International Match Report

အငြင်းပွားဖွယ်ဂိုးနဲ့ ဥရုဂွေးကို ရှုံးနိမ့်ပြီး ကိုပါအမေရိကကို နှုတ်ဆက်လိုက်ရတဲ့ ယူအက်စ်အေ

ယူအက်စ်အေလက်ရွေးစင်အသင်းဟာ တနင်္လာနေ့ညမှာ ကစားခဲ့တဲ့ ဥရုဂွေးနဲ့ ပွဲစဉ်မှာ အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်ကြောင့် ပေးခဲ့ရတဲ့ သွင်းဂိုးကြောင့် ကိုပါအမေရိကအုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်

အုပ်စုစီရဲ့ အားအကောင်းဆုံးအသင်းဖြစ်တဲ့ ဥရုဂွေးကို ယူအက်စ်အေအသင်းက ပွဲကစားချိန် တစ်နာရီလောက်အထိ ခပ်ကြမ်းကြမ်း ဖျက်ထုတ် ဟန့်တားနိုင်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ထိပ်တိုက်တွေ့ဆုံမှု အပြင်းထန်ဆုံး ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးက ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့ပေမယ့်လည်း ဂိုးသွင်းယူဖို့အတွက် ရုန်းကန်ခဲ့ရပေမယ့်လည်း ၆၆ မိနစ်မှာတော့ မားသီးယပ်စ် အိုလီဗီရာက လူကျွံအနေအထားကနေ အငြင်းပွားဖွယ် ဂိုးသွင်းယူခဲ့တာဖြစ်ပြီး VAR က ပြန်လည်သုံးသပ်ခဲ့ပြီးနောက် ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

အိုလီဗီရာဟာ ယူအက်စ်အေဂိုးသမား ပုတ်ထုတ်ကာကွယ်ရာကနေ လျှံထွက်လာတဲ့ ဘောလုံးကို လူကျွံအနေအထားကနေ ပိတ်သွင်းယူခဲ့တာဖြစ်ပြီး ပီရူးလူမျိုးကွင်းလယ်ဒိုင် ကီဗင် အော်တေဂါက အငြင်းပွားဖွယ် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အော်တေဂါဟာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ပြင်းထန်ခဲ့တဲ့ ပွဲစဉ်တလျှောက်လုံးမှာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေအများအပြား ချမှတ်ခဲ့ပြီး သူ့ရဲ့ အကြီးမားဆုံး အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် ယူအက်စ်အေတို့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကို စောစောစီးစီး နှုတ်ဆက်လိုက်ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:





REF: INTERNET SOURCES
SPORTS A2Z.