International Match Report

ဂျော်ဂျီယာရဲ့ ဒဏ္ဍာရီဆန်တဲ့ ယူရိုခရီးလမ်းကို အဆုံးသတ်ပေးပြီး ဂျာမနီနဲ့ ထိပ်တိုက်တွေ့တော့မယ့် စပိန်

ယူရို ၃ ကြိမ် ချန်ပီယံတွေဖြစ်တဲ့ စပိန်ဟာ တနင်္ဂနွေနေ့ညက ဂျော်ဂျီယာကို အစောပိုင်း ဦးဆောင်ဂိုး ပေးခဲ့ရပြီးနောက် နောက်ကနေ ဂိုးတွေ လိုက်သွင်းပြီး ၄-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

စပိန်ဟာ နောက်ထပ်တစ်ကြိမ် တောက်ပတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီးနောက် ရိုဒရီ၊ ဖေဘီယန် ရူးဝီးဇ်၊ နီကို ဝီလီယံစ်၊ ဒါနီ အိုလ်မိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ယူရိုအိမ်ရှင် ဂျာမနီနဲ့ တွေ့ဆုံသွားရတော့မှာ ဖြစ်ပါတယ်။

စပိန်နောက်ခံလူ ရော်ဘင် လီ နော်မန်က ပထမပိုင်း ၁၈ မိနစ်မှာ အိုတာ ကာကာဘာဇီရဲ့ ဖြတ်တင်ပေးပို့မှုကို ရှင်းထုတ်ဖို့ ကြိုးပမ်းရင်း ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့တဲ့ဂိုးကြောင့် စပိန်တို့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

စပိန်ဟာ အုပ်စုအဆင့်မှာ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲစံချိန်နဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ပေးဂိုးလည်း ခွင့်ပြုခဲ့ရခြင်းမရှိခဲ့ဘဲ ဗိုလ်စွဲခဲ့တဲ့ ယူရို ၂၀၀၈ နောက်ပိုင်း ယူရိုပြိုင်ပွဲမှာ အကောင်းဆုံး စတင်မှု ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

နည်းပြ လူးဝစ္စ ဒီလာ ဖူယန်တေးက သူ့ရဲ့ ပထမဦးစားပေး ကစားသမားတွေကို ဂျော်ဂျီယာနဲ့ ပွဲမှာ ပြန်လည် ခေါ်ယူခဲ့ပြီး ဂျော်ဂျီယာဘက်မှာလည်း ယူရိုရဲ့ ပူးတွဲထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ ဂျော့ဂျ်စ် မီကာတာဇီနဲ့ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဂျော်ဂျီ မာမာဒက်ရှ်ဗီလီတို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ယူရိုပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ရပေမယ့်လည်း ဂျော်ဂျီယာဟာ ပြီးခဲ့တဲ့အပတ်က ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ပေါ်တူဂီကို ၂-၀ နဲ့ အံ့အားသင့်ဖွယ် အနိုင်ယူနိုင်ခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် မှော်ဆန်တဲ့အခိုက်အတန့်ကို ထပ်လုပ်ပြဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

စပိန်အသင်းဟာ ပွဲစတင်ချိန်ကတည်းက အသာစီး ရယူထားနိုင်ခဲ့ပြီး ပထမပိုင်း ၅ မိနစ်မှာ ကာဗာဂျယ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ပီဒရီရဲ့ အဆုံးသတ်မှုကနေ ဂိုးရလုနီးပါးဖြစ်ခဲ့ပေမယ့်လည်း ဂျော်ဂျီယာဂိုးသမားက အလွန်ကောင်းမွန်တဲ့ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဝီလီယံစ်ကလည်း သိပ်မကြာခင်မှာ ဂိုးသွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပြီး သူ့ရဲ့ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ကန်သွင်းချက်က လူထိလမ်းကြောင်းပြောင်းပြီး ဂိုးတိုင်ဘေးကို ဝိုက်ထွက်သွားခဲ့လို့သာ စပိန်တို့ ဂိုးမရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျော်ဂျီယာက ညာတောင်ပကနေ ကာကာဘာဇီရဲ့ ဖြတ်တင်ပေးပို့မှုကို လီ နော်မန်က ရှင်းထုတ်ဖို့ ကြိုးပမ်းရင်း ကိုယ့်ဂိုးကိုယ်သွင်းမိပြီး ရရှိခဲ့တဲ့ ဦးဆောင်ဂိုးနဲ့ စပိန်ကို အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။

