La Liga Match Report

စိတ်ဓာတ်အင်အားချင်း ကွာခြားမှုနဲ့ တီကို,ကို အချိန်ပိုမှာ အနိုင်ယူခဲ့တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ နာချို ဖာနန်ဒက်ဇ်၊ အယ်ဒါ မီလီတို၊ ရူဒီဂါနဲ့ ဖယ်လွန် မန်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ တိုနီ ခရူးစ်၊ ကာမာဗင်ဂါနဲ့ မိုဒရစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဗယ်လ်ဗာဒီ၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ဘင်ဇီးမားတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အက်သလက်တီကို မက်ဒရစ်အသင်းကတော့ ဂိုးသမား အော့ဘ်လက်ခ်၊ ခံစစ်မှာ ဆာဗစ်ချ်၊ ဟာမိုဆို၊ မန်ဒါဗာနဲ့ မိုလီနာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကိုကီ၊ ဒီပေါလ်နဲ့ လီမာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ကော်ရီးယား၊ ဂရစ်ဇ်မန်းနဲ့ မိုရာတာတို့ကို ပွဲထွက်စေခဲ့တာပါ။

ပွဲစကတည်းက ဘောလုံးကိုင်ပြီး ဖိကစားခဲ့တဲ့ ရီးရဲလ်နဲ့ တန်ပြန်တိုက်စစ်ကို အားပြုခဲ့တဲ့ တီကိုတို့ ပွဲကို ချဉ်းကပ်ပုံနဲ့ စိတ်နေစိတ်ထားပိုင်းမှာ သိသိသာသာ ကွဲပြားခြားနားခဲ့ပြီး အိမ်ရှင်တွေက ကစားကွက်ကို ဦးစားပေးခဲ့ချိန်မှာ ဧည့်သည်တွေကတော့ တစ်ဖက်တိုက်စစ်ကို ခပ်ကြမ်းကြမ်း ရိုက်ချိုးပြီး ကောင်တာရှာဖို့ပဲ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာ ဆီမီယွန်နီရဲ့ လူတွေ အဖွင့်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ကိုကီရဲ့ ညာခြမ်းကို ထုတ်ပေးလိုက်တဲ့ ဘောလုံးကို နောက်ခံလူ မိုလီနာက ဂိုးရှေ့ကို တိတိကျကျ ဖြတ်ပို့ပေးနိုင်ခဲ့တာကနေ တိုက်စစ်မှူး မိုရာတာက ရီးရဲလ်နောက်ခံလူတွေကြားက အချိန်ကိုက် ပြေးဝင်ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ဒီနောက်မှာ ရီးရဲလ်တို့ဘက်က တိုနီ ခရူးစ်ရဲ့ ဖရီးကစ်က အပိုင်အခွင့်အရေးကို မီလီတို ခေါင်းချော်တိုက်ခဲ့လို့ စိတ်ပျက်ခဲ့ရသလို ပွဲချိန် ၄၄ မိနစ်မှာတော့ ဒဏ်ရာရသွားတဲ့ နောက်ခံလူ မန်ဒီအစား ထည့်သွင်းဖို့ ဘယ်နောက်ခံလူ အပိုမရှိတော့တာကြောင့် ဒါနီ စီဘာယော့စ်နဲ့လဲပြီး ကာမာဗင်ဂါကို ဘယ်နောက်ခံအဖြစ် ပြောင်းကစားခိုင်းခဲ့ရပါတယ်။

ပထမပိုင်းကို အက်သလက်တီကိုတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ရီးရဲလ်တို့ တောင်ပံတွေကနေ သွက်လက်စွာ ထိုးဖောက်နေခဲ့ကြတာကြောင့် တစ်ဖက်ကစားသမားတွေ အဝါထိများလာခဲ့သလို ဧည့်သည်တွေ ခံစစ်ကို အားပြုနေခဲ့ရပြီး ဘင်ဇီးမားရဲ့ အခွင့်အရေး တစ်ကြိမ်ကိုတော့ ဂိုးသမား အော့ဘ်လက်ခ်က သတိမလစ်ဘဲ ကာကွယ်သွားခဲ့တာပါ။

