Carabao & FA Match Report Premier League

ဖောရက်စ်ကို အဝေးကွင်းမှာ ပေါက်ကွဲပြပြီး တစ်ကျော့နဲ့တင် စမုံတုံးပေးလိုက်တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ လင်ဒီလော့ဖ်၊ မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ မာလာစီယာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ ဗက်ဂ်ဟော့စ်တို့ကိုပဲ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် နော့တင်ဟမ် ဖောရက်စ်အသင်းကတော့ ဂိုးသမား ဟန်နက်ဆီ၊ ခံစစ်မှာ မက်ကင်နာ၊ ဝေါရဲလ်၊ အူရီယေးနဲ့ ရီနန် လိုဒီတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဒါနီလို၊ ဖရွိုင်လာနဲ့ စကာပါတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဂစ်ဘ်စ်-ဝှိုက်၊ ဆာရစ်ချ်နဲ့ ဘရင်နန် ဂျွန်ဆန်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ဒီနေ့ပွဲမှာ မိခင်အသင်းကို ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ ဦးစားပေး ဂိုးသမား ဟန်ဒါဆန်တစ်ယောက် အငှားစည်းမျဉ်းသတ်မှတ်ချက်ကြောင့် ပါဝင်ကစားခွင့် မရခဲ့လို့ လက်စွမ်းမကောင်းဘဲ လေးလံတဲ့ အသက် ၃၆ နှစ်အရွယ် ဝေးလ်စ်ဂိုးသမား ဟန်နက်ဆီပဲ ပွဲထွက်ခဲ့ရတာကြောင်း ဖောရက်စ်တို့ အနေနဲ့ ခံစစ်မှာ အားနည်းနေခဲ့ပါတယ်။

ပွဲချိန် ၆ မိနစ်မှာကတည်း မန်ချက်စတာယူနိုက်တက်တို့ အဖွင့်ဂိုး စတင်ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ဖောရက်စ်တို့ရဲ့ Pressing ကို ကာစီမီရိုက ဘယ်ခြမ်းကို အောင်အောင်မြင်မြင် Break လုပ်ပေးနိုင်ခဲ့ရာမှာ ရက်ရှ်ဖို့ဒ်က တားဆီးဖို့ ကြိုးစားတဲ့ ဖရွိုင်လာနဲ့ ဝေါရဲလ်တို့ နှစ်ယောက်ကြားကနေ ရုန်းထွက်ပြီး ဧရိယာထဲအရောက်မှာ ဘယ်ဘက်ထောင့်ကျဉ်းထဲ ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာ အန်တိုနီ ဘယ်ခြမ်းက တစ်ကိုယ်တော် လှမ်းကန်တာက တိုင်ဘေးကပဲ ထွက်သွားခဲ့သလို ငါးမိနစ်အကြာမှာလည်း သူ့ရဲ့ ကန်ချက်က ဘားထောင့်စွန်းနဲ့ မလှမ်းမကမ်းကပဲ လွဲချော်သွားခဲ့ပြီး ဘရာဇီးလ်သားအနေနဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ရအပြီးမှာ တစ်ကိုယ်ကောင်း ပိုဆန်လာသလို ဒီရာသီမှာ ဖန်တီးမှုတွေ လုပ်မပေးနိုင်ခဲ့တာကလည်း ပိုပြောစရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဂစ်ဘ်စ်-ဝှိုက်ပေးတာကို ဆာရစ်ချ်က