စပိန်ဟာ အစောပိုင်း ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရပေမယ့်လည်း စိတ်အေးအေးထားပြီး ကစားနိုင်ခဲ့တာကြောင့် ၃၉ မိနစ်မှာ ဝီလီယံစ်ရဲ့ ပေးပို့မှုကနေ ရိုဒရီက ဂိုးထောင့်ထဲကို အနိမ့်ဘောကန်သွင်းယူပြီး ချေပဂိုး ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၆ မိနစ်အကြာမှာပဲ စပိန်အသင်းက ဦးဆောင်ဂိုး သွင်းယူသွားနိုင်ခဲ့တာဖြစ်ပြီး လမိုင်း ယာမယ်ရဲ့ ဖြတ်တင်ပေးပို့မှုကို ဖေဘီယန် ရူးဝီးဇ်က ခေါင်းတိုက်သွင်းယူပြီး အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝီလီယံစ်က ဂျော်ဂျီယာတို့ အံ့အားသင့်ဖွယ် ပြန်လာနိုင်မယ့် မျှော်လင့်ချက်ကို အဆုံးသတ်စေမယ့် သွင်းဂိုးကို ၇၅ မိနစ်မှာ အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့ သွင်းယူသွားခဲ့ပြီး ပွဲကစားချိန် ၇ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ လူစားဝင်ကစားသမား ဒါနီ အိုမိုက နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဂျော်ဂျီယာနည်းပြဖြစ်တဲ့ ပြင်သစ်ဂန္တဝင် ဝီလီ ဆီညော်က သူ့ရဲ့အသင်းဟာ အခုအချိန်မှာ ပထမဆုံး ယူရိုပြိုင်ပွဲမှာ ရရှိခဲ့တဲ့ အံ့အားသင့်ဖွယ် လုပ်ဆောင်နိုင်ခဲ့မှုတွေကို ပြန်ပြီး စဉ်းစားနေရတော့မယ့်အချိန်ရောက်ပြီလို့ ပြောဆိုခဲ့ပါတယ်။

“အသင်းသားတွေက လုံးဝကို ထူးခြားဆန်းကြယ်ခဲ့ပါတယ်။ ကျွန်တော် အဲဒီအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့လတွေမှာ အသင်းသားတွေ လုပ်ခဲ့တဲ့အရာတွေအတွက် အရမ်းဂုဏ်ယူမိပါတယ်။ အခု ဒီခရီးလမ်းရဲ့ အဆုံးသတ်ဖြစ်သွားပါပြီ။ ဒါပေမယ့် ကျွန်တော် သေချာသိနေတာက နောက်ထပ်တစ်ကြိမ် ပြိုင်ပွဲကလည်း အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းလိမ့်မယ်ဆိုတာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူ႐ို ၃ ႀကိမ္ ခ်န္ပီယံေတြျဖစ္တဲ့ စပိန္ဟာ တနဂၤေႏြေန႔ညက ေဂ်ာ္ဂ်ီယာကို အေစာပိုင္း ဦးေဆာင္ဂိုး ေပးခဲ့ရၿပီးေနာက္ ေနာက္ကေန ဂိုးေတြ လိုက္သြင္းၿပီး ၄-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