ပွဲချိန် ၆၃ မိနစ်မှာတော့ တီကိုတို့ဘက်က မိုရာတာအစား ဗစ်ဆယ်လ်ကို ထည့်သွင်းခဲ့ရာမှာတော့ တိုက်စစ်အား လျော့ကျသွားခဲ့လို့ ရီးရဲလ်တို့ ပိုမိုဘောလုံးကိုင်လာနိုင်ခဲ့သလို ဗယ်လ်ဗာဒီအစား ရိုဒရီဂိုကို ထည့်သွင်းခဲ့ရာမှာတော့ ဂိုးသွင်းခွင့်တွေ ပိုရလာခဲ့ပြီး ပွဲချိန် ၇၃ မိနစ်မှာတော့ ဂရစ်ဇ်မန်းရဲ့ ဖရီးကစ်က ကောင်းခဲ့ပေမယ့် ဂိုးသမား ကူတွာ ပုတ်ထုတ်သွားနိုင်ခဲ့လို့ အိမ်ရှင်တွေ ပွဲထဲမှာ ဆက်ရှိနိုင်ခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုတို့ဘက်က လီမာ၊ ကော်ရီးယား၊ ဒီပေါလ်၊ ကိုကီနဲ့ ဂရစ်ဇ်မန်းတို့အစား ကာရက်စ်ကို၊ ဒီပိုင်း၊ ကွန်ဒေါ့ဘီယာ၊ ဆာအူးလ် ညီးရက်ဇ်နဲ့ လူငယ်ကြယ်ပွင့်သစ် ပါဘလို ဘာရီယို့စ်တို့ကို လူစားလဲခဲ့သလို ရီးရဲလ်တို့ဘက်ကတော့ တိုနီ ခရူးစ်အစား တောင်ပံသမား အဆန်စီယိုကို ထည့်သွင်းခဲ့အပြီးမှာတော့ ပွဲရဲ့ ချိန်ခွင်လျှာက အိမ်ရှင်တို့ဘက် ပြောင်းလဲလာခဲ့တာပါ။

ပွဲချိန် ၇၉ မိနစ်မှာတော့ ရီးရဲလ်တို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မိုဒရစ်ချ် ပေးတာကို ခြေလေးပြီး မဖျက်နိုင်တဲ့ အက်သလက်တီကို ကစားသမား သုံးယောက်လောက်ကို လိမ်ခေါက်ပြီး ဧရိယာထဲ ဝင်လာခဲ့တဲ့ ရိုဒရီက ဗီနီးရှပ်စ်ကြောင့် ခံစစ်သမားတွေ အာရုံများနေမှုကို အခွင့်ကောင်းယူပြီး ညာခြေနဲ့ လျှပ်တစ်ပြက် ကန်သွင်းခဲ့ရာမှာ ဂိုးသမား အော့ဘ်လက်ခ် အငိုက်မိပြီး ဂိုးပြန်ပေးခဲ့ရတာဖြစ်ပါတယ်။


မိနစ် ၉၀ အပြည့်မှာတော့ တစ်ဂိုးစီ သရေကျနေခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ကြရပြီး ၉၇ မိနစ်မှာတော့ ဗီနီးရှပ်စ်ကို ခပ်ကြမ်းကြမ်း ဖျက်တဲ့ ဆာဗစ်ချ်ကြောင့် နှစ်ယောက်ငြိပြီး တစ်ဝါစီ ထိခဲ့ကြသလို ဆက်ကစားပြီး နှစ်မိနစ်အကြာမှာတော့ ကာမာဗင်ဂါကို ဘောလုံးမထိဘဲ ခြေချိတ်မိခဲ့တဲ့ ဆာဗစ်ချ်က သုံးမိနစ်အတွင်းမှာပဲ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် တီကိုတို့ ဆယ်ယောက်နဲ့ ကစားခဲ့ရပြီး နေရာလွတ်တွေ ပေါ်လာခဲ့တာပါ။

ပွဲချိန် ၁၀၄ မိနစ်မှာတော့ ရီးရဲလ်တို့ နောက်ကလိုက်ပြီး အနိုင်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ နာချိုပေးတဲ့ ဘောလုံးကို အဆန်စီယိုက ဂိုးရှေ့ ဖြတ်ပို့အပေးမှာ ဗီနီးရှပ်စ်ရဲ့ ကန်ချက်က ဘောလုံးမထိဘဲ ချော်သွားခဲ့ပေမယ့် ဘယ်အစွန်မှာ လူကပ်မခံရဘဲ လွတ်နေတဲ့ ဘင်ဇီးမားက စိတ်ကြိုက်ကန်ချက်နဲ့ တိုင်ခြေကို အပြင်းကန်သွင်းပြီး လှလှပပ အဆုံးသတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

