Ligue1 Other Leagues

မက်ဆီ ရိုက်ချိုးနိုင်တော့မယ့် ရော်နယ်လ်ဒိုရဲ့ စံချိန် ၅ ခု

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ ပီအက်စ်ဂျီအသင်းက ဆော်ဒီ အာရေဗျ ကြယ်စင်စုအသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့အချိန်ဟာ တသက်တာအကောင်းဆုံးကစားသမား ၂ ဦးကြား နောက်ဆုံးတွေ့ဆုံမှုဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ၁၄ နှစ်အထိ ကမ္ဘာ့ဘောလုံးလောက ထိပ်တန်းအဆင့်မှာ ရပ်တည်ခဲ့ကြသူတွေဖြစ်ပြီး ဒီကာလအတွင်းမှာ ရနိုင်သမျှ တစ်ဦးချင်း ဆုတံဆိပ်တွေအများအပြားကို ဆွတ်ခူးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကစားသမား ၂ ဦးရဲ့ အောင်မြင်မှုတွေကြောင့် ဘောလုံးသမိုင်းမှာ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ အကြောင်းထည့်မပြောရင် မပြည်စုံနိုင်တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဥရောပမှာ အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီးနောက် ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ဥရောပမှာ ကစားခဲ့တဲ့ကာလအတွင်း စံချိန်အများအပြားကို ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ ဥရောပကို စွန့်ခွာဖို့ ရွေးချယ်ခဲ့တာကြောင့် ရော်နယ်လ်ဒိုရဲ့ စံချိန်အချို့ဟာ ၎င်းရဲ့ပြိုင်ဘက် လီယွန်နယ် မက်ဆီရဲ့ ချိုးဖျက်ခြင်းကိုခံရနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့် ချိုးဖျက်နိုင်တဲ့ စံချိန် ၅ ခု ရှိနေပါတယ်။

၅။ နိုင်ငံတကာသွင်းဂိုးအများဆုံး

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်းအတွက် အောင်မြင်မှုတွေ ရယူပေးထားနိုင်ခဲ့တဲ့ ကစားသမားတွေဖြစ်ပြီး ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအတွက် ၁၁၈ ဂိုး သွင်းနဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကို ရေးထိုးထားတာဖြစ်ပါတယ်။ မက်ဆီကလည်း တောင်အမေရိကမှာ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် အာဂျင်တီးနားအတွက် ၉၈ ဂိုးအထိ သွင်းယူပေးထားပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ၂၀၂၂ ခုနှစ်မှာ ၁၄ ပွဲမှာ ၁၈ ဂိုး သွင်းယူနိုင်ခဲ့ပြီး လက်ရွေးစင်အသင်းရဲ့ အဓိကကစားသမားအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ရော်နယ်လ်ဒိုကတော့ ပြီးခဲ့တဲ့လတွေမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ကွင်းအတွင်း လွှမ်းမိုးနိုင်စွမ်းက လျော့ကျနေခဲ့တာဖြစ်ပြီး ပေါ်တူဂီနည်းပြသစ် ရောဘတ်တို မာတီနက်ဇ်ကလည်း အရင်နည်းပြ ဖာနန်ဒို ဆန်းတို့စ်အတိုင်း အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးအပေါ် အားထားမှုသိပ်ရှိလာမှာမဟုတ်တေ့တာဖြစ်ပါတယ်။ အဲဒါကြောင့် မက်ဆီအနေနဲ့ ရော်နယ်လ်ဒိုရဲ့ နိုင်ငံတကာသွင်းဂိုးစံချိန်ကို ကျော်တက်နိုင်ဖို့ ဖြစ်နိုင်ခြေတော်တော်လေးများနေပါတယ်။

၄။ ချန်ပီယံလိဂ်ဂိုးဖန်တီးမှု

ရော်နယ်လ်ဒိုဟာ ဖန်တီးနိုင်စွမ်း အားနည်းတဲ့ကစားသမားလို့ ပြောကြပေမယ့်လည်း ပေါ်တူဂီတိုက်စစ်မှူးဟာ ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်တို့မှာ ကစားခဲ့တဲ့ကာလအတွင်း ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပြီး ဥရောပရဲ့ထိပ်တန်းကလပ်အသင်းပြိုင်ပွဲမှာ စုစုပေါင်း ဂိုးဖန်တီးမှု ၄၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ဘောလုံးသမိုင်းမှာ အပြီးပြည့်စုံဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ရှုမြင်ခြင်းခံခဲ့ရသူဖြစ်ပြီး ၎င်းရဲ့ ဘောလုံးပေးပို့နိုင်စွမ်းနဲ့ ဘောလုံးစွမ်းရည်တွေက ကွင်းထဲက နေရာတိုင်းမှာ ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့် ကစားသမားဘဝတလျှောက် ချန်ပီယံလိဂ်မှာ ဂိုးဖန်တီးမှု အကြိမ် ၄၀ ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုဟာ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်တာကြောင့် ဥရောပပြိုင်ပွဲမှာနောက်ထပ် ပါဝင်ကစားပေးရဖို့မရှိတော့တာကြောင့် အာဂျင်တီးနားကြယ်ပွင့်အနေနဲ့ ၎င်းရဲ့စံချိန်ကို ရိုက်ချိုးနိုင်တော့မှာ ဖြစ်ပါတယ်။

