Other Leagues

အယ်လ် နက်ဆာရှုံးပွဲအပြီး ရော်နယ်လ်ဒို တိုက်ခိုက်ခံရမှုကို တုံ့ပြန်ခဲ့တဲ့ မက်ဆီဖန်များ

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကြာသပတေးနေ့ညက ဆော်ဒီ စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ၃-၁ နဲ့ အယ်လ် နက်ဆာအသင်းက ရှုံးနိမ့်ခဲ့ပြီးနောက် အယ်လ် အစ်တီဟတ်ပရိသတ်တွေရဲ့ ရက်ရက်စက်စက် တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့အပတ်က အက်တီဖတ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အယ်လ် နက်ဆာအတွက် ပွဲဦးထွက် ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ကြာသပတေးနေ့ညက King Fahd နိုင်ငံတကာကွင်းကြီးထဲမှာ အယ်လ် အစ်တီဟတ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဒုတိယမြောက် ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ရိုမာရင်ညို၊ အက်ဘ်ဒရာဇက် ဟန်ဒါလာလ်နဲ့ မူဟန်နဒ် အယ်လ်-ရှန်ကီးတီတို့ရဲ့ သွင်းဂိုးတွေကြောင့် အယ်လ် အစ်တီဟတ်အသင်းက ၃-၁ နဲ့ အနိုင်ရရှိပြီး ဆော်ဒီ စူပါဖလားဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

တာလစ်စ်ကာဟာ ဒုတိယပိုင်းမှာ အယ်လ် နက်ဆာအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် အစ်တီဟတ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ဘာမှမကူညီပေးနိုင်ခဲ့ဘဲ ရှုံးနိမ့်သွားတာကို ကြည့်နေခဲ့ရတာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျကို အံ့အားသင့်ဖွယ် ငွေကြေးပမာဏနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် အယ်လ် နက်ဆာအသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ နှစ်ပွဲစလုံးမှာ ဂိုးပေါက်ရှာမတွေ့သေးတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ကို ဆော်ဒီ စူပါဖလားပွဲစဉ်အပြီးမှာ ပြိုင်ဘက်ပရိသတ်တွေက တိုက်ခိုက်ခဲ့တဲ့ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

အယ်လ် အစ်တီဟတ်ပရိသတ်တွေဟာ ကွင်းထဲကနေ ဥမင်လျှောက်လမ်းဆီကို လျှောက်လာတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အဓိကပြိုင်ဘက်ဖြစ်တဲ့ ပီအက်စ်ဂျီကြယ်ပွင့် လီယွန်နယ် မက်ဆီရဲ့နာမည်ကို ကြွေးကြော်ပြီး တိုက်ခိုက်ခဲ့ကြတာကို ဗီဒီယိုဖိုင်ထဲမှာ အတိုင်းသားကြားနေခဲ့ရတာဖြစ်ပါတယ်။

“ငါက မက်ဆီပရိသတ်ဖြစ်နေတာတောင်မှပဲ ဒါကတော့လုံးဝကို တရားမျှတမှုမရှိဘူး။ လုံးဝကိုမကောင်းပါဘူး”လို့ ပရိသတ်တစ်ဦး ပြောကြားခဲ့ပြီး “မက်ဆီကလည်း ဒီလိုလုပ်တာကို ခွင့်ပြုမယ်လို့ ကျွန်တော် မထင်ပါဘူး။ မက်ဆီရဲ့နာမည်ကို သူနဲ့ မသက်ဆိုင်တဲ့ ဒါမှမဟုတ် သူ ဂရုမစိုက်တဲ့ ဒေသတွင်း ပြိုင်ဆိုင်မှုတွေမှာ ဆွဲထည့်နေတာတွေကို ရပ်တန့်လိုက်ပါ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၾကာသပေတးေန႔ညက ေဆာ္ဒီ စူပါဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ၃-၁ နဲ႔ အယ္လ္ နက္ဆာအသင္းက ရႈံးနိမ့္ခဲ့ၿပီးေနာက္ အယ္လ္ အစ္တီဟတ္ပရိသတ္ေတြရဲ႕ ရက္ရက္စက္စက္ တိုက္ခိုက္ျခင္းကို ခံခဲ့ရပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့အပတ္က အက္တီဖတ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ အယ္လ္ နက္ဆာအတြက္ ပြဲဦးထြက္ ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး ၾကာသပေတးေန႔ညက King Fahd ႏိုင္ငံတကာကြင္းႀကီးထဲမွာ အယ္လ္ အစ္တီဟတ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ဒုတိယေျမာက္ ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