အချိန်ပို ပထမပိုင်းမှာ ရီးရဲလ်မက်ဒရစ်တို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ဒီပိုင်းနဲ့ ကာရက်စ်ကိုတို့ ဦးဆောင်တဲ့ အက်သလက်တီကို တိုက်စစ်က အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အလောတကြီးနဲ့ ဖြုန်းတီးသွားခဲ့ကြသလို ဂိုးသမား ကူတွာနဲ့ အိမ်ရှင်ခံစစ်ကို မကျော်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ရီးရဲလ်တို့ကပဲ အနိုင်ပြတ်သားစေမယ့် တတိယဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကောင်တာကနေ စီဘာယော့စ် ခင်းပေးတာကို ဗီနီးရှပ်စ်က ဘယ်ခြမ်းကနေ ဧရိယာထဲကို ဆွဲဝင်လာပြီး ကန်ဖို့ အပေါက်ရှာခဲ့ရာမှာ ခြေကုန်သွားလို့ မဖျက်နိုင်တော့တဲ့ တီကို နောက်ခံလူ သုံးယောက်ကြားကနေ မန်ဒါဗာကို ကျော်ဖြတ်အပြီးမှာ အနိမ့်ဘော ကန်သွင်းနိုင်ခဲ့လို့ အော့ဘ်လက်ခ် စိတ်ပျက်သွားခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ရီးရဲလ်မက်ဒရစ်တို့က အက်သလက်တီကို မက်ဒရစ်တို့ကို သုံးဂိုး-တစ်ဂိုးနဲ့ Come Back နိုင်ပွဲ ရယူသွားနိုင်ခဲ့ကြသလို စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်အဆင့်ကို ဖြတ်ကျော်သွားနိုင်ခဲ့ကြပြီး ဆီမီးဖိုင်နယ်အဆင့်မှာတော့ ဘီလ်ဘာအို၊ ဘာစီလိုနာနဲ့ အိုဆာဆူနာတို့ထဲက ဘယ်အသင်းနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုတော့ တနင်္လာနေ့ မဲခွဲပွဲမှာ တွေ့ကြုံရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကူတြာ၊ ခံစစ္မွာ နာခ်ိဳ ဖာနန္ဒက္ဇ္၊ အယ္ဒါ မီလီတို၊ ႐ူဒီဂါနဲ႔ ဖယ္လြန္ မန္ဒီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ တိုနီ ခ႐ူးစ္၊ ကာမာဗင္ဂါနဲ႔ မိုဒရစ္ခ်္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဗယ္လ္ဗာဒီ၊ ဗီနီးရွပ္စ္ ဂ်ဴနီယာနဲ႔ ဘင္ဇီးမားတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ အက္သလက္တီကို မက္ဒရစ္အသင္းကေတာ့ ဂိုးသမား ေအာ့ဘ္လက္ခ္၊ ခံစစ္မွာ ဆာဗစ္ခ်္၊ ဟာမိုဆို၊ မန္ဒါဗာနဲ႔ မိုလီနာတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုကီ၊ ဒီေပါလ္နဲ႔ လီမာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ေကာ္ရီးယား၊ ဂရစ္ဇ္မန္းနဲ႔ မိုရာတာတို႔ကို ပြဲထြက္ေစခဲ့တာပါ။

ပြဲစကတည္းက ေဘာလုံးကိုင္ၿပီး ဖိကစားခဲ့တဲ့ ရီးရဲလ္နဲ႔ တန္ျပန္တိုက္စစ္ကို အားျပဳခဲ့တဲ့ တီကိုတို႔ ပြဲကို ခ်ဥ္းကပ္ပုံနဲ႔ စိတ္ေနစိတ္ထားပိုင္းမွာ သိသိသာသာ ကြဲျပားျခားနားခဲ့ၿပီး အိမ္ရွင္ေတြက ကစားကြက္ကို ဦးစားေပးခဲ့ခ်ိန္မွာ ဧည့္သည္ေတြကေတာ့ တစ္ဖက္တိုက္စစ္ကို ခပ္ၾကမ္းၾကမ္း ႐ိုက္ခ်ိဳးၿပီး ေကာင္တာရွာဖို႔ပဲ ႀကိဳးစားေနခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာ ဆီမီယြန္နီရဲ႕ လူေတြ အဖြင့္ဂိုး ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ကိုကီရဲ႕ ညာျခမ္းကို ထုတ္ေပးလိုက္တဲ့ ေဘာလုံးကို ေနာက္ခံလူ မိုလီနာက ဂိုးေရွ႕ကို တိတိက်က် ျဖတ္ပို႔ေပးႏိုင္ခဲ့တာကေန တိုက္စစ္မႉး မိုရာတာက ရီးရဲလ္ေနာက္ခံလူေတြၾကားက အခ်ိန္ကိုက္ ေျပးဝင္ကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