စပိန္ဟာ ေနာက္ထပ္တစ္ႀကိမ္ ေတာက္ပတဲ့ စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့ၿပီးေနာက္ ႐ိုဒရီ၊ ေဖဘီယန္ ႐ူးဝီးဇ္၊ နီကို ဝီလီယံစ္၊ ဒါနီ အိုလ္မိုတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီး ယူ႐ိုအိမ္ရွင္ ဂ်ာမနီနဲ႔ ေတြ႕ဆုံသြားရေတာ့မွာ ျဖစ္ပါတယ္။

စပိန္ေနာက္ခံလူ ေရာ္ဘင္ လီ ေနာ္မန္က ပထမပိုင္း ၁၈ မိနစ္မွာ အိုတာ ကာကာဘာဇီရဲ႕ ျဖတ္တင္ေပးပို႔မႈကို ရွင္းထုတ္ဖို႔ ႀကိဳးပမ္းရင္း ကိုယ့္ဂိုးကိုယ္ျပန္သြင္းခဲ့တဲ့ဂိုးေၾကာင့္ စပိန္တို႔ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။

စပိန္ဟာ အုပ္စုအဆင့္မွာ ၁၀၀ ရာခိုင္ႏႈန္း ႏိုင္ပြဲစံခ်ိန္နဲ႔ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ေပးဂိုးလည္း ခြင့္ျပဳခဲ့ရျခင္းမရွိခဲ့ဘဲ ဗိုလ္စြဲခဲ့တဲ့ ယူ႐ို ၂၀၀၈ ေနာက္ပိုင္း ယူ႐ိုၿပိဳင္ပြဲမွာ အေကာင္းဆုံး စတင္မႈ ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

နည္းျပ လူးဝစၥ ဒီလာ ဖူယန္ေတးက သူ႔ရဲ႕ ပထမဦးစားေပး ကစားသမားေတြကို ေဂ်ာ္ဂ်ီယာနဲ႔ ပြဲမွာ ျပန္လည္ ေခၚယူခဲ့ၿပီး ေဂ်ာ္ဂ်ီယာဘက္မွာလည္း ယူ႐ိုရဲ႕ ပူးတြဲထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ ေဂ်ာ့ဂ်္စ္ မီကာတာဇီနဲ႔ အသင္းရဲ႕ ထိပ္တန္းဂိုးသြင္းရွင္ ေဂ်ာ္ဂ်ီ မာမာဒက္ရွ္ဗီလီတို႔ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ပထမဆုံး ယူ႐ိုၿပိဳင္ပြဲမွာ ပါဝင္ကစားခဲ့ရေပမယ့္လည္း ေဂ်ာ္ဂ်ီယာဟာ ၿပီးခဲ့တဲ့အပတ္က ယူ႐ိုၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းျဖစ္တဲ့ ေပၚတူဂီကို ၂-၀ နဲ႔ အံ့အားသင့္ဖြယ္ အႏိုင္ယူႏိုင္ခဲ့ၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ ေမွာ္ဆန္တဲ့အခိုက္အတန႔္ကို ထပ္လုပ္ျပဖို႔ ႀကိဳးစားခဲ့တာျဖစ္ပါတယ္။

စပိန္အသင္းဟာ ပြဲစတင္ခ်ိန္ကတည္းက အသာစီး ရယူထားႏိုင္ခဲ့ၿပီး ပထမပိုင္း ၅ မိနစ္မွာ ကာဗာဂ်ယ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကေန ပီဒရီရဲ႕ အဆုံးသတ္မႈကေန ဂိုးရလုနီးပါးျဖစ္ခဲ့ေပမယ့္လည္း ေဂ်ာ္ဂ်ီယာဂိုးသမားက အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဝီလီယံစ္ကလည္း သိပ္မၾကာခင္မွာ ဂိုးသြင္းယူႏိုင္ဖို႔ နီးစပ္ခဲ့ၿပီး သူ႔ရဲ႕ ျပန္လွ်ံထြက္လာတဲ့ ေဘာလုံးကို ကန္သြင္းခ်က္က လူထိလမ္းေၾကာင္းေျပာင္းၿပီး ဂိုးတိုင္ေဘးကို ဝိုက္ထြက္သြားခဲ့လို႔သာ စပိန္တို႔ ဂိုးမရခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေဂ်ာ္ဂ်ီယာက ညာေတာင္ပကေန ကာကာဘာဇီရဲ႕ ျဖတ္တင္ေပးပို႔မႈကို လီ ေနာ္မန္က ရွင္းထုတ္ဖို႔ ႀကိဳးပမ္းရင္း ကိုယ့္ဂိုးကိုယ္သြင္းမိၿပီး ရရွိခဲ့တဲ့ ဦးေဆာင္ဂိုးနဲ႔ စပိန္ကို အံ့အားသင့္ေစခဲ့တာ ျဖစ္ပါတယ္။