႐ိုမာရင္ညိဳ၊ အက္ဘ္ဒရာဇက္ ဟန္ဒါလာလ္နဲ႔ မူဟန္နဒ္ အယ္လ္-ရွန္ကီးတီတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အယ္လ္ အစ္တီဟတ္အသင္းက ၃-၁ နဲ႔ အႏိုင္ရရွိၿပီး ေဆာ္ဒီ စူပါဖလားဗိုလ္လုပြဲကို တက္လွမ္းသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

တာလစ္စ္ကာဟာ ဒုတိယပိုင္းမွာ အယ္လ္ နက္ဆာအသင္းအတြက္ ေခ်ပဂိုးကို သြင္းယူေပးခဲ့ေပမယ့္လည္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္ အစ္တီဟတ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ အသင္းအတြက္ ဘာမွမကူညီေပးႏိုင္ခဲ့ဘဲ ရႈံးနိမ့္သြားတာကို ၾကည့္ေနခဲ့ရတာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီ အာေရဗ်ကို အံ့အားသင့္ဖြယ္ ေငြေၾကးပမာဏနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ အယ္လ္ နက္ဆာအသင္းအတြက္ ပါဝင္ကစားေပးခဲ့တဲ့ ႏွစ္ပြဲစလုံးမွာ ဂိုးေပါက္ရွာမေတြ႕ေသးတာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ကို ေဆာ္ဒီ စူပါဖလားပြဲစဥ္အၿပီးမွာ ၿပိဳင္ဘက္ပရိသတ္ေတြက တိုက္ခိုက္ခဲ့တဲ့ဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔လာခဲ့တာျဖစ္ပါတယ္။

အယ္လ္ အစ္တီဟတ္ပရိသတ္ေတြဟာ ကြင္းထဲကေန ဥမင္ေလွ်ာက္လမ္းဆီကို ေလွ်ာက္လာတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ပီအက္စ္ဂ်ီၾကယ္ပြင့္ လီယြန္နယ္ မက္ဆီရဲ႕နာမည္ကို ေႂကြးေၾကာ္ၿပီး တိုက္ခိုက္ခဲ့ၾကတာကို ဗီဒီယိုဖိုင္ထဲမွာ အတိုင္းသားၾကားေနခဲ့ရတာျဖစ္ပါတယ္။

“ငါက မက္ဆီပရိသတ္ျဖစ္ေနတာေတာင္မွပဲ ဒါကေတာ့လုံးဝကို တရားမွ်တမႈမရွိဘူး။ လုံးဝကိုမေကာင္းပါဘူး”လို႔ ပရိသတ္တစ္ဦး ေျပာၾကားခဲ့ၿပီး “မက္ဆီကလည္း ဒီလိုလုပ္တာကို ခြင့္ျပဳမယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ မက္ဆီရဲ႕နာမည္ကို သူနဲ႔ မသက္ဆိုင္တဲ့ ဒါမွမဟုတ္ သူ ဂ႐ုမစိုက္တဲ့ ေဒသတြင္း ၿပိဳင္ဆိုင္မႈေတြမွာ ဆြဲထည့္ေနတာေတြကို ရပ္တန႔္လိုက္ပါ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.