Carabao & FA Match Report Premier League

ကွင်းလယ်လူ အမြန်ဆုံး လိုနေပုံပြပြီး မန်စီးတီးကို အရှုံးပေးလိုက်ရတဲ့ အာဆင်နယ်

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ အာကန်ဂျီ၊ စတုန်းစ်၊ ရီကို လူးဝစ္စနဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်နဲ့ ဒီဘရိုင်းနားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ မာရက်ဇ်နဲ့ ဟားလန်းတို့ကို အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ လူစုံနီးပါး ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အဝေးကွင်း လာကစားတဲ့ ဧည့်သည် အာဆင်နယ်တို့ကတော့ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ ဟိုးလ်ဒင်း၊ ဂါဘရီယယ်လ်၊ တိုမီယာစုနဲ့ တီယာနီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ ဖာဘီယို ဗီယာရာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ ထရော့ဆတ်နဲ့ နကီးတီးယားတို့ကို နေရာချထားခဲ့တာပါ။

ပွဲစတာနဲ့ မန်စီးတီးတို့ ဘောလုံးကိုင်ကစားဖို့ ကြိုးစားနေခဲ့ပေမယ့် အာဆင်နယ်တို့က ကွင်းလယ်မှာ ထိရောက်တဲ့ Pressing Style ကို ပြသနိုင်ခဲ့ပြီး ချာကာနဲ့ ပါတေးတို့ ဦးဆောင်တဲ့ ကွင်းလယ်က အိမ်ရှင်တွေရဲ့ ဒီဘရိုင်းနားနဲ့ ဂွန်ဒိုးဝမ်တို့ ဘောလုံးမထုတ်နိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့သလို တောင်ပံခံစစ်တွေကလည်း အမှားအယွင်းမရှိဘဲ ဖြည့်ဆည်းကစားနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၅ မိနစ်မှာ ဘယ်ခြမ်းမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ ထရော့ဆတ်က ဂိုးရှေ့ကို ချိုးပေးရာမှာ ညာနောက်ခံလူ တိုမီယာစုရဲ့ အပြင်းကန်ချက်ကို မန်စီးတီးဂိုးသမား အော်တေဂါ ကာကွယ်ခဲ့ရသလို ဟိုးလ်ဒင်းရဲ့ အမှားကနေ ဟားလန်းရဲ့ ဧရိယာအပြင်က ဘိုင်စကယ်ကစ် ကန်ချက်ကိုတော့ တိုမီယာစုက ဂိုးစည်းရှေ့ကနေ ပိတ်ဆို့ထိန်းသိမ်းသွားခဲ့ပြီး ပွဲကတော့ စကတည်းက ကြည့်ကောင်းခဲ့တာပါ။

မန်စီးတီးတို့ရဲ့ ဘောလုံးကိုင်ကစားမှုကို အာဆင်နယ်တို့က အရေးပါတဲ့ Transition တွေ ရောက်တော့မှ စောင့်ဆိုင်းဖျက်ဆီးသွားခဲ့တာကြောင့် ဂွါဒီယိုလာရဲ့ လူတွေ ခြိမ်းခြောက်နိုင်မှုနည်းခဲ့ပြီး ပွဲချိန် ၂၁ မိနစ်မှာလည်း တန်ပြန်တိုက်စစ်ကနေ ထရော့ဆတ်ရဲ့ ထောင့်ကျဉ်းကန်ချက်ကို အော်တေဂါပဲ ပုတ်ထုတ်ခဲ့ရသလို အိမ်ရှင်ခံစစ်က ပိုပြီး ထိရှလွယ်သလိုဖြစ်နေခဲ့ပါတယ်။