စပိန္ဟာ အေစာပိုင္း ဦးေဆာင္ဂိုး ခြင့္ျပဳလိုက္ရေပမယ့္လည္း စိတ္ေအးေအးထားၿပီး ကစားႏိုင္ခဲ့တာေၾကာင့္ ၃၉ မိနစ္မွာ ဝီလီယံစ္ရဲ႕ ေပးပို႔မႈကေန ႐ိုဒရီက ဂိုးေထာင့္ထဲကို အနိမ့္ေဘာကန္သြင္းယူၿပီး ေခ်ပဂိုး ရယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ၆ မိနစ္အၾကာမွာပဲ စပိန္အသင္းက ဦးေဆာင္ဂိုး သြင္းယူသြားႏိုင္ခဲ့တာျဖစ္ၿပီး လမိုင္း ယာမယ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို ေဖဘီယန္ ႐ူးဝီးဇ္က ေခါင္းတိုက္သြင္းယူၿပီး အဆုံးသတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဝီလီယံစ္က ေဂ်ာ္ဂ်ီယာတို႔ အံ့အားသင့္ဖြယ္ ျပန္လာႏိုင္မယ့္ ေမွ်ာ္လင့္ခ်က္ကို အဆုံးသတ္ေစမယ့္ သြင္းဂိုးကို ၇၅ မိနစ္မွာ အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္နဲ႔ သြင္းယူသြားခဲ့ၿပီး ပြဲကစားခ်ိန္ ၇ မိနစ္သာ က်န္ေတာ့တဲ့အခ်ိန္မွာ လူစားဝင္ကစားသမား ဒါနီ အိုမိုက ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ေဂ်ာ္ဂ်ီယာနည္းျပျဖစ္တဲ့ ျပင္သစ္ဂႏၲဝင္ ဝီလီ ဆီေညာ္က သူ႔ရဲ႕အသင္းဟာ အခုအခ်ိန္မွာ ပထမဆုံး ယူ႐ိုၿပိဳင္ပြဲမွာ ရရွိခဲ့တဲ့ အံ့အားသင့္ဖြယ္ လုပ္ေဆာင္ႏိုင္ခဲ့မႈေတြကို ျပန္ၿပီး စဥ္းစားေနရေတာ့မယ့္အခ်ိန္ေရာက္ၿပီလို႔ ေျပာဆိုခဲ့ပါတယ္။

“အသင္းသားေတြက လုံးဝကို ထူးျခားဆန္းၾကယ္ခဲ့ပါတယ္။ ကြၽန္ေတာ္ အဲဒီအတြက္ ဂုဏ္ယူပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ ၿပီးခဲ့တဲ့လေတြမွာ အသင္းသားေတြ လုပ္ခဲ့တဲ့အရာေတြအတြက္ အရမ္းဂုဏ္ယူမိပါတယ္။ အခု ဒီခရီးလမ္းရဲ႕ အဆုံးသတ္ျဖစ္သြားပါၿပီ။ ဒါေပမယ့္ ကြၽန္ေတာ္ ေသခ်ာသိေနတာက ေနာက္ထပ္တစ္ႀကိမ္ ၿပိဳင္ပြဲကလည္း အရမ္းစိတ္လႈပ္ရွားဖို႔ ေကာင္းလိမ့္မယ္ဆိုတာပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.