Match Report Other Leagues
ကိုဗင်ထရီကို အနိုင်ယူပြီး လိဒ်စ်ရဲ့ တိုက်ရိုက်တန်းတက်ခွင့်ကို လုယူတော့မယ့် အစ်ဆွစ်ချ်တောင်း
အစ်ဆွစ်ချ်တောင်း အသင်းဟာ ကိုဗင်ထရီအသင်းကို အနိုင်ရရှိပြီးနောက် ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်သို့ ပြန်လည်ရောက်ရှိရန် ကြီးမားသောခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
အစ်ဆွစ်ချ်တောင်းအသင်းဟာ ရှေ့ ၃ ပွဲမှာ သရေဆက်တိုက်ကျခဲ့တဲ့အတွက် ပရီးမီးယားလိဂ် တိုက်ရိုက်တန်းတက်ခွင့်အတွက် ယခုပွဲကို သေချာအာရုံစိုက်ကစားခဲ့ပါတယ်။ ပွဲချိန် ၈ မိနစ်မှာပဲ ဘန်းစ်က ညာတောင်ပံကနေ ဂိုးဧရိယာထဲ ဆွဲယူသွားပြီး ပြန်ချိုးချပေးတဲ့ ဘောလုံးကို ဂိုးရှေ့မှာ အသင့်နေရာယူထားတဲ့ တိုက်စစ်မှူး ကီဖါ မိုးက ညာခြေနဲ့ ပိုင်ပိုင်နိုင်နိုင်အဆုံးသတ်ပြီး အစ်ဆွစ်ချ်တောင်းအတွက် ဦးဆောင် ဂိုး ရယူပေးခဲ့ပါတယ်။ ပွဲချိန် မိနစ် ၂၀ ခန့်မှာ ညာတောင်ပံကနေ အဝေးဘောနဲ့ ဘန်းစ် ဖြတ်တင်ပေးလိုက်တဲ့ ဘရုတ် ဟတ်ဒ်ခေါင်းတိုက်ပြီး ဂိုးသွင်းယူဖို့ ကြိုးစားခဲ့ပေမယ့် ကိုဗင်ထရီဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။
အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ၃ ဂိုးအရှုံးကနေ ၃ ဂိုးပြန်သွင်းယူနိုင်ခဲ့တဲ့ စိတ်ဓာတ်နဲ့ ချေပဂိုးရရှိအောင် ကိုဗင်ထရီအသင်းက ပြန်လည်တိုက်စစ်ဆင်ပြီး ဂိုးရဖို့ ကြိုးစားခဲ့ရာ အစ်ဆွစ်ချ်တောင်း နောက်တန်းနဲ့ ဂိုးသမားကာကွယ်ဖျက်ထုတ်နိုင်ခဲ့လို့ ပထမပိုင်းပြီးချိန်မှာ အစ်ဆွစ်ချ်တောင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၆၇ မိနစ်မှာ ကွင်းလယ်က ကေဆီ ပါလ်မာရဲ့ ပေးပို့မှုကို ဟာဂျီ ယိုက်က အပြင်းကန်သွင်းယူပြီး ကိုဗင်ထရီအသင်း ချေပဂိုးရရှိခဲ့ပါတယ်။ ဒီချေပဂိုးဟာ ကြာကြာမခံခဲ့ပဲ ပွဲချိန် ၆၉ မိနစ်မှာ ကိုဗင်ထရီအသင်းနောက်တန်းတွေ ပိတ်ဆို့နေတဲ့ကြားကနေ အစ်ဆွစ်ချ်တောင်း နောက်တန်းကစားသမား ဘာဂတ်စ်က ဂိုးသမားပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကို ကန်သွင်းပြီး ဂိုးသွင်းယူနိုင်ခဲ့လို့ အစ်ဆွစ်ချ်တောင်းက ၂ ဂိုး ၁ ဂိုးနဲ့ ပြန်ဦးဆောင်နိုင်ခဲ့ပါတယ်။
ပွဲပြီးဆုံးချိန်ထိ ထပ်မံဂိုးမသွင်းယူနိုင်ကြတော့ပဲ အစ်ဆွစ်ချ်တောင်းအသင်းက ၄၅ ပွဲကစားအပြီး ရမှတ် ၉၃ မှတ်ဖြင့် လိဒ်စ်ယူနိုက်တက်ကို ကျော်တက်ကာ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းပြန်တက်ဖို့ အခွင့်အရေးကောင်းရရှိသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် ယူ-၁၈ နည်းပြဟောင်း ကီရန် မက်ကန်နာ ကိုင်တွယ်တဲ့ အစ်ဆွစ်ချ်တောင်းအသင်းအနေဖြင့် နောက်ဆုံးပွဲစဉ်အဖြစ် အဆင့် ၂၃ မှ ဟက်ဒါစ်ဖီးလ်အသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး သရေ တစ်မှတ်ရရုံနဲ့ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့်ရတော့မှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပရိသတ်များနဲ့ အကျွမ်းတဝင်ရှိတဲ့ လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ အမှတ် ၉၀ သာရထားသည့်အတွက် နောက်ဆုံးပွဲစဉ်မှာ အဆင့် ၄ က ဆောက်တမ်တန်အသင်းကို အနိုင်ရခဲ့ပြီး အစ်ဆွစ်ချ်တောင်းအသင်းက ဟက်ဒါစ်ဖီးအသင်းကို ရှုံးနိမ့်မှသာ တိုက်ရိုက်တန်းတက်ဖို့ အခွင့်အရေးရရှိတော့မှာ ဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အစ်ဆွစ်ခ်ျတောင်း အသင်းဟာ ကိုဗင်ထရီအသင်းကို အနိုင်ရရှိပြီးနောက် ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်သို့ ပြန်လည်ရောက်ရှိရန် ကြီးမားသောခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို ၃ ဂိုးအရှုံးကနေ ၃ ဂိုးပြန်သွင်းယူနိုင်ခဲ့တဲ့ စိတ်ဓာတ်နဲ့ ချေပဂိုးရရှိအောင် ကိုဗင်ထရီအသင်းက ပြန်လည်တိုက်စစ်ဆင်ပြီး ဂိုးရဖို့ ကြိုးစားခဲ့ရာ အစ်ဆွစ်ခ်ျတောင်း နောက်တန်းနဲ့ ဂိုးသမားကာကွယ်ဖျက်ထုတ်နိုင်ခဲ့လို့ ပထမပိုင်းပြီးချိန်မှာ အစ်ဆွစ်ခ်ျတောင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။
ပွဲပြီးဆုံးချိန်ထိ ထပ်မံဂိုးမသွင်းယူနိုင်ကြတော့ပဲ အစ်ဆွစ်ခ်ျတောင်းအသင်းက ၄၅ ပွဲကစားအပြီး ရမှတ် ၉၃ မှတ်ဖြင့် လိဒ်စ်ယူနိုက်တက်ကို ကျော်တက်ကာ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းပြန်တက်ဖို့ အခွင့်အရေးကောင်းရရှိသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် ယူ-၁၈ နည်းပြဟောင်း ကီရန် မက်ကန်နာ ကိုင်တွယ်တဲ့ အစ်ဆွစ်ခ်ျတောင်းအသင်းအနေဖြင့် နောက်ဆုံးပွဲစဉ်အဖြစ် အဆင့် ၂၃ မှ ဟက်ဒါစ်ဖီးလ်အသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး သရေ တစ်မှတ်ရရုံနဲ့ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့်ရတော့မှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပရိသတ်များနဲ့ အကျွမ်းတဝင်ရှိတဲ့ လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ အမှတ် ၉၀ သာရထားသည့်အတွက် နောက်ဆုံးပွဲစဉ်မှာ အဆင့် ၄ က ဆောက်တမ်တန်အသင်းကို အနိုင်ရခဲ့ပြီး အစ်ဆွစ်ခ်ျတောင်းအသင်းက ဟက်ဒါစ်ဖီးအသင်းကို ရှုံးနိမ့်မှသာ တိုက်ရိုက်တန်းတက်ဖို့ အခွင့်အရေးရရှိတော့မှာ ဖြစ်ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.