International Match Report

ဆလိုဗက်ကီးယားကို အသည်းအသန်လိုက်ကစားပြီး ကွာတားတက်တဲ့ အင်္ဂလန်

အင်္ဂလန်အသင်းဟာ ဆလိုဗက်ကီးယားကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲစဉ်မှာ နောက်ကျသွင်းဂိုးတွေနဲ့ နောက်ထပ်တစ်ကြိမ် အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့ပါတယ်။

အင်္ဂလန်ဟာ နာကျင်အချိန်ပို ၅ မိနစ်မရောက်ခင်အချိန်အထိ ဂိုးသွင်းယူနိုင်ဖို့အတွက် ဘာလုပ်ရမှန်းမသိတော့တဲ့ပုံပေါ်ခဲ့ပေမယ့်လည်း ဘယ်လင်ဟမ်က အချိန်ပိုအထိ ဆက်ကစားရစေမယ့် နောက်ကျချေပဂိုးကို အလွန်ကောင်းမွန်တဲ့ နောက်ပြန်ကန်ချက်နဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အချိန်ပို ပွဲကစားချိန် စတင်ဆိုရင်ပဲ ဟာရီ ကိန်းက အင်္ဂလန်အသင်းအတွက် အနိုင်ဂိုး ဖြစ်လာစေမယ့် သွင်းဂိုးကို လူစားဝင်ကစားသမား အိုင်ဗန် တိုနီရဲ့ ဖန်တီးပေးမှုကနေတဆင့် အနီးကပ် ခေါင်းတိုက်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဆလိုဗက်ကီးယားဟာ ကွာတားဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ဖို့ အခွင့်အရေးကို လက်လွှတ်ခဲ့ရတာဖြစ်ပြီး အိုင်ဗန် ရှရန့်ဇ်က ပထမပိုင်း ၂၆ မိနစ်မှာ အဂင်္လန်ကို ပါးနပ်တဲ့ အဆုံးသတ်နဲ့ အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဂျွန်စတုန်းစ်နဲ့ ဂေးဟီတို့ကြား နားလည်မှု လွဲမှားခဲ့ပြီးနောက် စထရီလက်ရဲ့ ကိုက် ၅၀ အကွာက ကန်ချက်ကြောင့် နောက်ထပ် ဦးဆောင်ဂိုး ရလုနီးပါးဖြစ်ခဲ့ပြီး ဂိုးတိုင်ဘေးကို ဝိုက်ထွက်သွားခဲ့လို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။

ပွဲကစားချိန်အများစုမှာ ဆလိုဗက်ကီးယားက အင်္ဂလန်ထက် ပိုမိုကောင်းမွန်တဲ့ ခြေစွမ်း ပြသနိုင်ခဲ့ပေမယ့်လည်း ဆောက်ဂိတ်ရဲ့အသင်းက အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့ပြီး လက်ရှိမှာတော့ လာမယ့် တနင်္ဂနွေနေ့ ကွာတားဖိုင်နယ်အဆင့်မှာ ဆွစ်ဇာလန်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္အသင္းဟာ ဆလိုဗက္ကီးယားကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ တနဂၤေႏြေန႔ညပြဲစဥ္မွာ ေနာက္က်သြင္းဂိုးေတြနဲ႔ ေနာက္ထပ္တစ္ႀကိမ္ အံ့အားသင့္ဖြယ္ ျပန္လာႏိုင္ခဲ့ပါတယ္။

အဂၤလန္ဟာ နာက်င္အခ်ိန္ပို ၅ မိနစ္မေရာက္ခင္အခ်ိန္အထိ ဂိုးသြင္းယူႏိုင္ဖို႔အတြက္ ဘာလုပ္ရမွန္းမသိေတာ့တဲ့ပုံေပၚခဲ့ေပမယ့္လည္း ဘယ္လင္ဟမ္က အခ်ိန္ပိုအထိ ဆက္ကစားရေစမယ့္ ေနာက္က်ေခ်ပဂိုးကို အလြန္ေကာင္းမြန္တဲ့ ေနာက္ျပန္ကန္ခ်က္နဲ႔ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အခ်ိန္ပို ပြဲကစားခ်ိန္ စတင္ဆိုရင္ပဲ ဟာရီ ကိန္းက အဂၤလန္အသင္းအတြက္ အႏိုင္ဂိုး ျဖစ္လာေစမယ့္ သြင္းဂိုးကို လူစားဝင္ကစားသမား အိုင္ဗန္ တိုနီရဲ႕ ဖန္တီးေပးမႈကေနတဆင့္ အနီးကပ္ ေခါင္းတိုက္ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဆလိုဗက္ကီးယားဟာ ကြာတားဖိုင္နယ္အဆင့္ကို ပထမဆုံးအႀကိမ္ တက္ေရာက္ႏိုင္ဖို႔ အခြင့္အေရးကို လက္လႊတ္ခဲ့ရတာျဖစ္ၿပီး အိုင္ဗန္ ရွရန႔္ဇ္က ပထမပိုင္း ၂၆ မိနစ္မွာ အဂလၤန္ကို ပါးနပ္တဲ့ အဆုံးသတ္နဲ႔ အံ့အားသင့္ေစခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ဂြၽန္စတုန္းစ္နဲ႔ ေဂးဟီတို႔ၾကား နားလည္မႈ လြဲမွားခဲ့ၿပီးေနာက္ စထရီလက္ရဲ႕ ကိုက္ ၅၀ အကြာက ကန္ခ်က္ေၾကာင့္ ေနာက္ထပ္ ဦးေဆာင္ဂိုး ရလုနီးပါးျဖစ္ခဲ့ၿပီး ဂိုးတိုင္ေဘးကို ဝိုက္ထြက္သြားခဲ့လို႔ နစ္နာခဲ့ရတာျဖစ္ပါတယ္။

ပြဲကစားခ်ိန္အမ်ားစုမွာ ဆလိုဗက္ကီးယားက အဂၤလန္ထက္ ပိုမိုေကာင္းမြန္တဲ့ ေျခစြမ္း ျပသႏိုင္ခဲ့ေပမယ့္လည္း ေဆာက္ဂိတ္ရဲ႕အသင္းက အံ့အားသင့္ဖြယ္ ျပန္လာႏိုင္ခဲ့ၿပီး လက္ရွိမွာေတာ့ လာမယ့္ တနဂၤေႏြေန႔ ကြာတားဖိုင္နယ္အဆင့္မွာ ဆြစ္ဇာလန္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.