Other Leagues

နည်းပြခုံမှာ ဖင်မပူသေးခင် ထုတ်ခံရတော့မယ့် ဝိန်း ရူနီ

ချန်ပီယံရှစ်မှာ ရုန်းကန်နေရတဲ့ ဘာမင်ဟမ် စီးတီးဟာ နည်းပြ ဝိန်း ရူနီကို ထုတ်ပယ်ဖို့ စဉ်းစားနေပြီး အစားထိုးခန့်အပ်မယ့်သူကို သတ်မှတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဝိန်း ရူနီဟာ အောက်တိုဘာလအစကမှ ဂျွန် ယူးစတက်စ်ရဲ့ နေရာမှာ နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပြီး ယူးစတက်စ်ဟာ ဘာမင်ဟမ်ကို အဖွင့် ၁၁ ပွဲမှာ ၅ ပွဲနိုင်ပွဲရအောင် စွမ်းဆောင်ပေးနိင်ခဲ့ပြီးနောက် အဆင့် ၆ နေရာမှာ ရပ်တည်နိုင်စေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယူးစတက်စ်ရဲ့ ၁၅ လကြာ နည်းပြဘဝဟာ စိတ်ပျက်ဖွယ် အဆုံးသတ်ခဲ့တာဖြစ်ပြီး နောက်ထပ် ၂ ရက်အကြာမှာ ဝိန်း ရူနီကို ဘာမင်ဟမ်က ၃ နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဝိန်း ရူနီက နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီးနောက်ပိုင်း အသင်းကို တိုးတက်အောင် ကူညီပေးသွားမယ်လို့ ကတိပြုခဲ့တာဖြစ်ပြီး အသင်းမှာ အောင်ပွဲရ အစဉ်အလာတစ်ခု ဖန်တီးသွားမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဝိန်း ရူနီဟာ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ပထမဆုံး ၁၃ ပွဲမှာ ၂ ပွဲသာ နိုင်ပွဲရခဲ့ပြီးနောက် ဘာမင်ဟမ်ဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေရပြီး တန်းဆင်းဇုန်နဲ့ ၇ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။

အဲဒီလို ဆိုးရွားတဲ့ ရလဒ်တွေကြောင့် ဘာမင်ဟမ်ဟာ ဝိန်း ရူနီရဲ့ နေရာမှာ အစားထိုးခန့်အပ်မယ့်နည်းပြကို စတင်ရှာဖွေခဲ့ပြီး The Sun ရဲ့ ဖော်ပြချက်အရ နော်တင်ဟမ်ဖောရက်စ် နည်းပြ စတိဗ် ကူးပါးကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ချန်ပီယံရှစ်ကလပ်ဟာ ဝိန်း ရူနီကို လာမယ့်ရက်ပိုင်းအတွင်းမှာ ထုတ်ပယ်ဖို့ အစီအစဉ် မရှိသေးပေမယ့်လည်း ရလဒ်တွေသာ ဆက်လက် ဆိုးရွားနေမယ်ဆိုရင်တော့ အမြန်ဆုံး ထုတ်ပယ်သွားမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်န္ပီယံရွစ္မွာ ႐ုန္းကန္ေနရတဲ့ ဘာမင္ဟမ္ စီးတီးဟာ နည္းျပ ဝိန္း ႐ူနီကို ထုတ္ပယ္ဖို႔ စဥ္းစားေနၿပီး အစားထိုးခန႔္အပ္မယ့္သူကို သတ္မွတ္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ဝိန္း ႐ူနီဟာ ေအာက္တိုဘာလအစကမွ ဂြၽန္ ယူးစတက္စ္ရဲ႕ ေနရာမွာ နည္းျပသစ္အျဖစ္ အစားထိုးခန႔္အပ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ယူးစတက္စ္ဟာ ဘာမင္ဟမ္ကို အဖြင့္ ၁၁ ပြဲမွာ ၅ ပြဲႏိုင္ပြဲရေအာင္ စြမ္းေဆာင္ေပးနိင္ခဲ့ၿပီးေနာက္ အဆင့္ ၆ ေနရာမွာ ရပ္တည္ႏိုင္ေစခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ယူးစတက္စ္ရဲ႕ ၁၅ လၾကာ နည္းျပဘဝဟာ စိတ္ပ်က္ဖြယ္ အဆုံးသတ္ခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ၂ ရက္အၾကာမွာ ဝိန္း ႐ူနီကို ဘာမင္ဟမ္က ၃ ႏွစ္ခြဲစာခ်ဳပ္နဲ႔ ေခၚယူခဲ့တာ ျဖစ္ပါတယ္။ ဝိန္း ႐ူနီက နည္းျပသစ္အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရၿပီးေနာက္ပိုင္း အသင္းကို တိုးတက္ေအာင္ ကူညီေပးသြားမယ္လို႔ ကတိျပဳခဲ့တာျဖစ္ၿပီး အသင္းမွာ ေအာင္ပြဲရ အစဥ္အလာတစ္ခု ဖန္တီးသြားမယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဝိန္း ႐ူနီဟာ နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ခဲ့တဲ့ ပထမဆုံး ၁၃ ပြဲမွာ ၂ ပြဲသာ ႏိုင္ပြဲရခဲ့ၿပီးေနာက္ ဘာမင္ဟမ္ဟာ လက္ရွိ အမွတ္ေပးဇယား အဆင့္ ၁၉ ေနရာမွာ ရပ္တည္ေနရၿပီး တန္းဆင္းဇုန္နဲ႔ ၇ မွတ္သာ ကြာဟေတာ့တာျဖစ္ပါတယ္။

အဲဒီလို ဆိုး႐ြားတဲ့ ရလဒ္ေတြေၾကာင့္ ဘာမင္ဟမ္ဟာ ဝိန္း ႐ူနီရဲ႕ ေနရာမွာ အစားထိုးခန႔္အပ္မယ့္နည္းျပကို စတင္ရွာေဖြခဲ့ၿပီး The Sun ရဲ႕ ေဖာ္ျပခ်က္အရ ေနာ္တင္ဟမ္ေဖာရက္စ္ နည္းျပ စတိဗ္ ကူးပါးကို ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ခ်န္ပီယံရွစ္ကလပ္ဟာ ဝိန္း ႐ူနီကို လာမယ့္ရက္ပိုင္းအတြင္းမွာ ထုတ္ပယ္ဖို႔ အစီအစဥ္ မရွိေသးေပမယ့္လည္း ရလဒ္ေတြသာ ဆက္လက္ ဆိုး႐ြားေနမယ္ဆိုရင္ေတာ့ အျမန္ဆုံး ထုတ္ပယ္သြားမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.