Other Leagues

၁၅ ပွဲပဲ နည်းပြခွင့်ပေးပြီး အရှက်ခွဲခဲ့တဲ့ ဘာမင်ဟမ်ကို တုံ့ပြန်လိုက်တဲ့ ဝိန်း ရူနီ

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီဟာ ဘာမင်ဟမ် စီးတီးနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မေ့ပျောက်နိုင်ဖို့ အချိန်အနည်းငယ်ယူရလိမ့်မယ်လို့ ပြောဆိုခဲ့ပြီး အချိန်အနည်းငယ်သာ နည်းပြခွင့်ပေးခဲ့တဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပါတယ်။

လူသိများထင်ရှားတဲ့ ဂျွန် ယူးစတက်စ်လက်အောက်မှာ ချန်ပီယံရှစ်ကလပ်ဟာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပေမယ့်လည်း အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူးဟောင်းကို အောက်တိုဘာလမှာ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ဘာမင်ဟမ်စီးတီးဟာ အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဝိန်း ရူနီ နည်းပြခဲ့တဲ့ ၁၅ ပွဲအတွင်းမှာ ၂ ပွဲသာ နိုင်ပွဲရရှိခဲ့ပြီးနောက် ဘာမင်ဟမ်စီးတီးဟာ အဆင့် ၂၀ နေရာအထိ ကျဆင်းသွားခဲ့ပြီး ၂၀၂၄ ခုနှစ်ရဲ့ ပထမဆံးနေ့မှာ လိဒ်စ်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဘာမင်ဟမ်စီးတီးဟာ အဲဒီပွဲအပြီး အင်္ဂါနေ့နံနက်မှာ ဝိန်း ရူနီနဲ့ လမ်းခွဲလိုက်ပြီဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး အသက် ၃၈ နှစ်အရွယ် နည်းပြက အသင်းကို အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးခဲ့ပေမယ့်လည်း အသင်းကို အပြောင်းအလဲတွေ ပြုလုပ်ဖို့ အချိန်အနည်းငယ်သာပေးခဲ့တာကို မကျေမနပ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် တွမ် ဝက်ဂ်နာ၊ တွမ် ဘရက်ဒီ၊ ဂယ်ရီ ကွတ်ခ်တို့ကို ဘာမင်ဟမ်စီးတီးအသင်းကို ကိုင်တွယ်ခွင့်ပေးခဲ့ပြီး အသင်းနဲ့ ရှိနေခဲ့တဲ့ တိုတောင်းတဲ့ကာလအတွင်း ကျွန်တော့်ကို အားပေးထောက်ခံခဲ့တဲ့အတွက် ကျေးဇူးတင်စကားပြောချင်ပါတယ်။ ဘောလုံးက ရလဒ်ကိုကြည့်တဲ့ လုပ်ငန်းတစ်ခုပါ။ ကျွန်တော် သူတို့ကို ရှိစေချင်ခဲ့တဲ့အဆင့်အတန်းမှာ မရှိခဲ့ဘူးဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့်လည်း အချိန်ဆိုတာက နည်းပြတစ်ယောက် လိုအပ်တဲ့ တန်ဖိုးအရှိဆုံးအရာဖြစ်ပြီး လိုအပ်တဲ့ အပြောင်းအလဲတွေကို လုပ်ဖို့ ၁၃ ပတ်က လုံလောက်တယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ ကျွန်တော့် တစ်ဦးတည်းအမြင်အရ ဒီစိတ်ပျက်စရာကနေ ကျော်ဖြတ်နိုင်ဖို့အတွက် အချိန်အနည်းငယ်ယူရပါလိမ့်မယ်။ ကျွန်တော်က ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ ကစားသမားအဖြစ်ရော နည်းပြအဖြစ်ပါ ပါဝင်ပတ်သက်ခဲ့ပြီး ၁၆ နှစ်သားကတည်းက ဒီလောကထဲမှာရှိနေခဲ့တာပါ။ အခု နည်းပြအဖြစ်နဲ့ နောက်ထပ် အခွင့်အလမ်းသစ်အတွက် ကြိုတင်ပြင်ဆင်သွားမှာဖြစ်ပြီး ကျွန်တော့်မိသားစုကို အချိန်ပေးသွားဖို့ စီစဉ်ထားပါတယ်။ နောက်ဆုံးတော့ ဘာမင်ဟမ်စီးတီးနဲ့ အသင်းပိုင်ရှင်တွေကို သူတို့ရဲ့ ရည်မှန်းချက်အတိုင်း ရရှိအောင် ကြိုးပမ်းမှုမှာ အကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဝိန္း ႐ူနီဟာ ဘာမင္ဟမ္ စီးတီးနည္းျပအျဖစ္ကေန ထုတ္ပယ္ခံခဲ့ရမႈနဲ႔ပတ္သက္ၿပီး ေမ့ေပ်ာက္ႏိုင္ဖို႔ အခ်ိန္အနည္းငယ္ယူရလိမ့္မယ္လို႔ ေျပာဆိုခဲ့ၿပီး အခ်ိန္အနည္းငယ္သာ နည္းျပခြင့္ေပးခဲ့တဲ့ဆုံးျဖတ္ခ်က္ကို ေဝဖန္ခဲ့ပါတယ္။