ဟားလန်းကို ဟိုးလ်ဒင်းက ခပ်ကြမ်းကြမ်း ထိန်းသိမ်းသွားတာကြောင့် စီးတီးတို့ တိုက်စစ်က လျော့ရဲခဲ့ရသလို ပထမပိုင်းပြီးခါနီးမှာတော့ ဟိုးလ်ဒင်း အဝါကတ်ထိသွားခဲ့တာကြောင့် အာဆင်နယ်တို့ ပိုပြီး သတိထားခဲ့ရသလို မန်စီးတီးဘက်က ဂျွန်စတုန်းစ်ကတော့ ဘောလုံးပေးရင် ပေါင်နောက်ကြော ဒဏ်ရာရသွားခဲ့လို့ လာပေါ့တ်နဲ့ လဲကစားခဲ့ရပြီး အစ်တီဟတ်က ပထမပိုင်းကတော့ ဂိုးမရှိသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ အဝါထိထားတဲ့ ဟိုးလ်ဒင်းနဲ့ ပွဲဆက်များနေတဲ့ ပါတေးအစား ဆာလီဘာနဲ့ ဆမ်ဘီ လိုကွန်ဂါတို့ကို အာဆင်နယ်ဘက်က လဲကစားခဲ့ပြီး မန်စီးတီးတို့ရဲ့ ထိုးဖောက်မှုတွေကို အပြန်အလှန် ကစားနိုင်ခဲ့ပေမယ့် ဖျက်ရမှာကို မဖျက်၊ ကာရမှာကို မကာတတ်တဲ့ လိုကွန်ဂါရဲ့ ထုံးစံအရ လုပ်အားနှုန်းနည်းပြီး ဆာကာကိုတောင် ဘောလုံးခင်းမပေးနိုင်တဲ့ ဖာဘီယို ဗီယာရာနဲ့ ပေါင်းလိုက်ရင် တဖြည်းဖြည်းနဲ့ ဖရိုဖရဲဖြစ်လာခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ မာရက်ဇ်နဲ့ ရီကို လူးဝစ္စတို့ရဲ့ ညာခြမ်းကို အယ်လ်ဗာရက်၊ ဝေါ်လ်ကာတို့နဲ့ ဂွါဒီယိုလာက လဲပစ်ခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ်ကြားမှာ နေရာလွတ်တွေ များလာတဲ့ အာဆင်နယ်ဘက်ကို လွတ်လပ်ခွင့်ရသွားတဲ့ ဒီဘရိုင်းနား၊ ဂွန်ဒိုးဝမ်တို့နဲ့ ပူးပေါင်းဖိအားပေးနိုင်ဖို့ ကြိုးစားခဲ့သလို လုပ်အားနှုန်းအရ လူနှစ်ယောက် လျော့နေသလိုဖြစ်သွားတဲ့ ဧည့်သည်တွေ ဒုက္ခရောက်ဖို့ဖြစ်လာခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ လှမ်းကန်တဲ့ အယ်လ်ဗာရက်ဇ်ရဲ့ ကန်ချက် တိုင်ထိထွက်တာကနေ ဂရီးလစ်ရှ်က ပြန်ရယူပြီး အတွင်းကို ချိုးပေးရာမှာ ဒီလောက် အန္တရာယ်ကြီးနေတဲ့ အချိန်မှာတောင် လမ်းလျှောက်နေတဲ့ ဆမ်ဘီ လိုကွန်ဂါကြောင့် ကန်ခွင့်ရသွားတဲ့ အာကေက ညာခြေနဲ့ အဝေးတိုင်ခြေကို ပိတ်သွင်းရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဂိုးပေးရအပြီးမှာတော့ အာဆင်နယ်တို့ဘက်က ထရော့ဆတ်နဲ့ တီယာနီတို့ ဘယ်ခြမ်းကို ဇင်ချန်ကို၊ မာတီနယ်လီတို့ အတွဲလိုက်လဲပစ်ခဲ့သလို ပွဲချိန် ၇၄ မိနစ်မှာတော့ သိပ်အားစိုက်စရာ မလိုဘဲ ပစ်မှတ် မဟုတ်တဲ့ အက်ဖ်အေဖလားမှာ ဆာကာကို အနားပေးပြီး အော်ဒီဂွါဒ်ကို အသုံးပြုသွားခဲ့ချိန်မှာ မန်စီးတီးတို့ဘက်ကတော့ ဒီဘရိုင်းနားအစား ဘာနာဒို ဆေးလ်ဗားကို အပြောင်းအလဲလုပ်လာခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာ အာဆင်နယ်တို့ဘက်က ဖိကစားခဲ့ပေမယ့် ဂိုးသွင်းနိုင်အောင်တော့ မလုံလောက်ခဲ့သလို စီးတီးတို့ကလည်း ခံစစ်ကို အာရုံစိုက် ပိတ်ဆို့သွားခဲ့တာကြောင့် ပွဲချိန်အပြည့်မှာတော့ ဒီလူနဲ့ ဒီလောက်ပဲ လုပ်နိုင်စွမ်းရှိတယ်ဆိုတာ Presentation လုပ်ပြခဲ့တဲ့ အာတီတာရဲ့ လူတွေ အက်ဖ်အေဖလားကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲကို အနိုင်ရခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ နောက်ပိုင်းနှစ်တွေမှာ သူတို့နှစ်သင်းကြား တွေ့ဆုံမှုတွေမှာ မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့သလို အာဆင်နယ်တို့ကတော့ ဆမ်ဘီ လိုကွန်ဂါ၊ ဖာဘီယို ဗီယာရာတို့ကို အားကိုးရင်တော့ ပြိုင်ပွဲစုံကို စိန်ခေါ်နိုင်ဖို့ စိတ်ကူးယဉ်မကြမ်းနဲ့ဦးလို့ ဘုတ်အဖွဲ့နဲ့ ပရိသတ်တွေကို မက်ဆေ့ပေးသွားခဲ့တာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေအာ္ေတဂါ၊ ခံစစ္မွာ အာကန္ဂ်ီ၊ စတုန္းစ္၊ ရီကို လူးဝစၥနဲ႔ အာေကတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္နဲ႔ ဒီဘ႐ိုင္းနားတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂရီးလစ္ရွ္၊ မာရက္ဇ္နဲ႔ ဟားလန္းတို႔ကို အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္မွာ လူစုံနီးပါး ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အေဝးကြင္း လာကစားတဲ့ ဧည့္သည္ အာဆင္နယ္တို႔ကေတာ့ ဂိုးသမား မတ္တာနာ၊ ခံစစ္မွာ ဟိုးလ္ဒင္း၊ ဂါဘရီယယ္လ္၊ တိုမီယာစုနဲ႔ တီယာနီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါေတး၊ ခ်ာကာနဲ႔ ဖာဘီယို ဗီယာရာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ ထေရာ့ဆတ္နဲ႔ နကီးတီးယားတို႔ကို ေနရာခ်ထားခဲ့တာပါ။

