Other Leagues

လိဂ်ကနေ အထုတ်ခံရမယ်လို့ ခြိမ်းခြောက်ခံနေရတဲ့ ဖီနာဘာချီ

ဖီနာဘာချီအသင်းဟာ ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် လိဂ်ကနေ အထုတ်ခံရနိုင်တယ်လို့ ခြိမ်းခြောက်ခြင်းခံနေရပါတယ်။

ပြီးခဲ့တဲ့အပတ်က ထရက်ဇွန်စပေါ်ကို ၃-၂ နဲ့ အဝေးကွင်းနိုင်ပွဲရခဲ့တဲ့ပွဲစဉ်က အံ့ဩတုန်လှုပ်ဖွယ် ဗီဒီယိုထဲမှာ ဖီနာဘာချီကစားသမားတွေဟာ ထရက်ဇွန်စပေါ် ပရိသတ်တွေရဲ့ ကွင်းထဲထိ ဝင်ပြီး တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းပွဲကစားချိန်အတွင်း ပွဲကြည့်စင်ကနေ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခြင်းခံခဲ့ရတာကြောင့် ဂျက်ကို၊ ဒူဆန် တာဒစ်၊ ဂိုးသမား လီဗာကိုဗစ်အပါအဝင် ကစားသမားအများအပြား ထိမှန်ခဲ့တာဖြစ်ပါတယ်။

ဂိုးသမား လီဗာကိုဗစ်ဆိုရင် အကြွေစေ့နဲ့ မေးစေ့ကို အပေါက်ခံခဲ့ရတာကြောင့် သွေးသံတရဲရဲ ဖြစ်ခဲ့ရပြီး ပွဲအပြီးမှာတော့ ထရက်ဇွန်စပေါ် ပရိသတ်အများအပြားဟာ ကွင်းထဲထိ ကျူးကျော်ဝင်ရောက်ပြီး ဖီနာဘာချီကစားသမားတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

နိုင်ဂျီးရီးယားလက်ရွေးစင် အိုဆာယီ-ဆမ်မြူရယ်နဲ့ ဒတ်ချ်နောက်ခံလူ အူစတာဝိုတို့ကတော့ ကျူးကျော်ဝင်ရောက်လာတဲ့ ပြိုင်ဘက်ပရိသတ်တွေကို ပြန်လည်တိုက်ခိုက်ခဲ့ပြီး ဖီနာဘာချီနောက်ခံလူရဲ့ လက်သီးချက်ကြောင့် ထရက်ဇွန်စပေါ် ပရိသတ်တစ်ဦး မှောက်သွားခဲ့တာဖြစ်ပါတယ်။

ဘတ်ရှူဝါရီရဲ့ တစ်ပတ်လည်ကန်ချက်ကတော့ လွဲချော်သွားခဲ့ပြီး အဲဒီဖြစ်စဉ်ဟာ ဖီနာဘာချီဥက္ကဌက ကွင်းထဲကို ပြေးဝင်ပြီး ဒိုင်လူကြီးကို ဆွဲထိုးခဲ့ပြီးနောက် လပိုင်းအကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်အပြီး ဖီနာဘာချီဟာ တူရကီ စူပါလိဂ်ကနေ ထုတ်ပယ်မယ်လို့ ခြိမ်းခြောက်ခံနေရပါတယ်။