လူသိမ်ားထင္ရွားတဲ့ ဂြၽန္ ယူးစတက္စ္လက္ေအာက္မွာ ခ်န္ပီယံရွစ္ကလပ္ဟာ စြမ္းေဆာင္ရည္ေကာင္းျပသႏိုင္ခဲ့ေပမယ့္လည္း အဂၤလန္ဂႏၲဝင္တိုက္စစ္မႉးေဟာင္းကို ေအာက္တိုဘာလမွာ နည္းျပသစ္အျဖစ္ ခန႔္အပ္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္တုန္းက ဘာမင္ဟမ္စီးတီးဟာ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဝိန္း ႐ူနီ နည္းျပခဲ့တဲ့ ၁၅ ပြဲအတြင္းမွာ ၂ ပြဲသာ ႏိုင္ပြဲရရွိခဲ့ၿပီးေနာက္ ဘာမင္ဟမ္စီးတီးဟာ အဆင့္ ၂၀ ေနရာအထိ က်ဆင္းသြားခဲ့ၿပီး ၂၀၂၄ ခုႏွစ္ရဲ႕ ပထမဆံးေန႔မွာ လိဒ္စ္ယူႏိုက္တက္ကို ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဘာမင္ဟမ္စီးတီးဟာ အဲဒီပြဲအၿပီး အဂၤါေန႔နံနက္မွာ ဝိန္း ႐ူနီနဲ႔ လမ္းခြဲလိုက္ၿပီျဖစ္တယ္လို႔ အတည္ျပဳခဲ့ၿပီး အသက္ ၃၈ ႏွစ္အ႐ြယ္ နည္းျပက အသင္းကို အေကာင္းဆုံးျဖစ္ဖို႔ ဆုေတာင္းေပးခဲ့ေပမယ့္လည္း အသင္းကို အေျပာင္းအလဲေတြ ျပဳလုပ္ဖို႔ အခ်ိန္အနည္းငယ္သာေပးခဲ့တာကို မေက်မနပ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ တြမ္ ဝက္ဂ္နာ၊ တြမ္ ဘရက္ဒီ၊ ဂယ္ရီ ကြတ္ခ္တို႔ကို ဘာမင္ဟမ္စီးတီးအသင္းကို ကိုင္တြယ္ခြင့္ေပးခဲ့ၿပီး အသင္းနဲ႔ ရွိေနခဲ့တဲ့ တိုေတာင္းတဲ့ကာလအတြင္း ကြၽန္ေတာ့္ကို အားေပးေထာက္ခံခဲ့တဲ့အတြက္ ေက်းဇူးတင္စကားေျပာခ်င္ပါတယ္။ ေဘာလုံးက ရလဒ္ကိုၾကည့္တဲ့ လုပ္ငန္းတစ္ခုပါ။ ကြၽန္ေတာ္ သူတို႔ကို ရွိေစခ်င္ခဲ့တဲ့အဆင့္အတန္းမွာ မရွိခဲ့ဘူးဆိုတာကို ကြၽန္ေတာ္ သိပါတယ္။ ဒါေပမယ့္လည္း အခ်ိန္ဆိုတာက နည္းျပတစ္ေယာက္ လိုအပ္တဲ့ တန္ဖိုးအရွိဆုံးအရာျဖစ္ၿပီး လိုအပ္တဲ့ အေျပာင္းအလဲေတြကို လုပ္ဖို႔ ၁၃ ပတ္က လုံေလာက္တယ္လို႔ ကြၽန္ေတာ္ မယုံၾကည္ပါဘူး။ ကြၽန္ေတာ့္ တစ္ဦးတည္းအျမင္အရ ဒီစိတ္ပ်က္စရာကေန ေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္ အခ်ိန္အနည္းငယ္ယူရပါလိမ့္မယ္။ ကြၽန္ေတာ္က ပေရာ္ဖက္ရွင္နယ္ေဘာလုံးေလာကမွာ ကစားသမားအျဖစ္ေရာ နည္းျပအျဖစ္ပါ ပါဝင္ပတ္သက္ခဲ့ၿပီး ၁၆ ႏွစ္သားကတည္းက ဒီေလာကထဲမွာရွိေနခဲ့တာပါ။ အခု နည္းျပအျဖစ္နဲ႔ ေနာက္ထပ္ အခြင့္အလမ္းသစ္အတြက္ ႀကိဳတင္ျပင္ဆင္သြားမွာျဖစ္ၿပီး ကြၽန္ေတာ့္မိသားစုကို အခ်ိန္ေပးသြားဖို႔ စီစဥ္ထားပါတယ္။ ေနာက္ဆုံးေတာ့ ဘာမင္ဟမ္စီးတီးနဲ႔ အသင္းပိုင္ရွင္ေတြကို သူတို႔ရဲ႕ ရည္မွန္းခ်က္အတိုင္း ရရွိေအာင္ ႀကိဳးပမ္းမႈမွာ အေကာင္းဆုံးျဖစ္ပါေစလို႔ ကြၽန္ေတာ္ ဆုေတာင္းေပးလိုက္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.