၃။ ချန်ပီယံလိဂ်သွင်းဂိုး

ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ ၂ ဦးတည်းသာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုး ၁၀၀ နဲ့အထက် သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ဥရောပပြိုင်ပွဲသမိုင်းမှာ ရေးထိုးထားတဲ့ စံချိန်မှတ်တမ်းတွေကြောင့် မစ္စတာ ချန်ပီယံလိဂ်လို့ ခေါ်ဝေါ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်အသင်းတို့မှာ ကစားခဲ့တဲ့ကာလအတွင်း ချန်ပီယံလိဂ်သွင်းဂိုး ၁၄၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး လီယွန်နယ် မက်ဆီကလည်း ၂၀၀၄ ခုနှစ်မှာ ပွဲဦးထွက်ကစားခဲ့ပြီးနောက်ပိုင်း ၁၂၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်သာရှိသေးတဲ့ လီယွန်နယ် မက်ဆီဟာ ယခုရာသီ ချန်ပီယံလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ချိန်မှာ ပီအက်စ်ဂျီအသင်းအတွက် အဆုံးအဖြတ်ပေးနိုင်မယ့်ကစားသမားဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

၂။ ဥရောပကလပ်ဘောလုံးလောကမှာ ဂိုးသွင်းအများဆုံး

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ဥရောပကလပ်ဘောလုံးလောကမှာ ဘယ်ကစားသမားမျိုးထက်မဆို သွင်းဂိုးတွေ ပိုမိုသွင်းယူထားနိုင်ခဲ့ကြသူတွေဖြစ်ပြီး ရော်နယ်လ်ဒိုကတော့ ဂိုးအများဆုံးသွင်းယူထားတဲ့စံချိန်ကို ပိုင်ဆိုင်ထားပါတယ်။ ရော်နယ်လ်ဒိုဟာ ဥရောပမှာ ကစားခဲ့တဲ့ကာလအတွင်း ကလပ်အသင်းသွင်းဂိုး ၇၀၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ ဥရောပကလပ်အသင်းအဆင့်မှာ ဂိုး ၇၀၀ ပြည့်မြောက်တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီကလည်း ကလပ်အသင်းသွင်းဂိုး ၆၉၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်တာကြောင့် ရော်နယ်လ်ဒိုရဲ့ စံချိန်ကို သိပ်မကြာမီကာလအတွင်း အလွယ်တကူ ချိုးဖျက်နိုင်တော့မှာ ဖြစ်ပါတယ်။

၁။ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ဂိုးသွင်းအများဆုံး

ရော်နယ်လ်ဒိုဟာ ကစားသမားဘဝ ခြေစွမ်းအမြင့်မားဆုံးအချိန်တုန်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် သွင်းယူခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ လိဂ်သွင်းဂိုး ၅၀၀ ပြည့်ဖို့ နည်းနည်းလေးသာ လိုအပ်တော့တာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုထဲက ၃ ခုမှာ ကစားခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၄၉၅ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီကလည်း ၄၈၈ ဂိုးအထိ သွင်းယူထားပြီဖြစ်တာကြောင့် ပေါ်တူဂီကြယ်ပွင့်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ အခွင့်အရေးကောင်း ရှိနေတာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္မွာ ပီအက္စ္ဂ်ီအသင္းက ေဆာ္ဒီ အာေရဗ် ၾကယ္စင္စုအသင္းနဲ႔ ရင္ဆိုင္ကစားခဲ့တဲ့အခ်ိန္ဟာ တသက္တာအေကာင္းဆုံးကစားသမား ၂ ဦးၾကား ေနာက္ဆုံးေတြ႕ဆုံမႈျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ ၁၄ ႏွစ္အထိ ကမာၻ႔ေဘာလုံးေလာက ထိပ္တန္းအဆင့္မွာ ရပ္တည္ခဲ့ၾကသူေတြျဖစ္ၿပီး ဒီကာလအတြင္းမွာ ရႏိုင္သမွ် တစ္ဦးခ်င္း ဆုတံဆိပ္ေတြအမ်ားအျပားကို ဆြတ္ခူးႏိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီကစားသမား ၂ ဦးရဲ႕ ေအာင္ျမင္မႈေတြေၾကာင့္ ေဘာလုံးသမိုင္းမွာ ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ အေၾကာင္းထည့္မေျပာရင္ မျပည္စုံႏိုင္တာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ဥေရာပမွာ ေအာင္ျမင္တဲ့ ကစားသမားဘဝကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ေဆာ္ဒီ ပ႐ိုလိဂ္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ဥေရာပမွာ ကစားခဲ့တဲ့ကာလအတြင္း စံခ်ိန္အမ်ားအျပားကို ေရးထိုးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဥေရာပကို စြန႔္ခြာဖို႔ ေ႐ြးခ်ယ္ခဲ့တာေၾကာင့္ ေရာ္နယ္လ္ဒိုရဲ႕ စံခ်ိန္အခ်ိဳ႕ဟာ ၎ရဲ႕ၿပိဳင္ဘက္ လီယြန္နယ္ မက္ဆီရဲ႕ ခ်ိဳးဖ်က္ျခင္းကိုခံရႏိုင္တယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ ခ်ိဳးဖ်က္ႏိုင္တဲ့ စံခ်ိန္ ၅ ခု ရွိေနပါတယ္။