ဒီေနာက္မွာ ရီးရဲလ္တို႔ဘက္က တိုနီ ခ႐ူးစ္ရဲ႕ ဖရီးကစ္က အပိုင္အခြင့္အေရးကို မီလီတို ေခါင္းေခ်ာ္တိုက္ခဲ့လို႔ စိတ္ပ်က္ခဲ့ရသလို ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ဒဏ္ရာရသြားတဲ့ ေနာက္ခံလူ မန္ဒီအစား ထည့္သြင္းဖို႔ ဘယ္ေနာက္ခံလူ အပိုမရွိေတာ့တာေၾကာင့္ ဒါနီ စီဘာေယာ့စ္နဲ႔လဲၿပီး ကာမာဗင္ဂါကို ဘယ္ေနာက္ခံအျဖစ္ ေျပာင္းကစားခိုင္းခဲ့ရပါတယ္။

ပထမပိုင္းကို အက္သလက္တီကိုတို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ရီးရဲလ္တို႔ ေတာင္ပံေတြကေန သြက္လက္စြာ ထိုးေဖာက္ေနခဲ့ၾကတာေၾကာင့္ တစ္ဖက္ကစားသမားေတြ အဝါထိမ်ားလာခဲ့သလို ဧည့္သည္ေတြ ခံစစ္ကို အားျပဳေနခဲ့ရၿပီး ဘင္ဇီးမားရဲ႕ အခြင့္အေရး တစ္ႀကိမ္ကိုေတာ့ ဂိုးသမား ေအာ့ဘ္လက္ခ္က သတိမလစ္ဘဲ ကာကြယ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ တီကိုတို႔ဘက္က မိုရာတာအစား ဗစ္ဆယ္လ္ကို ထည့္သြင္းခဲ့ရာမွာေတာ့ တိုက္စစ္အား ေလ်ာ့က်သြားခဲ့လို႔ ရီးရဲလ္တို႔ ပိုမိုေဘာလုံးကိုင္လာႏိုင္ခဲ့သလို ဗယ္လ္ဗာဒီအစား ႐ိုဒရီဂိုကို ထည့္သြင္းခဲ့ရာမွာေတာ့ ဂိုးသြင္းခြင့္ေတြ ပိုရလာခဲ့ၿပီး ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ဂရစ္ဇ္မန္းရဲ႕ ဖရီးကစ္က ေကာင္းခဲ့ေပမယ့္ ဂိုးသမား ကူတြာ ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ပြဲထဲမွာ ဆက္ရွိႏိုင္ခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကိုတို႔ဘက္က လီမာ၊ ေကာ္ရီးယား၊ ဒီေပါလ္၊ ကိုကီနဲ႔ ဂရစ္ဇ္မန္းတို႔အစား ကာရက္စ္ကို၊ ဒီပိုင္း၊ ကြန္ေဒါ့ဘီယာ၊ ဆာအူးလ္ ညီးရက္ဇ္နဲ႔ လူငယ္ၾကယ္ပြင့္သစ္ ပါဘလို ဘာရီယို႔စ္တို႔ကို လူစားလဲခဲ့သလို ရီးရဲလ္တို႔ဘက္ကေတာ့ တိုနီ ခ႐ူးစ္အစား ေတာင္ပံသမား အဆန္စီယိုကို ထည့္သြင္းခဲ့အၿပီးမွာေတာ့ ပြဲရဲ႕ ခ်ိန္ခြင္လွ်ာက အိမ္ရွင္တို႔ဘက္ ေျပာင္းလဲလာခဲ့တာပါ။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ရီးရဲလ္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန မိုဒရစ္ခ်္ ေပးတာကို ေျခေလးၿပီး မဖ်က္ႏိုင္တဲ့ အက္သလက္တီကို ကစားသမား သုံးေယာက္ေလာက္ကို လိမ္ေခါက္ၿပီး ဧရိယာထဲ ဝင္လာခဲ့တဲ့ ႐ိုဒရီက ဗီနီးရွပ္စ္ေၾကာင့္ ခံစစ္သမားေတြ အာ႐ုံမ်ားေနမႈကို အခြင့္ေကာင္းယူၿပီး ညာေျခနဲ႔ လွ်ပ္တစ္ျပက္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ေအာ့ဘ္လက္ခ္ အငိုက္မိၿပီး ဂိုးျပန္ေပးခဲ့ရတာျဖစ္ပါတယ္။


