International Match Report

ဆလိုဗေးနီးယားကို ပင်နယ်တီနဲ့ အနိုင်ရပြီး ကွာတားတက်ခဲ့တဲ့ ပေါ်တူဂီ

ပေါ်တူဂီဟာ တနင်္လာနေ့ညက ဆလိုဗေးနီးယားနဲ့ ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲမှာ ယူရိုပြိုင်ပွဲကို နှုတ်ဆက်ရမယ့်အရေးကနေ ပွတ်ကာသီကာလေး ရှောင်လွှဲနိုင်ခဲ့ပြီး ဂိုးသမား ဒီအိုဂို ကော်စတာက သူရဲကောင်းဖြစ်ခဲ့ပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ အလွတ်တည်ကန်ဘောတွေ ၃ ကြိမ်အထိ ကန်ခွင့်ရခဲ့ပေမယ့်လည်း ဂိုးပေါက်မတည့်ခဲ့ဘဲ ပင်နယ်တီပါ လွဲချော်ခဲ့တာကြောင့် စိတ်ပျက်ဒေါသထွက်ပြီး ငိုကြွေးခဲ့ပါတယ်။

ဘန်ဂျမင် ဆက်စ်ကိုက အချိန်ပို ဒုတိယပိုင်းမှာ ပွဲကစားချိန် မိနစ် ၁၀၀ နဲ့အထက် ကစားခဲ့ရတဲ့ အသက် ၄၁ နှစ်အရွယ် ပီပီရဲ့ ပင်ပန်းနွမ်းနယ်နေမှုကြောင့် ဆလိုဗေးနီးယားအတွက် ဂိုးသွင်းယူပေးနိုင်ဖို့ ကြီးမားတဲ့ အခွင့်အရေးရခဲ့ပေမယ့် ကော်စတာက တစ်ဦးချင်း ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အချိန်ပို ပထမပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ကန်သွင်းခဲ့ပြီး အက်သလက်တီကို မက်ဒရစ်ဂိုးသမား ဂျန် အော့ဘလက်ခ်က လက်စွမ်းပြကာကွယ်သွားခဲ့ပြီးနောက် ပေါ်တူဂီကို ကွာတားဖိုင်နယ်တက်ရောက်နိုင်မယ့် ရွှေရောင်အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာကြောင့် မျက်ရည်လည်ရွဲဖြစ်ခဲ့ပြီး အသင်းဖော်တွေက ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ရပါတယ်။

အချိန်ပို ပြည့်တဲ့အထိ အနိုင်အရှုံးမပေါ်တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ကော်စတာက ဆလိုဗေးနိးယားရဲ့ ပင်နယ်တီ ၃ လုံးအထိ ကာကွယ်သွားနိုင်ခဲ့ပြီး ပေါ်တူဂီဘက်မှာ ရော်နယ်ဒို၊ ဖာနန်ဒက်စ်၊ ဘာနာဒို ဆေးလ်ဗားတို့ အားလုံးကတော့ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီဟာ ကွာတားဖိုင်နယ်အဆင့်မှာ ပြင်သစ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဆလိုဗေးနီးယားကတော့ အဓိကဆုဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ရှုံးထွက်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီးနောက် ရင်ကော့ခေါင်းမော့ပြီး အိမ်ပြန်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေပၚတူဂီဟာ တနလၤာေန႔ညက ဆလိုေဗးနီးယားနဲ႔ ကစားခဲ့တဲ့ ၁၆ သင္းရႈံးထြက္အဆင့္ပြဲမွာ ယူ႐ိုၿပိဳင္ပြဲကို ႏႈတ္ဆက္ရမယ့္အေရးကေန ပြတ္ကာသီကာေလး ေရွာင္လႊဲႏိုင္ခဲ့ၿပီး ဂိုးသမား ဒီအိုဂို ေကာ္စတာက သူရဲေကာင္းျဖစ္ခဲ့ပါတယ္။

ေပၚတူဂီ အသင္းေခါင္းေဆာင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ အလြတ္တည္ကန္ေဘာေတြ ၃ ႀကိမ္အထိ ကန္ခြင့္ရခဲ့ေပမယ့္လည္း ဂိုးေပါက္မတည့္ခဲ့ဘဲ ပင္နယ္တီပါ လြဲေခ်ာ္ခဲ့တာေၾကာင့္ စိတ္ပ်က္ေဒါသထြက္ၿပီး ငိုေႂကြးခဲ့ပါတယ္။

ဘန္ဂ်မင္ ဆက္စ္ကိုက အခ်ိန္ပို ဒုတိယပိုင္းမွာ ပြဲကစားခ်ိန္ မိနစ္ ၁၀၀ နဲ႔အထက္ ကစားခဲ့ရတဲ့ အသက္ ၄၁ ႏွစ္အ႐ြယ္ ပီပီရဲ႕ ပင္ပန္းႏြမ္းနယ္ေနမႈေၾကာင့္ ဆလိုေဗးနီးယားအတြက္ ဂိုးသြင္းယူေပးႏိုင္ဖို႔ ႀကီးမားတဲ့ အခြင့္အေရးရခဲ့ေပမယ့္ ေကာ္စတာက တစ္ဦးခ်င္း ကန္သြင္းမႈကို ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အခ်ိန္ပို ပထမပိုင္းမွာ ရရွိခဲ့တဲ့ ပင္နယ္တီကို ကန္သြင္းခဲ့ၿပီး အက္သလက္တီကို မက္ဒရစ္ဂိုးသမား ဂ်န္ ေအာ့ဘလက္ခ္က လက္စြမ္းျပကာကြယ္သြားခဲ့ၿပီးေနာက္ ေပၚတူဂီကို ကြာတားဖိုင္နယ္တက္ေရာက္ႏိုင္မယ့္ ေ႐ႊေရာင္အခြင့္အေရးကို အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ မ်က္ရည္လည္႐ြဲျဖစ္ခဲ့ၿပီး အသင္းေဖာ္ေတြက ဝိုင္းဝန္းႏွစ္သိမ့္ေပးခဲ့ရပါတယ္။

အခ်ိန္ပို ျပည့္တဲ့အထိ အႏိုင္အရႈံးမေပၚတာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရၿပီး ေကာ္စတာက ဆလိုေဗးနိးယားရဲ႕ ပင္နယ္တီ ၃ လုံးအထိ ကာကြယ္သြားႏိုင္ခဲ့ၿပီး ေပၚတူဂီဘက္မွာ ေရာ္နယ္ဒို၊ ဖာနန္ဒက္စ္၊ ဘာနာဒို ေဆးလ္ဗားတို႔ အားလုံးကေတာ့ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီဟာ ကြာတားဖိုင္နယ္အဆင့္မွာ ျပင္သစ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဆလိုေဗးနီးယားကေတာ့ အဓိကဆုဖလားၿပိဳင္ပြဲမွာ ပထမဆုံးအႀကိမ္ ရႈံးထြက္အဆင့္အထိ တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ ရင္ေကာ့ေခါင္းေမာ့ၿပီး အိမ္ျပန္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.