ပြဲစတာနဲ႔ မန္စီးတီးတို႔ ေဘာလုံးကိုင္ကစားဖို႔ ႀကိဳးစားေနခဲ့ေပမယ့္ အာဆင္နယ္တို႔က ကြင္းလယ္မွာ ထိေရာက္တဲ့ Pressing Style ကို ျပသႏိုင္ခဲ့ၿပီး ခ်ာကာနဲ႔ ပါေတးတို႔ ဦးေဆာင္တဲ့ ကြင္းလယ္က အိမ္ရွင္ေတြရဲ႕ ဒီဘ႐ိုင္းနားနဲ႔ ဂြန္ဒိုးဝမ္တို႔ ေဘာလုံးမထုတ္ႏိုင္ေအာင္ ပိတ္ဆို႔ထားႏိုင္ခဲ့သလို ေတာင္ပံခံစစ္ေတြကလည္း အမွားအယြင္းမရွိဘဲ ျဖည့္ဆည္းကစားႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာ ဘယ္ျခမ္းမွာ ပြဲထြက္ခြင့္ရခဲ့တဲ့ ထေရာ့ဆတ္က ဂိုးေရွ႕ကို ခ်ိဳးေပးရာမွာ ညာေနာက္ခံလူ တိုမီယာစုရဲ႕ အျပင္းကန္ခ်က္ကို မန္စီးတီးဂိုးသမား ေအာ္ေတဂါ ကာကြယ္ခဲ့ရသလို ဟိုးလ္ဒင္းရဲ႕ အမွားကေန ဟားလန္းရဲ႕ ဧရိယာအျပင္က ဘိုင္စကယ္ကစ္ ကန္ခ်က္ကိုေတာ့ တိုမီယာစုက ဂိုးစည္းေရွ႕ကေန ပိတ္ဆို႔ထိန္းသိမ္းသြားခဲ့ၿပီး ပြဲကေတာ့ စကတည္းက ၾကည့္ေကာင္းခဲ့တာပါ။

မန္စီးတီးတို႔ရဲ႕ ေဘာလုံးကိုင္ကစားမႈကို အာဆင္နယ္တို႔က အေရးပါတဲ့ Transition ေတြ ေရာက္ေတာ့မွ ေစာင့္ဆိုင္းဖ်က္ဆီးသြားခဲ့တာေၾကာင့္ ဂြါဒီယိုလာရဲ႕ လူေတြ ၿခိမ္းေျခာက္ႏိုင္မႈနည္းခဲ့ၿပီး ပြဲခ်ိန္ ၂၁ မိနစ္မွာလည္း တန္ျပန္တိုက္စစ္ကေန ထေရာ့ဆတ္ရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကို ေအာ္ေတဂါပဲ ပုတ္ထုတ္ခဲ့ရသလို အိမ္ရွင္ခံစစ္က ပိုၿပီး ထိရွလြယ္သလိုျဖစ္ေနခဲ့ပါတယ္။

ဟားလန္းကို ဟိုးလ္ဒင္းက ခပ္ၾကမ္းၾကမ္း ထိန္းသိမ္းသြားတာေၾကာင့္ စီးတီးတို႔ တိုက္စစ္က ေလ်ာ့ရဲခဲ့ရသလို ပထမပိုင္းၿပီးခါနီးမွာေတာ့ ဟိုးလ္ဒင္း အဝါကတ္ထိသြားခဲ့တာေၾကာင့္ အာဆင္နယ္တို႔ ပိုၿပီး သတိထားခဲ့ရသလို မန္စီးတီးဘက္က ဂြၽန္စတုန္းစ္ကေတာ့ ေဘာလုံးေပးရင္ ေပါင္ေနာက္ေၾကာ ဒဏ္ရာရသြားခဲ့လို႔ လာေပါ့တ္နဲ႔ လဲကစားခဲ့ရၿပီး အစ္တီဟတ္က ပထမပိုင္းကေတာ့ ဂိုးမရွိသေရျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ အဝါထိထားတဲ့ ဟိုးလ္ဒင္းနဲ႔ ပြဲဆက္မ်ားေနတဲ့ ပါေတးအစား ဆာလီဘာနဲ႔ ဆမ္ဘီ လိုကြန္ဂါတို႔ကို အာဆင္နယ္ဘက္က လဲကစားခဲ့ၿပီး မန္စီးတီးတို႔ရဲ႕ ထိုးေဖာက္မႈေတြကို အျပန္အလွန္ ကစားႏိုင္ခဲ့ေပမယ့္ ဖ်က္ရမွာကို မဖ်က္၊ ကာရမွာကို မကာတတ္တဲ့ လိုကြန္ဂါရဲ႕ ထုံးစံအရ လုပ္အားႏႈန္းနည္းၿပီး ဆာကာကိုေတာင္ ေဘာလုံးခင္းမေပးႏိုင္တဲ့ ဖာဘီယို ဗီယာရာနဲ႔ ေပါင္းလိုက္ရင္ တျဖည္းျဖည္းနဲ႔ ဖ႐ိုဖရဲျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ မာရက္ဇ္နဲ႔ ရီကို လူးဝစၥတို႔ရဲ႕ ညာျခမ္းကို အယ္လ္ဗာရက္၊ ေဝၚလ္ကာတို႔နဲ႔ ဂြါဒီယိုလာက လဲပစ္ခဲ့ၿပီး ကြင္းလယ္နဲ႔ ခံစစ္ၾကားမွာ ေနရာလြတ္ေတြ မ်ားလာတဲ့ အာဆင္နယ္ဘက္ကို လြတ္လပ္ခြင့္ရသြားတဲ့ ဒီဘ႐ိုင္းနား၊ ဂြန္ဒိုးဝမ္တို႔နဲ႔ ပူးေပါင္းဖိအားေပးႏိုင္ဖို႔ ႀကိဳးစားခဲ့သလို လုပ္အားႏႈန္းအရ လူႏွစ္ေယာက္ ေလ်ာ့ေနသလိုျဖစ္သြားတဲ့ ဧည့္သည္ေတြ ဒုကၡေရာက္ဖို႔ျဖစ္လာခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန လွမ္းကန္တဲ့ အယ္လ္ဗာရက္ဇ္ရဲ႕ ကန္ခ်က္ တိုင္ထိထြက္တာကေန ဂရီးလစ္ရွ္က ျပန္ရယူၿပီး အတြင္းကို ခ်ိဳးေပးရာမွာ ဒီေလာက္ အႏၲရာယ္ႀကီးေနတဲ့ အခ်ိန္မွာေတာင္ လမ္းေလွ်ာက္ေနတဲ့ ဆမ္ဘီ လိုကြန္ဂါေၾကာင့္ ကန္ခြင့္ရသြားတဲ့ အာေကက ညာေျခနဲ႔ အေဝးတိုင္ေျခကို ပိတ္သြင္းရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂိုးေပးရအၿပီးမွာေတာ့ အာဆင္နယ္တို႔ဘက္က ထေရာ့ဆတ္နဲ႔ တီယာနီတို႔ ဘယ္ျခမ္းကို ဇင္ခ်န္ကို၊ မာတီနယ္လီတို႔ အတြဲလိုက္လဲပစ္ခဲ့သလို ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ သိပ္အားစိုက္စရာ မလိုဘဲ ပစ္မွတ္ မဟုတ္တဲ့ အက္ဖ္ေအဖလားမွာ ဆာကာကို အနားေပးၿပီး ေအာ္ဒီဂြါဒ္ကို အသုံးျပဳသြားခဲ့ခ်ိန္မွာ မန္စီးတီးတို႔ဘက္ကေတာ့ ဒီဘ႐ိုင္းနားအစား ဘာနာဒို ေဆးလ္ဗားကို အေျပာင္းအလဲလုပ္လာခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာ အာဆင္နယ္တို႔ဘက္က ဖိကစားခဲ့ေပမယ့္ ဂိုးသြင္းႏိုင္ေအာင္ေတာ့ မလုံေလာက္ခဲ့သလို စီးတီးတို႔ကလည္း ခံစစ္ကို အာ႐ုံစိုက္ ပိတ္ဆို႔သြားခဲ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာေတာ့ ဒီလူနဲ႔ ဒီေလာက္ပဲ လုပ္ႏိုင္စြမ္းရွိတယ္ဆိုတာ Presentation လုပ္ျပခဲ့တဲ့ အာတီတာရဲ႕ လူေတြ အက္ဖ္ေအဖလားကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

ဒီပြဲကို အႏိုင္ရခဲ့တဲ့ မန္စီးတီးတို႔အေနနဲ႔ ေနာက္ပိုင္းႏွစ္ေတြမွာ သူတို႔ႏွစ္သင္းၾကား ေတြ႕ဆုံမႈေတြမွာ မွတ္တမ္းေကာင္းကို ဆက္လက္ထိန္းသိမ္းသြားႏိုင္ခဲ့သလို အာဆင္နယ္တို႔ကေတာ့ ဆမ္ဘီ လိုကြန္ဂါ၊ ဖာဘီယို ဗီယာရာတို႔ကို အားကိုးရင္ေတာ့ ၿပိဳင္ပြဲစုံကို စိန္ေခၚႏိုင္ဖို႔ စိတ္ကူးယဥ္မၾကမ္းနဲ႔ဦးလို႔ ဘုတ္အဖြဲ႕နဲ႔ ပရိသတ္ေတြကို မက္ေဆ့ေပးသြားခဲ့တာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.