Other Leagues Premier League

လိဒ်စ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့်ရခဲ့တဲ့ ဆောက်သမ်တန်

ဝင်ဘလေကွင်းမှာ တနင်္ဂနွေနေ့ညမှာ ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ဆောက်သမ်တန်တို့ရဲ့ ပလေးအော့ဖ် ဗိုလ်လုပွဲမှာ စိန့်တွေဟာ အဒမ် အန်းစထရောင်းရဲ့ သွင်းဂိုးကြောင့် ပရီးမီးယားလိဂ်ကို တန်းပြန်တက်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။

ဆောက်သမ်တန်ဟာ လိဒ်စ်ယူနိုက်တက်ကို ချန်ပီယံရှစ် ပလေးအော့ဖ်ဖိုင်နယ်မှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို ချက်ချင်း ပြန်လည် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဆောက်သမ်တန်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် အမ်းစထရောင်းက ပထမပိုင်း ၂၄ မိနစ်မှာ ဒီပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အမ်းစထရောင်းအတွက်တော့ ဒီရာသီ ချန်ပီယံရှစ်မှာ ၂၄ ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး ရပ်ဆဲလ်မာတင်ရဲ့ အသင်းဟာ အင်္ဂလိပ်ထိပ်တန်းပြိုင်ပွဲကို ချက်ချင်းပဲ ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ပရီးမီးယားလိဂ်ကနေ အတူတူ တန်းဆင်းလာခဲ့ကြတဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ဆောက်သမ်တန်တို့ရဲ့ ပလေးအော့ဖ်ဗိုလ်လုပွဲဟာ အနိုင် အရှုံးအဖြေထွက်ဖို့အတွက် တိကျသေချာတဲ့အဆုံးသတ်မှုတစ်ခုနဲ့ လုံလောက်ခဲ့တာဖြစ်ပါတယ်။

ဒေါင်းစ်က စမောဘုန်းဆီကို အလွန်ကောင်းမွန်တဲ့ ပေးပို့မှု ပြုလုပ်ခဲ့ရာမှာ စမောဘုန်းက လျင်လျင်မြန်မြန်ပဲ လှည့်ပြီး လိဒ်စ်ယူနိုက်တက် ခံစစ်ကြားထဲကနေ မျှောထိုးပေးပို့ခဲ့ရာမှာ အမ်းစထရောင်းက ပြေးထွက်ပြီး လိဒ်စ်ဂိုးသမား မက်စလီယာနဲ့ တစ်ဦးချင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ အခုဆိုရင် ပရီးမီးယားလိဂ်ကို လက်စတာစီးတီး၊ အစ်ဆွစ်ချ်တောင်းတို့နဲ့အတူ ပြန်လည်တက်ရောက်ခွင့်ရခဲ့ပြီဖြစ်ပြီး လိဒ်စ်ယူနိုက်တက်ဟာ ပွဲပြီးခါနီးမှာ ဒန်နီရယ် ဂျိမ်းစ်ရဲ့ ကန်ချက် တိုင်ထိခဲ့တာကြောင့် ချေပဂိုးရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ပြီးနောက် လာမယ့်ရာသီ ချန်ပီယံရှစ်မှာပဲ ဆက်ကစားရတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဝင္ဘေလကြင္းမွာ တနဂၤေႏြေန႔ညမွာ ကစားခဲ့တဲ့ လိဒ္စ္ယူႏိုက္တက္နဲ႔ ေဆာက္သမ္တန္တို႔ရဲ႕ ပေလးေအာ့ဖ္ ဗိုလ္လုပြဲမွာ စိန႔္ေတြဟာ အဒမ္ အန္းစထေရာင္းရဲ႕ သြင္းဂိုးေၾကာင့္ ပရီးမီးယားလိဂ္ကို တန္းျပန္တက္ခြင့္ရခဲ့ၿပီျဖစ္ပါတယ္။

ေဆာက္သမ္တန္ဟာ လိဒ္စ္ယူႏိုက္တက္ကို ခ်န္ပီယံရွစ္ ပေလးေအာ့ဖ္ဖိုင္နယ္မွာ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ကို ခ်က္ခ်င္း ျပန္လည္ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ေဆာက္သမ္တန္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ အမ္းစထေရာင္းက ပထမပိုင္း ၂၄ မိနစ္မွာ ဒီပြဲအတြက္ အဆုံးအျဖတ္ျဖစ္ေစမယ့္ သြင္းဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အမ္းစထေရာင္းအတြက္ေတာ့ ဒီရာသီ ခ်န္ပီယံရွစ္မွာ ၂၄ ဂိုးေျမာက္ သြင္းဂိုးျဖစ္ခဲ့ၿပီး ရပ္ဆဲလ္မာတင္ရဲ႕ အသင္းဟာ အဂၤလိပ္ထိပ္တန္းၿပိဳင္ပြဲကို ခ်က္ခ်င္းပဲ ျပန္လည္ တက္လွမ္းႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္မွာ ပရီးမီးယားလိဂ္ကေန အတူတူ တန္းဆင္းလာခဲ့ၾကတဲ့ လိဒ္စ္ယူႏိုက္တက္နဲ႔ ေဆာက္သမ္တန္တို႔ရဲ႕ ပေလးေအာ့ဖ္ဗိုလ္လုပြဲဟာ အႏိုင္ အရႈံးအေျဖထြက္ဖို႔အတြက္ တိက်ေသခ်ာတဲ့အဆုံးသတ္မႈတစ္ခုနဲ႔ လုံေလာက္ခဲ့တာျဖစ္ပါတယ္။

ေဒါင္းစ္က စေမာဘုန္းဆီကို အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈ ျပဳလုပ္ခဲ့ရာမွာ စေမာဘုန္းက လ်င္လ်င္ျမန္ျမန္ပဲ လွည့္ၿပီး လိဒ္စ္ယူႏိုက္တက္ ခံစစ္ၾကားထဲကေန ေမွ်ာထိုးေပးပို႔ခဲ့ရာမွာ အမ္းစထေရာင္းက ေျပးထြက္ၿပီး လိဒ္စ္ဂိုးသမား မက္စလီယာနဲ႔ တစ္ဦးခ်င္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းဟာ အခုဆိုရင္ ပရီးမီးယားလိဂ္ကို လက္စတာစီးတီး၊ အစ္ဆြစ္ခ်္ေတာင္းတို႔နဲ႔အတူ ျပန္လည္တက္ေရာက္ခြင့္ရခဲ့ၿပီျဖစ္ၿပီး လိဒ္စ္ယူႏိုက္တက္ဟာ ပြဲၿပီးခါနီးမွာ ဒန္နီရယ္ ဂ်ိမ္းစ္ရဲ႕ ကန္ခ်က္ တိုင္ထိခဲ့တာေၾကာင့္ ေခ်ပဂိုးရမယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့ၿပီးေနာက္ လာမယ့္ရာသီ ခ်န္ပီယံရွစ္မွာပဲ ဆက္ကစားရေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.