Other Leagues

အယ်လ် အစ်တီဟတ်ပရိသတ်တွေရဲ့ လှောင်ပြောင်တာခံခဲ့ရတဲ့ ရော်နယ်လ်ဒို

အယ်လ် အစ်တီဟတ်ပရိသတ်တွေဟာ အယ်လ် နက်ဆာအသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ၎င်းရဲ့ ပြိုင်ဘက် လီယွန်နယ် မက်ဆီရဲ့ နာမည်ကို ကြွေးကြော်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။

ဒီဖြစ်စဉ်ဟာ ကြာသပတေးနေ့ညက ဆော်ဒီ စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ် နက်ဆာနဲ့ အယ်လ် အစ်တီဟတ်တို့ တွေ့ဆုံခဲ့တဲ့အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စပါးစ်နည်းပြဟောင်း နူနို ဆန်တိုက ကိုင်တွယ်နေတဲ့ အယ်လ် အစ်တီဟတ်အသင်းက ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့ပြီးကတည်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုတွေ ခံခဲ့ရပေမယ့်လည်း အယ်လ် အစ်တီဟတ်ပရိသတ်တွေကတော့ ပေါ်တူဂီတိုက်စစ်မှူးကို မတူညီတဲ့ ကြိုဆိုမှု ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးကို ဒေါသထွက်အောင် လီယွန်နယ် မက်ဆီရဲ့ နာမည်ကို ကြွေးကြော်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် အစ်တီဟတ်နဲ့ ကစားခဲ့တဲ့ ဆော်ဒီ စူပါဖလားပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် ဂိုးပေါက်ရှာမတွေ့ခဲ့ဘဲ အယ်လ် နက်ဆာအတွက် ပွဲဦးထွက်ပါဝင်ကစားပြီးကတည်းက ၂ ပွဲစလုံးမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

အယ်လ် အစ်တီဟတ်က ရူဒီ ဂါစီယာရဲ့အသင်းကို ပထမပိုင်းအတွင်း ၎င်းတို့ရဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကနေတဆင့် နှိပ်စက်ခဲ့တာဖြစ်ပြီး ရိုမာရင်ညိုက အိမ်ရှင်တွေအတွက် ၁၅ မိနစ်မှာ အဖွင့်ဂိုးကို သွင်းယူခဲ့ပြီးနောက် ၄၃ မိနစ်မှာ အက်ဘ်ဒရာဇက် ဟမ်ဒါလာလ်က ခေါင်းတိုက်သွင်းဂိုးနဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

အန်ဒါဆန် တာလစ်စ်ကာက ဂါစီယာရဲ့အသင်းကို ပြန်လာနိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်သန်းစေခဲ့တဲ့ ချေပဂိုးကို ၆၇ မိနစ်မှာ သွင်းယူပေးနိုင်ခြ့ပေမယ့်လည်း မူဟန်နဒ် အယ်လ်-ရှန်ကီးတီက ဒုတိယပိုင်း နာကျင်အချိန်ပိုမှာ အနိုင်အရှုံးသဲကွဲသွားစေမယ့် တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုနဲ့ အယ်လ် နက်ဆာအသင်းသားတွေဟာ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ အယ်လ် ဖာတက်အသင်းကို ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂါစီယာရဲ့အသင်းဟာ လက်ရှိမှာ ဆော်ဒီ ပရိုလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးမှာ ၁၄ ပွဲကနေ ၃၃ မှတ်နဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

အယ္လ္ အစ္တီဟတ္ပရိသတ္ေတြဟာ အယ္လ္ နက္ဆာအသင္းေခါင္းေဆာင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ၎ရဲ႕ ၿပိဳင္ဘက္ လီယြန္နယ္ မက္ဆီရဲ႕ နာမည္ကို ေႂကြးေၾကာ္ၿပီး တိုက္ခိုက္ခဲ့ၾကပါတယ္။

ဒီျဖစ္စဥ္ဟာ ၾကာသပေတးေန႔ညက ေဆာ္ဒီ စူပါဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာ အယ္လ္ နက္ဆာနဲ႔ အယ္လ္ အစ္တီဟတ္တို႔ ေတြ႕ဆုံခဲ့တဲ့အခ်ိန္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး စပါးစ္နည္းျပေဟာင္း ႏူႏို ဆန္တိုက ကိုင္တြယ္ေနတဲ့ အယ္လ္ အစ္တီဟတ္အသင္းက ၃-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက လႈိက္လႈိက္လွဲလွဲ ႀကိဳဆိုမႈေတြ ခံခဲ့ရေပမယ့္လည္း အယ္လ္ အစ္တီဟတ္ပရိသတ္ေတြကေတာ့ ေပၚတူဂီတိုက္စစ္မႉးကို မတူညီတဲ့ ႀကိဳဆိုမႈ ျပဳလုပ္ခဲ့တာျဖစ္ၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ေဒါသထြက္ေအာင္ လီယြန္နယ္ မက္ဆီရဲ႕ နာမည္ကို ေႂကြးေၾကာ္ခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္ အစ္တီဟတ္နဲ႔ ကစားခဲ့တဲ့ ေဆာ္ဒီ စူပါဖလားပြဲစဥ္မွာ ေနာက္ထပ္တစ္ႀကိမ္ ဂိုးေပါက္ရွာမေတြ႕ခဲ့ဘဲ အယ္လ္ နက္ဆာအတြက္ ပြဲဦးထြက္ပါဝင္ကစားၿပီးကတည္းက ၂ ပြဲစလုံးမွာ ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့တာ ျဖစ္ပါတယ္။

အယ္လ္ အစ္တီဟတ္က ႐ူဒီ ဂါစီယာရဲ႕အသင္းကို ပထမပိုင္းအတြင္း ၎တို႔ရဲ႕ လ်င္ျမန္တဲ့ တန္ျပန္တိုက္စစ္ကေနတဆင့္ ႏွိပ္စက္ခဲ့တာျဖစ္ၿပီး ႐ိုမာရင္ညိဳက အိမ္ရွင္ေတြအတြက္ ၁၅ မိနစ္မွာ အဖြင့္ဂိုးကို သြင္းယူခဲ့ၿပီးေနာက္ ၄၃ မိနစ္မွာ အက္ဘ္ဒရာဇက္ ဟမ္ဒါလာလ္က ေခါင္းတိုက္သြင္းဂိုးနဲ႔ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

အန္ဒါဆန္ တာလစ္စ္ကာက ဂါစီယာရဲ႕အသင္းကို ျပန္လာႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္သန္းေစခဲ့တဲ့ ေခ်ပဂိုးကို ၆၇ မိနစ္မွာ သြင္းယူေပးႏိုင္ျခ့ေပမယ့္လည္း မူဟန္နဒ္ အယ္လ္-ရွန္ကီးတီက ဒုတိယပိုင္း နာက်င္အခ်ိန္ပိုမွာ အႏိုင္အရႈံးသဲကြဲသြားေစမယ့္ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ အယ္လ္ နက္ဆာအသင္းသားေတြဟာ ေဖေဖာ္ဝါရီ ၃ ရက္ေန႔မွာ အယ္လ္ ဖာတက္အသင္းကို ေဆာ္ဒီပ႐ိုလိဂ္ပြဲစဥ္အျဖစ္ အေဝးကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဂါစီယာရဲ႕အသင္းဟာ လက္ရွိမွာ ေဆာ္ဒီ ပ႐ိုလိဂ္အမွတ္ေပးဇယား ထိပ္ဆုံးမွာ ၁၄ ပြဲကေန ၃၃ မွတ္နဲ႔ ဦးေဆာင္ေနတာ ျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.