ဘယ်ခြမ်းကနေ အနိမ့်ဘော လှမ်းကန်ပြီး သွင်းယူခဲ့တာက အနည်းငယ် လူကျွံနေခဲ့တာကြောင့် ယူနိုက်တက်တို့ သက်သာခဲ့ရပြီး ဂိုးမပေးခဲ့ရပေမယ့် သူတို့ရဲ့ ခံစစ်ကစားဟန်နဲ့ ဂိုးသမား ဒဟေးယားရဲ့ လက်စွမ်းကို သံသယဝင်စရာဖြစ်ခဲ့ရသလို ပွဲချိန် ၂၆ မိနစ်မှာတော့ အန္တရာယ်များတဲ့ အနေအထားကနေ မာတီနက်ဇ်က ခေါင်းတိုက်ဖျက်ထုတ်ခဲ့ရတာပါ။

ပွဲချိန် ၂၇ မိနစ်မှာ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတာကို စကာပါက ဧရိယာထိပ်ကနေ Volley ကန်သွင်းခဲ့ပေမယ့် ဒဟေးယား ပုတ်ထုတ်သွားခဲ့သလို တစ်မိနစ်ကြာမှာ တန်ပြန်တိုက်စစ်ကနေ ဂျွန်ဆန်ရဲ့ ကန်သွင်းမှုကတော့ ထောင့်ကျဉ်းကနေ ခပ်ပျော့ပျော့ဖြစ်နေတာကြောင့် စပိန်သားအနေနဲ့ အလွယ်တကူပဲ ဖမ်းယူသွားခဲ့ပြီး ဖောရက်စ်တို့ရဲ့ တစ်ချက်ကောင်း ထိုးဖောက်မှုတွေက ဧည့်သည်တွေကို တော်တော်လေး ဖိအားပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၄၅ မိနစ်မှာတော့ ယူနိုက်တက်တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖောရက်စ်တို့ရဲ့ Pressing ကို ကာစီမီရို ညာခြမ်းကနေ ဖောက်ထွက်ပြီး အတွင်းကို ချပေးရာမှာ အန်တိုနီက တိုက်ရိုက်ကန်သွင်းဖို့ ကြိုးစားခဲ့တာကို ဂိုးသမား ဟန်နက်ဆီ ပုတ်ထုတ်နိုင်ခဲ့ပေမယ့် နောက်ကနေ ပါလာတဲ့ ဗက်ဂ်ဟော့စ်က အလျင်အမြန် ကန်သွင်းရယူသွားခဲ့တာပါ။

ပထမပိုင်းမှာ ယူနိုက်တက်တို့က ဖောရက်စ်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ ဘောလုံးကိုင်ရင်း ဖိကစားလာနိုင်ခဲ့ပေမယ့် အထောင်တိုက်စစ်မှူး ဗက်ဂ်ဟော့စ်ရဲ့ Link-up Play တွေမှာ လေးလံနေခဲ့တာက ဧရိယာနားမှာ အလုပ်ဖြစ်မှု နည်းစေခဲ့သလို ပွဲချိန် ၅၃ မိနစ်မှာတော့ အဲရစ်ဆန်ရဲ့ ဧရိယာထိပ်က ကန်ချက်က တိုင်ထိထွက်ခဲ့လို့ အိမ်ရှင်တွေ သက်သာခဲ့ရပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာ ရက်ရှ်ဖို့ဒ်အစား ဂါနာချိုကို တန်ဟတ်က ထည့်ကစားခဲ့သလို အိမ်ရှင်တွေဘက်ကတော့ ဒါနီလို၊ စကာပါ၊ ဆာရစ်ချ်၊ ဂစ်ဘ်စ်-ဝှိုက်နဲ့ ရီနန် လိုဒီတို့အစား ကိုးလ်ဘက်ခ်၊ လင်ဂတ်၊ ဒင်းနစ်၊ အိုဘရိုင်ယန်နဲ့ နီကို ဝီလီယမ်စ်တို့ ဝင်လာခဲ့ကြပြီး ယူနိုက်တက်တို့ကတော့ အန်တိုနီ၊ အဲရစ်ဆန်နဲ့ ဗက်ဂ်ဟော့စ်တို့အစား ပယ်လစ္စထရီ၊ ဖရက်ဒ်နဲ့ အီလန်ဂါတို့ကို ထုတ်သုံးသွားခဲ့တာပါ။