၅။ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံး

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ဟာ သက္ဆိုင္ရာ လက္ေ႐ြးစင္အသင္းအတြက္ ေအာင္ျမင္မႈေတြ ရယူေပးထားႏိုင္ခဲ့တဲ့ ကစားသမားေတြျဖစ္ၿပီး ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီအတြက္ ၁၁၈ ဂိုး သြင္းနဲ႔ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို ေရးထိုးထားတာျဖစ္ပါတယ္။ မက္ဆီကလည္း ေတာင္အေမရိကမွာ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ အာဂ်င္တီးနားအတြက္ ၉၈ ဂိုးအထိ သြင္းယူေပးထားၿပီး အာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၇ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၃၅ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ၂၀၂၂ ခုႏွစ္မွာ ၁၄ ပြဲမွာ ၁၈ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး လက္ေ႐ြးစင္အသင္းရဲ႕ အဓိကကစားသမားအျဖစ္ ရွိေနဆဲျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုကေတာ့ ၿပီးခဲ့တဲ့လေတြမွာ ကလပ္အသင္းနဲ႔ ႏိုင္ငံအသင္းအတြက္ ကြင္းအတြင္း လႊမ္းမိုးႏိုင္စြမ္းက ေလ်ာ့က်ေနခဲ့တာျဖစ္ၿပီး ေပၚတူဂီနည္းျပသစ္ ေရာဘတ္တို မာတီနက္ဇ္ကလည္း အရင္နည္းျပ ဖာနန္ဒို ဆန္းတို႔စ္အတိုင္း အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေပၚ အားထားမႈသိပ္ရွိလာမွာမဟုတ္ေတ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ မက္ဆီအေနနဲ႔ ေရာ္နယ္လ္ဒိုရဲ႕ ႏိုင္ငံတကာသြင္းဂိုးစံခ်ိန္ကို ေက်ာ္တက္ႏိုင္ဖို႔ ျဖစ္ႏိုင္ေျခေတာ္ေတာ္ေလးမ်ားေနပါတယ္။

၄။ ခ်န္ပီယံလိဂ္ဂိုးဖန္တီးမႈ

ေရာ္နယ္လ္ဒိုဟာ ဖန္တီးႏိုင္စြမ္း အားနည္းတဲ့ကစားသမားလို႔ ေျပာၾကေပမယ့္လည္း ေပၚတူဂီတိုက္စစ္မႉးဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ ဂိုးဖန္တီးမႈ အမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနဆဲ ျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္၊ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္တို႔မွာ ကစားခဲ့တဲ့ကာလအတြင္း ဂိုးဖန္တီးမႈေတြ ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး ဥေရာပရဲ႕ထိပ္တန္းကလပ္အသင္းၿပိဳင္ပြဲမွာ စုစုေပါင္း ဂိုးဖန္တီးမႈ ၄၂ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ ေဘာလုံးသမိုင္းမွာ အၿပီးျပည့္စုံဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ ရႈျမင္ျခင္းခံခဲ့ရသူျဖစ္ၿပီး ၎ရဲ႕ ေဘာလုံးေပးပို႔ႏိုင္စြမ္းနဲ႔ ေဘာလုံးစြမ္းရည္ေတြက ကြင္းထဲက ေနရာတိုင္းမွာ ၿပိဳင္ဘက္ေတြကို ဒုကၡေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္ ကစားသမားဘဝတေလွ်ာက္ ခ်န္ပီယံလိဂ္မွာ ဂိုးဖန္တီးမႈ အႀကိမ္ ၄၀ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒိုဟာ အေရွ႕အလယ္ပိုင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီျဖစ္တာေၾကာင့္ ဥေရာပၿပိဳင္ပြဲမွာေနာက္ထပ္ ပါဝင္ကစားေပးရဖို႔မရွိေတာ့တာေၾကာင့္ အာဂ်င္တီးနားၾကယ္ပြင့္အေနနဲ႔ ၎ရဲ႕စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