ဒီပြဿနာကို ဧပြီလ ၂ ရက်နေ့ အသင်းအဖွဲ့ဝင်တွေက မျက်နှာစုံညီ တွေ့ဆုံပွဲမှာ ဆွေးနွေးသွားမယ်လို့ မျှော်လင့်ရပြီး တူရကီထိပ်သီးအသင်းကြီးဟာ ကစားသမားတွေ အန္တရာယ်ရှိတဲ့ တိုက်ခိုက်မှုခံရအပြီးမှာတောင် လိဂ်တာဝန်ရှိသူတွေက သိသာထင်ရှားတဲ့ အပြစ်ပေးအရေးယူမှုမျိုး မလုပ်တာကြောင့် ဒေါသထွက်နေတယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ဖီနာဘာချီဟာ သမိုင်းကြောင်းအရ အရင်ကတည်းက တူရကီ အာဏာပိုင်တွေနဲ့ အစိုးရရဲ့ မမျှမတ ဆက်ဆံမှုကို ခံခဲ့ရတယ်လို့ ခံစားနေရပြီး ၂၀၀၅-၂၀၀၆ ရာသီနောက်ဆုံးနေ့တုန်းကလည်း အလားတူဖြစ်စဉ်မျိုးဖြစ်ပွားခဲ့သလို ၂၀၁၅ ခုနှစ်တုန်းကလည်း အသင်းဘတ်စ်ကားတိုက်ခိုက်ခြင်းခံခဲ့ရဖူးတာဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက တူရကီလိဂ်လုပ်ပွဲအရှုပ်တော်ပုံဖြစ်ပွားခဲ့ချိန်မှာလည်း ဖီနာဘာချီဟာ စွပ်စွဲချက်များစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းဥက္ကဌဟောင်း အဇစ် ယီလ်ဒီရင်ဟာ ထောင် ၆ နှစ် ချခံခဲ့ရပေမယ့်လည်း ၂၀၂၀ မှာ ပြစ်ဒဏ်ကို ပယ်ဖျက်ပြီး ဖီနာဘာချီကလည်း ဘာအမှားမှ မလုပ်ခဲ့ဘူးဆိုတာ ရှင်းလင်းသွားခဲ့တာဖြစ်ပါတယ်။

ဖီနာဘာချီသာ တူရကီစူပါလိဂ်ကနေ ထုတ်ပယ်ခံရမယ်ဆိုရင် လက်ကျန်ပွဲစဉ်တွေအားလုံးကို ရှုံးပွဲအဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး တူရကီဒုတိယတန်းကို တန်းဆင်းရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဖီနာဘာခ်ီအသင္းဟာ ၿပိဳင္ဘက္အသင္းပရိသတ္ေတြရဲ႕ တိုက္ခိုက္ျခင္းကို ခံခဲ့ရၿပီးေနာက္ လိဂ္ကေန အထုတ္ခံရႏိုင္တယ္လို႔ ၿခိမ္းေျခာက္ျခင္းခံေနရပါတယ္။

ၿပီးခဲ့တဲ့အပတ္က ထရက္ဇြန္စေပၚကို ၃-၂ နဲ႔ အေဝးကြင္းႏိုင္ပြဲရခဲ့တဲ့ပြဲစဥ္က အံ့ဩတုန္လႈပ္ဖြယ္ ဗီဒီယိုထဲမွာ ဖီနာဘာခ်ီကစားသမားေတြဟာ ထရက္ဇြန္စေပၚ ပရိသတ္ေတြရဲ႕ ကြင္းထဲထိ ဝင္ၿပီး တိုက္ခိုက္မႈကို ခံခဲ့ရတာျဖစ္ပါတယ္။ ဒုတိယပိုင္းပြဲကစားခ်ိန္အတြင္း ပြဲၾကည့္စင္ကေန အရာဝတၳဳေတြနဲ႔ ပစ္ေပါက္ျခင္းခံခဲ့ရတာေၾကာင့္ ဂ်က္ကို၊ ဒူဆန္ တာဒစ္၊ ဂိုးသမား လီဗာကိုဗစ္အပါအဝင္ ကစားသမားအမ်ားအျပား ထိမွန္ခဲ့တာျဖစ္ပါတယ္။

ဂိုးသမား လီဗာကိုဗစ္ဆိုရင္ အေႂကြေစ့နဲ႔ ေမးေစ့ကို အေပါက္ခံခဲ့ရတာေၾကာင့္ ေသြးသံတရဲရဲ ျဖစ္ခဲ့ရၿပီး ပြဲအၿပီးမွာေတာ့ ထရက္ဇြန္စေပၚ ပရိသတ္အမ်ားအျပားဟာ ကြင္းထဲထိ က်ဴးေက်ာ္ဝင္ေရာက္ၿပီး ဖီနာဘာခ်ီကစားသမားေတြကို တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။

ႏိုင္ဂ်ီးရီးယားလက္ေ႐ြးစင္ အိုဆာယီ-ဆမ္ျမဴရယ္နဲ႔ ဒတ္ခ်္ေနာက္ခံလူ အူစတာဝိုတို႔ကေတာ့ က်ဴးေက်ာ္ဝင္ေရာက္လာတဲ့ ၿပိဳင္ဘက္ပရိသတ္ေတြကို ျပန္လည္တိုက္ခိုက္ခဲ့ၿပီး ဖီနာဘာခ်ီေနာက္ခံလူရဲ႕ လက္သီးခ်က္ေၾကာင့္ ထရက္ဇြန္စေပၚ ပရိသတ္တစ္ဦး ေမွာက္သြားခဲ့တာျဖစ္ပါတယ္။