ဖောရက်စ်တို့ရဲ့ လူတွေ လျှောက်ခေါ်နေခဲ့ပြီး အသုံးမချတတ်တာနဲ့ အထောင်တိုက်စစ်မှူးကောင်း လောက်လောက်လားလား မရှိတာတွေက သူတို့ကို အသင်းကြီးတွေနဲ့ ဂိုးမရနိုင်ဘဲဖြစ်စေခဲ့ပြီး မန်ယူဘက်ကတော့ ကစားခွင့်ရတိုင်း ကြိုးစားပြတတ်တဲ့ ဂါနာချိုနဲ့ ပယ်လစ္စထရီတို့ရဲ့ တောင်ပံတွေ ပရိသတ်တွေကို ကျေနပ်မှု ပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ ယူနိုက်တက်တို့ပဲ ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပယ်လစ္စထရီ ထိုးဖောက်လာတဲ့ ဘောလုံးက ဖောရက်စ်နောက်ခံလူတွေနဲ့ ငြိပြီး ဧရိယာထဲမှာ လွတ်သွားခဲ့တဲ့ Loose Ball ကို အန်တိုနီက နောက်ကို ပြန်ချပေးရာမှာ ဘရူနို ဖာနန်ဒက်စ်က ဘီးကုပ်ထိပ်ကနေ အနိမ့်ဘော Volley ကန်သွင်းပြီး ဂိုးသမား ဟန်နက်ဆီကို အနိုင်ယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က နော့တင်ဟမ် ဖောရက်စ်တို့ကို အဝေးကွင်း စီးတီးဂရောင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီး အာဆင်နယ်နဲ့ ရှုံးပွဲအတွက် တုံ့ပြန်ပေါက်ကွဲပြခဲ့သလို ဆီမီးဖိုင်နယ် ဒုတိယ အကျော့ကိုတော့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ကစားရဦးမယ့်အချိန်မှာ အနေအထားကတော့ ကာရာဘောင်းဖလားအတွက် ရွှေကျားဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ လင္ဒီေလာ့ဖ္၊ မာတီနက္ဇ္၊ ဝန္ဘစ္ဆာကာနဲ႔ မာလာစီယာတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္၊ အန္တိုနီနဲ႔ ဗက္ဂ္ေဟာ့စ္တို႔ကိုပဲ ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ေနာ့တင္ဟမ္ ေဖာရက္စ္အသင္းကေတာ့ ဂိုးသမား ဟန္နက္ဆီ၊ ခံစစ္မွာ မက္ကင္နာ၊ ေဝါရဲလ္၊ အူရီေယးနဲ႔ ရီနန္ လိုဒီတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ဒါနီလို၊ ဖ႐ြိဳင္လာနဲ႔ စကာပါတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂစ္ဘ္စ္-ဝႈိက္၊ ဆာရစ္ခ်္နဲ႔ ဘရင္နန္ ဂြၽန္ဆန္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

ဒီေန႔ပြဲမွာ မိခင္အသင္းကို ျပန္လည္ရင္ဆိုင္ခဲ့ရတဲ့ ဦးစားေပး ဂိုးသမား ဟန္ဒါဆန္တစ္ေယာက္ အငွားစည္းမ်ဥ္းသတ္မွတ္ခ်က္ေၾကာင့္ ပါဝင္ကစားခြင့္ မရခဲ့လို႔ လက္စြမ္းမေကာင္းဘဲ ေလးလံတဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ ေဝးလ္စ္ဂိုးသမား ဟန္နက္ဆီပဲ ပြဲထြက္ခဲ့ရတာေၾကာင္း ေဖာရက္စ္တို႔ အေနနဲ႔ ခံစစ္မွာ အားနည္းေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာကတည္း မန္ခ်က္စတာယူႏိုက္တက္တို႔ အဖြင့္ဂိုး စတင္ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ေဖာရက္စ္တို႔ရဲ႕ Pressing ကို ကာစီမီ႐ိုက ဘယ္ျခမ္းကို ေအာင္ေအာင္ျမင္ျမင္ Break လုပ္ေပးႏိုင္ခဲ့ရာမွာ ရက္ရွ္ဖို႔ဒ္က တားဆီးဖို႔ ႀကိဳးစားတဲ့ ဖ႐ြိဳင္လာနဲ႔ ေဝါရဲလ္တို႔ ႏွစ္ေယာက္ၾကားကေန ႐ုန္းထြက္ၿပီး ဧရိယာထဲအေရာက္မွာ ဘယ္ဘက္ေထာင့္က်ဥ္းထဲ ကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၈ မိနစ္မွာ အန္တိုနီ ဘယ္ျခမ္းက တစ္ကိုယ္ေတာ္ လွမ္းကန္တာက တိုင္ေဘးကပဲ ထြက္သြားခဲ့သလို ငါးမိနစ္အၾကာမွာလည္း သူ႔ရဲ႕ ကန္ခ်က္က ဘားေထာင့္စြန္းနဲ႔ မလွမ္းမကမ္းကပဲ လြဲေခ်ာ္သြားခဲ့ၿပီး ဘရာဇီးလ္သားအေနနဲ႔ ေဝဖန္မႈေတြနဲ႔ ႀကဳံေတြ႕ရအၿပီးမွာ တစ္ကိုယ္ေကာင္း ပိုဆန္လာသလို ဒီရာသီမွာ ဖန္တီးမႈေတြ လုပ္မေပးႏိုင္ခဲ့တာကလည္း ပိုေျပာစရာျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဂစ္ဘ္စ္-ဝႈိက္ေပးတာကို ဆာရစ္ခ်္က ဘယ္ျခမ္းကေန အနိမ့္ေဘာ လွမ္းကန္ၿပီး သြင္းယူခဲ့တာက အနည္းငယ္ လူကြၽံေနခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ သက္သာခဲ့ရၿပီး ဂိုးမေပးခဲ့ရေပမယ့္ သူတို႔ရဲ႕ ခံစစ္ကစားဟန္နဲ႔ ဂိုးသမား ဒေဟးယားရဲ႕ လက္စြမ္းကို သံသယဝင္စရာျဖစ္ခဲ့ရသလို ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ အႏၲရာယ္မ်ားတဲ့ အေနအထားကေန မာတီနက္ဇ္က ေခါင္းတိုက္ဖ်က္ထုတ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတာကို စကာပါက ဧရိယာထိပ္ကေန Volley ကန္သြင္းခဲ့ေပမယ့္ ဒေဟးယား ပုတ္ထုတ္သြားခဲ့သလို တစ္မိနစ္ၾကာမွာ တန္ျပန္တိုက္စစ္ကေန ဂြၽန္ဆန္ရဲ႕ ကန္သြင္းမႈကေတာ့ ေထာင့္က်ဥ္းကေန ခပ္ေပ်ာ့ေပ်ာ့ျဖစ္ေနတာေၾကာင့္ စပိန္သားအေနနဲ႔ အလြယ္တကူပဲ ဖမ္းယူသြားခဲ့ၿပီး ေဖာရက္စ္တို႔ရဲ႕ တစ္ခ်က္ေကာင္း ထိုးေဖာက္မႈေတြက ဧည့္သည္ေတြကို ေတာ္ေတာ္ေလး ဖိအားေပးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေဖာရက္စ္တို႔ရဲ႕ Pressing ကို ကာစီမီ႐ို ညာျခမ္းကေန ေဖာက္ထြက္ၿပီး အတြင္းကို ခ်ေပးရာမွာ အန္တိုနီက တိုက္႐ိုက္ကန္သြင္းဖို႔ ႀကိဳးစားခဲ့တာကို ဂိုးသမား ဟန္နက္ဆီ ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ေနာက္ကေန ပါလာတဲ့ ဗက္ဂ္ေဟာ့စ္က အလ်င္အျမန္ ကန္သြင္းရယူသြားခဲ့တာပါ။