၃။ ခ်န္ပီယံလိဂ္သြင္းဂိုး

ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ ၂ ဦးတည္းသာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဂိုး ၁၀၀ နဲ႔အထက္ သြင္းယူထားႏိုင္ခဲ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ဥေရာပၿပိဳင္ပြဲသမိုင္းမွာ ေရးထိုးထားတဲ့ စံခ်ိန္မွတ္တမ္းေတြေၾကာင့္ မစၥတာ ခ်န္ပီယံလိဂ္လို႔ ေခၚေဝၚျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္၊ ရီးရဲလ္မက္ဒရစ္၊ ဂ်ဴဗင္တပ္အသင္းတို႔မွာ ကစားခဲ့တဲ့ကာလအတြင္း ခ်န္ပီယံလိဂ္သြင္းဂိုး ၁၄၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး လီယြန္နယ္ မက္ဆီကလည္း ၂၀၀၄ ခုႏွစ္မွာ ပြဲဦးထြက္ကစားခဲ့ၿပီးေနာက္ပိုင္း ၁၂၉ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။ အသက္ ၃၅ ႏွစ္အ႐ြယ္သာရွိေသးတဲ့ လီယြန္နယ္ မက္ဆီဟာ ယခုရာသီ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြ ျပန္လည္စတင္ခ်ိန္မွာ ပီအက္စ္ဂ်ီအသင္းအတြက္ အဆုံးအျဖတ္ေပးႏိုင္မယ့္ကစားသမားျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

၂။ ဥေရာပကလပ္ေဘာလုံးေလာကမွာ ဂိုးသြင္းအမ်ားဆုံး

ေရာ္နယ္လ္ဒိုနဲ႔ မက္ဆီတို႔ဟာ ဥေရာပကလပ္ေဘာလုံးေလာကမွာ ဘယ္ကစားသမားမ်ိဳးထက္မဆို သြင္းဂိုးေတြ ပိုမိုသြင္းယူထားႏိုင္ခဲ့ၾကသူေတြျဖစ္ၿပီး ေရာ္နယ္လ္ဒိုကေတာ့ ဂိုးအမ်ားဆုံးသြင္းယူထားတဲ့စံခ်ိန္ကို ပိုင္ဆိုင္ထားပါတယ္။ ေရာ္နယ္လ္ဒိုဟာ ဥေရာပမွာ ကစားခဲ့တဲ့ကာလအတြင္း ကလပ္အသင္းသြင္းဂိုး ၇၀၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ဥေရာပကလပ္အသင္းအဆင့္မွာ ဂိုး ၇၀၀ ျပည့္ေျမာက္တဲ့ တစ္ဦးတည္းေသာ ကစားသမားအျဖစ္ သမိုင္းမွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီကလည္း ကလပ္အသင္းသြင္းဂိုး ၆၉၆ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္တာေၾကာင့္ ေရာ္နယ္လ္ဒိုရဲ႕ စံခ်ိန္ကို သိပ္မၾကာမီကာလအတြင္း အလြယ္တကူ ခ်ိဳးဖ်က္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

၁။ ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ ဂိုးသြင္းအမ်ားဆုံး

ေရာ္နယ္လ္ဒိုဟာ ကစားသမားဘဝ ေျခစြမ္းအျမင့္မားဆုံးအခ်ိန္တုန္းက ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ သြင္းယူခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ လိဂ္သြင္းဂိုး ၅၀၀ ျပည့္ဖို႔ နည္းနည္းေလးသာ လိုအပ္ေတာ့တာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ဥေရာပထိပ္တန္းလိဂ္ ၅ ခုထဲက ၃ ခုမွာ ကစားခဲ့ၿပီး စုစုေပါင္း သြင္းဂိုး ၄၉၅ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး လီယြန္နယ္ မက္ဆီကလည္း ၄၈၈ ဂိုးအထိ သြင္းယူထားၿပီျဖစ္တာေၾကာင့္ ေပၚတူဂီၾကယ္ပြင့္ရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ဖို႔ အခြင့္အေရးေကာင္း ရွိေနတာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.