Match Report Other Leagues

နောဝစ်ချ်ကို ဂိုးပြတ်တီးပြီး ဝင်ဘလေက ပလေးအော့ဖ်ဗိုလ်လုပွဲတက်ခွင့်ရခဲ့တဲ့ လိဒ်စ်

လိဒ်စ်ယူနိုက်တက်ဟာ ကြာသပတေးနေ့ညက နောဝစ်ချ်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၄-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ပလေးအော့ဖ်ကနေတဆင့် ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ဖို့အတွက် ဝင်ဘလေကို သွားခွင့်ရခဲ့ပြီဖြစ်ပါတယ်။

ဒန်နီရယ် ဖာ့ခ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ၇ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲရရှိခဲ့ပေမယ့်လည်း ဒီအံ့အားသင့်ဖွယ်နိုင်ပွဲကြောင့် ချန်ပီယံရှစ် ပလေးအော့ဖ်ဗိုလ်လုပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်ရဲ့ အသင်းလိုက် ကစားပုံက အလွန်ကောင်းမွန်ခဲ့ပြီး အဲလန်းရုဒ်မှာ နော်ဝစ်ချ်စီးတီးကို အဘက်ဘက်က အသာစီးရယူပြီး အကောင်းဆုံးပုံစံနဲ့ ကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း ၇ မိနစ်မှာပဲ အီလီယာ ဂရုဗ်က အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး မိနစ် ၂၀ မှာ ဂျိုရယ် ပီရိုးက လိဒ်စ်ယူနိုက်တက်အတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ပြီးဆုံးခါနီး ၅ မိနစ်အလိုမှာ လိဒ်စ်ယူနိုက်တက်အတွက် ပွဲပြတ်သွားစေမယ့် နောက်ထပ် ဦးဆောင်ဂိုးကို ဂျော်ဂျီနီယို ရက်တာက သွင်းယူပေးသွားခဲ့ပြီး ပထမပိုင်းအပြီးမှာပဲ ၃-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း နော်ဝစ်ချ်စီးတီးတို့ ဘယ်လိုမှ ပြန်မလာနိုင်ခဲ့ဘဲ ၆၈ မိနစ်မှာ ဆမ်းမားဗီးက လိဒ်စ်ယူနိုက်တက်တို့အတွက် စတုတ္ထမြောက်နဲ့ နောက်ဆုံး သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ၄-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ချန်ပီယံရှစ် အဆင့် ၃ နေရာမှာ ရာသီပြီးဆုံးနိုင်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ ဝင်ဘလေမှာ ပလေးအော့ဖ် ဗိုလ်လုပွဲအဖြစ် ဆောက်သမ်တန်(သို့)ဝက်စ်ဘရွန်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လိဒ္စ္ယူႏိုက္တက္ဟာ ၾကာသပေတးေန႔ညက ေနာဝစ္ခ်္စီးတီးနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ၄-၀ နဲ႔ ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီး ပေလးေအာ့ဖ္ကေနတဆင့္ ပရီးမီးယားလိဂ္ကို တန္းျပန္တက္ႏိုင္ဖို႔အတြက္ ဝင္ဘေလကို သြားခြင့္ရခဲ့ၿပီျဖစ္ပါတယ္။

ဒန္နီရယ္ ဖာ့ခ္ရဲ႕ အသင္းဟာ ၿပီးခဲ့တဲ့ ၇ ပြဲမွာ ၁ ပြဲသာ ႏိုင္ပြဲရရွိခဲ့ေပမယ့္လည္း ဒီအံ့အားသင့္ဖြယ္ႏိုင္ပြဲေၾကာင့္ ခ်န္ပီယံရွစ္ ပေလးေအာ့ဖ္ဗိုလ္လုပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ လိဒ္စ္ယူႏိုက္တက္ရဲ႕ အသင္းလိုက္ ကစားပုံက အလြန္ေကာင္းမြန္ခဲ့ၿပီး အဲလန္း႐ုဒ္မွာ ေနာ္ဝစ္ခ်္စီးတီးကို အဘက္ဘက္က အသာစီးရယူၿပီး အေကာင္းဆုံးပုံစံနဲ႔ ကစားသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပထမပိုင္း ၇ မိနစ္မွာပဲ အီလီယာ ဂ႐ုဗ္က အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး မိနစ္ ၂၀ မွာ ဂ်ိဳရယ္ ပီ႐ိုးက လိဒ္စ္ယူႏိုက္တက္အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း ၿပီးဆုံးခါနီး ၅ မိနစ္အလိုမွာ လိဒ္စ္ယူႏိုက္တက္အတြက္ ပြဲျပတ္သြားေစမယ့္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ေဂ်ာ္ဂ်ီနီယို ရက္တာက သြင္းယူေပးသြားခဲ့ၿပီး ပထမပိုင္းအၿပီးမွာပဲ ၃-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း ေနာ္ဝစ္ခ်္စီးတီးတို႔ ဘယ္လိုမွ ျပန္မလာႏိုင္ခဲ့ဘဲ ၆၈ မိနစ္မွာ ဆမ္းမားဗီးက လိဒ္စ္ယူႏိုက္တက္တို႔အတြက္ စတုတၳေျမာက္နဲ႔ ေနာက္ဆုံး သြင္းဂိုးကို သြင္းယူေပးခဲ့ၿပီး ၄-၀ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။ ခ်န္ပီယံရွစ္ အဆင့္ ၃ ေနရာမွာ ရာသီၿပီးဆုံးႏိုင္ခဲ့တဲ့ လိဒ္စ္ယူႏိုက္တက္အသင္းဟာ လာမယ့္ တနဂၤေႏြေန႔ ဝင္ဘေလမွာ ပေလးေအာ့ဖ္ ဗိုလ္လုပြဲအျဖစ္ ေဆာက္သမ္တန္(သို႔)ဝက္စ္ဘ႐ြန္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.