ပထမပိုင္းမွာ ယူႏိုက္တက္တို႔က ေဖာရက္စ္တို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ ေဘာလုံးကိုင္ရင္း ဖိကစားလာႏိုင္ခဲ့ေပမယ့္ အေထာင္တိုက္စစ္မႉး ဗက္ဂ္ေဟာ့စ္ရဲ႕ Link-up Play ေတြမွာ ေလးလံေနခဲ့တာက ဧရိယာနားမွာ အလုပ္ျဖစ္မႈ နည္းေစခဲ့သလို ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ အဲရစ္ဆန္ရဲ႕ ဧရိယာထိပ္က ကန္ခ်က္က တိုင္ထိထြက္ခဲ့လို႔ အိမ္ရွင္ေတြ သက္သာခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာ ရက္ရွ္ဖို႔ဒ္အစား ဂါနာခ်ိဳကို တန္ဟတ္က ထည့္ကစားခဲ့သလို အိမ္ရွင္ေတြဘက္ကေတာ့ ဒါနီလို၊ စကာပါ၊ ဆာရစ္ခ်္၊ ဂစ္ဘ္စ္-ဝႈိက္နဲ႔ ရီနန္ လိုဒီတို႔အစား ကိုးလ္ဘက္ခ္၊ လင္ဂတ္၊ ဒင္းနစ္၊ အိုဘ႐ိုင္ယန္နဲ႔ နီကို ဝီလီယမ္စ္တို႔ ဝင္လာခဲ့ၾကၿပီး ယူႏိုက္တက္တို႔ကေတာ့ အန္တိုနီ၊ အဲရစ္ဆန္နဲ႔ ဗက္ဂ္ေဟာ့စ္တို႔အစား ပယ္လစၥထရီ၊ ဖရက္ဒ္နဲ႔ အီလန္ဂါတို႔ကို ထုတ္သုံးသြားခဲ့တာပါ။

ေဖာရက္စ္တို႔ရဲ႕ လူေတြ ေလွ်ာက္ေခၚေနခဲ့ၿပီး အသုံးမခ်တတ္တာနဲ႔ အေထာင္တိုက္စစ္မႉးေကာင္း ေလာက္ေလာက္လားလား မရွိတာေတြက သူတို႔ကို အသင္းႀကီးေတြနဲ႔ ဂိုးမရႏိုင္ဘဲျဖစ္ေစခဲ့ၿပီး မန္ယူဘက္ကေတာ့ ကစားခြင့္ရတိုင္း ႀကိဳးစားျပတတ္တဲ့ ဂါနာခ်ိဳနဲ႔ ပယ္လစၥထရီတို႔ရဲ႕ ေတာင္ပံေတြ ပရိသတ္ေတြကို ေက်နပ္မႈ ေပးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ပဲ ပြဲသိမ္းအႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ပယ္လစၥထရီ ထိုးေဖာက္လာတဲ့ ေဘာလုံးက ေဖာရက္စ္ေနာက္ခံလူေတြနဲ႔ ၿငိၿပီး ဧရိယာထဲမွာ လြတ္သြားခဲ့တဲ့ Loose Ball ကို အန္တိုနီက ေနာက္ကို ျပန္ခ်ေပးရာမွာ ဘ႐ူႏို ဖာနန္ဒက္စ္က ဘီးကုပ္ထိပ္ကေန အနိမ့္ေဘာ Volley ကန္သြင္းၿပီး ဂိုးသမား ဟန္နက္ဆီကို အႏိုင္ယူသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔က ေနာ့တင္ဟမ္ ေဖာရက္စ္တို႔ကို အေဝးကြင္း စီးတီးဂေရာင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူခဲ့ၿပီး အာဆင္နယ္နဲ႔ ရႈံးပြဲအတြက္ တုံ႔ျပန္ေပါက္ကြဲျပခဲ့သလို ဆီမီးဖိုင္နယ္ ဒုတိယ အေက်ာ့ကိုေတာ့ အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာ ဆက္ကစားရဦးမယ့္အခ်ိန္မွာ အေနအထားကေတာ့ ကာရာေဘာင္းဖလားအတြက္ ေ႐ႊက်ားျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.