾကးေပးဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္း မာရက္စ္ကာက လက္ရွိမွာ အားလပ္ရက္ အပန္းေျဖခရီးထြက္ေနတာေၾကာင့္ တရားဝင္ ခန႔္အပ္ႏိုင္ျခင္းမရွိေသးတာျဖစ္ေပမယ့္လည္း အီတလီလူမ်ိဳးနည္းျပက သူ႔ရဲ႕ပထမဆုံး ေႏြရာသီေစ်းကြက္အတြက္ အစီအစဥ္ကို စတင္စဥ္းစားထားၿပီးျဖစ္ပါတယ္။

The Telegraph ရဲ႕ သတင္းအရ အသက္ ၄၄ ႏွစ္အ႐ြယ္ နည္းျပဟာ ဂိုးသမား၊ ဘယ္ေနာက္ခံနဲ႔ တိုက္စစ္မႉး ၃ ေနရာမွာ ကစားသမားသသစ္ေတြ ဦးစားေပးေခၚယူသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း အေျပာသာလြယ္ေပမယ့္ အလုပ္ကေတာ့ ခက္မွာျဖစ္ၿပီး ခ်ဲလ္ဆီးဟာ ေတာ့ဒ္ဘိုလီ ေရာက္လာၿပီးကတည္းက ေပါင္ ၁ ဘီလီယံေက်ာ္ သုံးစြဲထားခဲ့ၿပီးျဖစ္တာေၾကာင့္ PSR နဲ႔ မၿငိေအာင္ လုပ္ရမယ့္ ဖိအားေတြကလည္း ရွိေနတာျဖစ္ပါတယ္။

အဲဒီအျပင္ကို ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အေစာပိုင္းက ေျပာခဲ့တဲ့ ေနရာ ၃ ခုအတြက္ ႀကီးမားတဲ့ ေငြေၾကးပမာဏသုံးစြဲထားခဲ့ၿပီးျဖစ္တာေၾကာင့္ အရင္ဆုံး ရွိေနတဲ့ ကစားသမားေတြကို ေရာင္းထုတ္ဖို႔ လိုမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.