ဘတ္ရႉဝါရီရဲ႕ တစ္ပတ္လည္ကန္ခ်က္ကေတာ့ လြဲေခ်ာ္သြားခဲ့ၿပီး အဲဒီျဖစ္စဥ္ဟာ ဖီနာဘာခ်ီဥကၠဌက ကြင္းထဲကို ေျပးဝင္ၿပီး ဒိုင္လူႀကီးကို ဆြဲထိုးခဲ့ၿပီးေနာက္ လပိုင္းအၾကာမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဒီျဖစ္စဥ္အၿပီး ဖီနာဘာခ်ီဟာ တူရကီ စူပါလိဂ္ကေန ထုတ္ပယ္မယ္လို႔ ၿခိမ္းေျခာက္ခံေနရပါတယ္။

ဒီျပႆနာကို ဧၿပီလ ၂ ရက္ေန႔ အသင္းအဖြဲ႕ဝင္ေတြက မ်က္ႏွာစုံညီ ေတြ႕ဆုံပြဲမွာ ေဆြးေႏြးသြားမယ္လို႔ ေမွ်ာ္လင့္ရၿပီး တူရကီထိပ္သီးအသင္းႀကီးဟာ ကစားသမားေတြ အႏၲရာယ္ရွိတဲ့ တိုက္ခိုက္မႈခံရအၿပီးမွာေတာင္ လိဂ္တာဝန္ရွိသူေတြက သိသာထင္ရွားတဲ့ အျပစ္ေပးအေရးယူမႈမ်ိဳး မလုပ္တာေၾကာင့္ ေဒါသထြက္ေနတယ္လို႔ The Athletic က ေဖာ္ျပခဲ့ပါတယ္။

ဖီနာဘာခ်ီဟာ သမိုင္းေၾကာင္းအရ အရင္ကတည္းက တူရကီ အာဏာပိုင္ေတြနဲ႔ အစိုးရရဲ႕ မမွ်မတ ဆက္ဆံမႈကို ခံခဲ့ရတယ္လို႔ ခံစားေနရၿပီး ၂၀၀၅-၂၀၀၆ ရာသီေနာက္ဆုံးေန႔တုန္းကလည္း အလားတူျဖစ္စဥ္မ်ိဳးျဖစ္ပြားခဲ့သလို ၂၀၁၅ ခုႏွစ္တုန္းကလည္း အသင္းဘတ္စ္ကားတိုက္ခိုက္ျခင္းခံခဲ့ရဖူးတာျဖစ္ပါတယ္။

၂၀၁၁ ခုႏွစ္တုန္းက တူရကီလိဂ္လုပ္ပြဲအရႈပ္ေတာ္ပုံျဖစ္ပြားခဲ့ခ်ိန္မွာလည္း ဖီနာဘာခ်ီဟာ စြပ္စြဲခ်က္မ်ားစြာနဲ႔ ရင္ဆိုင္ခဲ့ရၿပီး အသင္းဥကၠဌေဟာင္း အဇစ္ ယီလ္ဒီရင္ဟာ ေထာင္ ၆ ႏွစ္ ခ်ခံခဲ့ရေပမယ့္လည္း ၂၀၂၀ မွာ ျပစ္ဒဏ္ကို ပယ္ဖ်က္ၿပီး ဖီနာဘာခ်ီကလည္း ဘာအမွားမွ မလုပ္ခဲ့ဘူးဆိုတာ ရွင္းလင္းသြားခဲ့တာျဖစ္ပါတယ္။

ဖီနာဘာခ်ီသာ တူရကီစူပါလိဂ္ကေန ထုတ္ပယ္ခံရမယ္ဆိုရင္ လက္က်န္ပြဲစဥ္ေတြအားလုံးကို ရႈံးပြဲအျဖစ္ သတ္မွတ္ခံရမွာျဖစ္ၿပီး တူရကီဒုတိယတန္းကို တန္းဆင္းရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.