မိနစ္ ၉၀ အျပည့္မွာေတာ့ တစ္ဂိုးစီ သေရက်ေနခဲ့တာေၾကာင့္ အခ်ိန္ပို ဆက္ကစားခဲ့ၾကရၿပီး ၉၇ မိနစ္မွာေတာ့ ဗီနီးရွပ္စ္ကို ခပ္ၾကမ္းၾကမ္း ဖ်က္တဲ့ ဆာဗစ္ခ်္ေၾကာင့္ ႏွစ္ေယာက္ၿငိၿပီး တစ္ဝါစီ ထိခဲ့ၾကသလို ဆက္ကစားၿပီး ႏွစ္မိနစ္အၾကာမွာေတာ့ ကာမာဗင္ဂါကို ေဘာလုံးမထိဘဲ ေျခခ်ိတ္မိခဲ့တဲ့ ဆာဗစ္ခ်္က သုံးမိနစ္အတြင္းမွာပဲ ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံခဲ့ရတာေၾကာင့္ တီကိုတို႔ ဆယ္ေယာက္နဲ႔ ကစားခဲ့ရၿပီး ေနရာလြတ္ေတြ ေပၚလာခဲ့တာပါ။

ပြဲခ်ိန္ ၁၀၄ မိနစ္မွာေတာ့ ရီးရဲလ္တို႔ ေနာက္ကလိုက္ၿပီး အႏိုင္ဂိုး ရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန နာခ်ိဳေပးတဲ့ ေဘာလုံးကို အဆန္စီယိုက ဂိုးေရွ႕ ျဖတ္ပို႔အေပးမွာ ဗီနီးရွပ္စ္ရဲ႕ ကန္ခ်က္က ေဘာလုံးမထိဘဲ ေခ်ာ္သြားခဲ့ေပမယ့္ ဘယ္အစြန္မွာ လူကပ္မခံရဘဲ လြတ္ေနတဲ့ ဘင္ဇီးမားက စိတ္ႀကိဳက္ကန္ခ်က္နဲ႔ တိုင္ေျခကို အျပင္းကန္သြင္းၿပီး လွလွပပ အဆုံးသတ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

အခ်ိန္ပို ပထမပိုင္းမွာ ရီးရဲလ္မက္ဒရစ္တို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ဒီပိုင္းနဲ႔ ကာရက္စ္ကိုတို႔ ဦးေဆာင္တဲ့ အက္သလက္တီကို တိုက္စစ္က အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္ အေလာတႀကီးနဲ႔ ျဖဳန္းတီးသြားခဲ့ၾကသလို ဂိုးသမား ကူတြာနဲ႔ အိမ္ရွင္ခံစစ္ကို မေက်ာ္ႏိုင္ဘဲ ျဖစ္ခဲ့ရတာပါ။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ရီးရဲလ္တို႔ကပဲ အႏိုင္ျပတ္သားေစမယ့္ တတိယဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေကာင္တာကေန စီဘာေယာ့စ္ ခင္းေပးတာကို ဗီနီးရွပ္စ္က ဘယ္ျခမ္းကေန ဧရိယာထဲကို ဆြဲဝင္လာၿပီး ကန္ဖို႔ အေပါက္ရွာခဲ့ရာမွာ ေျခကုန္သြားလို႔ မဖ်က္ႏိုင္ေတာ့တဲ့ တီကို ေနာက္ခံလူ သုံးေယာက္ၾကားကေန မန္ဒါဗာကို ေက်ာ္ျဖတ္အၿပီးမွာ အနိမ့္ေဘာ ကန္သြင္းႏိုင္ခဲ့လို႔ ေအာ့ဘ္လက္ခ္ စိတ္ပ်က္သြားခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔က အက္သလက္တီကို မက္ဒရစ္တို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ Come Back ႏိုင္ပြဲ ရယူသြားႏိုင္ခဲ့ၾကသလို စပိန္ဘုရင့္ဖလား ကြာတားဖိုင္နယ္အဆင့္ကို ျဖတ္ေက်ာ္သြားႏိုင္ခဲ့ၾကၿပီး ဆီမီးဖိုင္နယ္အဆင့္မွာေတာ့ ဘီလ္ဘာအို၊ ဘာစီလိုနာနဲ႔ အိုဆာဆူနာတို႔ထဲက ဘယ္အသင္းနဲ႔ ရင္ဆိုင္ရမလဲဆိုတာကိုေတာ့ တနလၤာေန႔ မဲခြဲပြဲမွာ ေတြ႕ႀကဳံရမွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.