International Match Report

အခွင့်အရေးတွေ ဖြုန်းတီးပြီး အုပ်စုအဖွင့်ပွဲမှာပဲ သရေနဲ့ စဖွင့်ခဲ့ရတဲ့ ဘရာဇီးလ်

ဘရာဇီးလ်အသင်းဟာ တနင်္လာနေ့ညက လော့စ်အိန်ဂျလိစ်မှာ ကစားခဲ့တဲ့ ကိုပါအမေရိက အုပ်စုဒီ အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ ကော်စတာရီကာနဲ့ ပွဲမှာ အခွင့်အရေးအများအပြား လွဲချော်ခဲ့ပြီး ဂိုးရှေ့မှာ အဆုံးသတ်နိုင်တဲ့ အရည်အသွေးကင်းမဲ့မှုကြောင့် ဂိုးမရှိ သရေကျခဲ့ပါတယ်။

ဘရာဇီးလ်ဟာ ပြီးခဲ့တဲ့လတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဆက်တိုက် ရရှိခဲ့ပြီးနောက် ကိုပါအမေရိကပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူနိုင်ခဲ့ပေမယ့်လည်း ဂိုးရှေ့မှာ တိကျသေချာတဲ့ အဆုံးသတ်မရှိခဲ့ဘဲ ဂိုးကန်သွင်းမှု ၁၉ ကြိမ်မှာ ၃ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာဖြစ်ပါတယ်။

ကော်စတာရီကာက ဘရာဇီးလ်ရဲ့ တိုက်စစ်ကို ဟန့်တားနိုင်ဖို့အတွက် ခံစစ် ၅ ဦး ကစားကွက်နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပြီး ဒီ မဟာဗျူဟာက အလုပ်မဖြစ်ခဲ့ပေမယ့်လည်း ဘရာဇီးလ်ရဲ့ အဆုံးသတ် မသေချာမှုကြောင့် ကံကောင်းခဲ့တာဖြစ်ပါတယ်။

ရာဖင်ညာက ပွဲအစောပိုင်းမှာ ရိုဒရီဂိုရဲ့ အဝေးဘော ပေးပို့မှုကို လက်ခံရယူပြီးနောက် ဂိုးသွင်းယူဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးရခဲ့ပေမယ့်လည်း ကော်စတာရီကာ ဂိုးသမား ပက်ထရစ် ဆီကွီရာက ဂိုးပေါက်ကနေ အလျင်အမြန် ထွက်လာပြီး ပိတ်ဆို့ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ဟာ မိနစ် ၃၀ မှာ ရိုဒရီဂိုက အလွတ်တည်ကန်ဘောကနေတဆင့် မာကင်ညို့စ်ရဲ့ လမ်းကြောင်းထဲကို ချပေးလိုက်တဲ့အချိန်မှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း VAR က အချိန်အတော်ကြာ စစ်ဆေးခဲ့ပြီးနောက် လူကျွံဘောအဖြစ် ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဘရာဇီးလ်အသင်းကပဲ တစ်ဖက်သတ် ဆက်လက်ဖိအားပေးခဲ့ပြီး လူးကပ်စ် ပါကယ်တာရဲ့ အဝေးကန်ချက်က တိုင်ထိခဲ့ပြီး အာရာနာရဲ့ ကန်ချက်ကလည်း ဆီကွီရာက ကောင်းမွန်တဲ့ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်နည်းပြ ဒိုရီဗယ် ဂျူနီယာက လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ အန်းဒရစ်ခ်နဲ့ ဆာဗီယိုတို့ကို မိနစ် ၇၀ မှာ လူစားဝင်ကစားစေခဲ့ပြီး ပါကယ်တာရဲ့ နောက်ဆုံး ၁၀ မိနစ်အတွင်း ဂိုးကန်ချက် ၂ ကြိမ်စလုံးက ဝိုက်ထွက်သွားခဲ့တာကြောင့် ကိုပါအမေရိက ၉ ကြိမ်ချန်ပီယံတွေဟာ နိုင်ပွဲမရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒူးရွတ်စုတ်ပြဲဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ဘရာဇီးလ်ရဲ့ တသက်တာ ထိပ်တန်းဂိုးသွင်းရှင် နေမာက ပွဲကြည့်စင်ကနေ ကြည့်ရှုခဲ့ရပြီး အသင်းရဲ့ ရလဒ်ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ကိုလံဘီယာအသင်းက တနင်္လာနေ့အစောပိုင်းမှာ ပါရာဂွေးကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စုဒီမှာ ရမှတ် ၃ မှတ်နဲ့ အဆင့် ၁ နေရာကနေ ဦးဆောင်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘရာဇီးလ္အသင္းဟာ တနလၤာေန႔ညက ေလာ့စ္အိန္ဂ်လိစ္မွာ ကစားခဲ့တဲ့ ကိုပါအေမရိက အုပ္စုဒီ အုပ္စုအဖြင့္ပြဲစဥ္ျဖစ္တဲ့ ေကာ္စတာရီကာနဲ႔ ပြဲမွာ အခြင့္အေရးအမ်ားအျပား လြဲေခ်ာ္ခဲ့ၿပီး ဂိုးေရွ႕မွာ အဆုံးသတ္ႏိုင္တဲ့ အရည္အေသြးကင္းမဲ့မႈေၾကာင့္ ဂိုးမရွိ သေရက်ခဲ့ပါတယ္။

ဘရာဇီးလ္ဟာ ၿပီးခဲ့တဲ့လေတြမွာ ဆိုး႐ြားတဲ့ ရလဒ္ေတြ ဆက္တိုက္ ရရွိခဲ့ၿပီးေနာက္ ကိုပါအေမရိကၿပိဳင္ပြဲကို လာေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ေဘာလုံးပိုင္ဆိုင္မႈ အသာစီး ရယူႏိုင္ခဲ့ေပမယ့္လည္း ဂိုးေရွ႕မွာ တိက်ေသခ်ာတဲ့ အဆုံးသတ္မရွိခဲ့ဘဲ ဂိုးကန္သြင္းမႈ ၁၉ ႀကိမ္မွာ ၃ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာျဖစ္ပါတယ္။

ေကာ္စတာရီကာက ဘရာဇီးလ္ရဲ႕ တိုက္စစ္ကို ဟန႔္တားႏိုင္ဖို႔အတြက္ ခံစစ္ ၅ ဦး ကစားကြက္နဲ႔ ပြဲထြက္လာခဲ့တာျဖစ္ၿပီး ဒီ မဟာဗ်ဴဟာက အလုပ္မျဖစ္ခဲ့ေပမယ့္လည္း ဘရာဇီးလ္ရဲ႕ အဆုံးသတ္ မေသခ်ာမႈေၾကာင့္ ကံေကာင္းခဲ့တာျဖစ္ပါတယ္။

ရာဖင္ညာက ပြဲအေစာပိုင္းမွာ ႐ိုဒရီဂိုရဲ႕ အေဝးေဘာ ေပးပို႔မႈကို လက္ခံရယူၿပီးေနာက္ ဂိုးသြင္းယူဖို႔ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရးရခဲ့ေပမယ့္လည္း ေကာ္စတာရီကာ ဂိုးသမား ပက္ထရစ္ ဆီကြီရာက ဂိုးေပါက္ကေန အလ်င္အျမန္ ထြက္လာၿပီး ပိတ္ဆို႔ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ဟာ မိနစ္ ၃၀ မွာ ႐ိုဒရီဂိုက အလြတ္တည္ကန္ေဘာကေနတဆင့္ မာကင္ညိဳ႕စ္ရဲ႕ လမ္းေၾကာင္းထဲကို ခ်ေပးလိုက္တဲ့အခ်ိန္မွာ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္လည္း VAR က အခ်ိန္အေတာ္ၾကာ စစ္ေဆးခဲ့ၿပီးေနာက္ လူကြၽံေဘာအျဖစ္ ပယ္ဖ်က္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ဘရာဇီးလ္အသင္းကပဲ တစ္ဖက္သတ္ ဆက္လက္ဖိအားေပးခဲ့ၿပီး လူးကပ္စ္ ပါကယ္တာရဲ႕ အေဝးကန္ခ်က္က တိုင္ထိခဲ့ၿပီး အာရာနာရဲ႕ ကန္ခ်က္ကလည္း ဆီကြီရာက ေကာင္းမြန္တဲ့ ကာကြယ္မႈ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္နည္းျပ ဒိုရီဗယ္ ဂ်ဴနီယာက လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ အန္းဒရစ္ခ္နဲ႔ ဆာဗီယိုတို႔ကို မိနစ္ ၇၀ မွာ လူစားဝင္ကစားေစခဲ့ၿပီး ပါကယ္တာရဲ႕ ေနာက္ဆုံး ၁၀ မိနစ္အတြင္း ဂိုးကန္ခ်က္ ၂ ႀကိမ္စလုံးက ဝိုက္ထြက္သြားခဲ့တာေၾကာင့္ ကိုပါအေမရိက ၉ ႀကိမ္ခ်န္ပီယံေတြဟာ ႏိုင္ပြဲမရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒူး႐ြတ္စုတ္ၿပဲဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတဲ့ ဘရာဇီးလ္ရဲ႕ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္ ေနမာက ပြဲၾကည့္စင္ကေန ၾကည့္ရႈခဲ့ရၿပီး အသင္းရဲ႕ ရလဒ္ေၾကာင့္ စိတ္ပ်က္လက္ပ်က္ျဖစ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ကိုလံဘီယာအသင္းက တနလၤာေန႔အေစာပိုင္းမွာ ပါရာေဂြးကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ အုပ္စုဒီမွာ ရမွတ္ ၃ မွတ္နဲ႔ အဆင့္ ၁ ေနရာကေန ဦးေဆာင္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.