International Match Report

အိုးနင်းခွက်နင်းနဲ့ ကွာတားဖိုင်နယ်ကို တက်ခဲ့တဲ့ ဘရာဇီးလ်

ဘရာဇီးလ်အသင်းဟာ အင်္ဂါနေ့ညက ကိုလံဘီယာနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျပြီး ကိုပါအမေရိက ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့်လည်း ဥရုဂွေးနဲ့ ကစားရမယ့်ပွဲမှာ ဗင်နီးရှပ်စ် ဂျူနီယာ မပါဝင်ဘဲ ကစားသွားရတော့မှာ ဖြစ်ပါတယ်။

ဘရာဇီးလ်ဟာ ကိုလံဘီယာကို အနိုင်မကစားနိုင်ခဲ့တာကြောင့် အုပ်စု ဒုတိယအနေနဲ့သာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ရာဖင်ညာရဲ့ ပထမပိုင်း ၁၂ မိနစ်မှာ သွင်းယူခဲ့တဲ့ ရင်သပ်ရှုမောဖွယ် အလွတ်တည်ကန်ဘောသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒန်နီရယ် မူနော့ဇ်က ပထမပိုင်း ပွဲပြီးဆုံးခါနီး နာကျင်အချိန်ပိုမှာ ကိုလံဘီယာအတွက် ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ နောက်ထပ်သွင်းဂိုးတွေ မသွင်းယူနိုင်ခဲ့ဘဲ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ သရေရလဒ်ကြောင့် အုပ်စု ဒီမှာ ကော်စတာရီထက် ၁ မှတ်အသာ ဒုတိယနေရာနဲ့ နောက်တဆင့်တက်နိုင်ခဲ့ပေမယ့်လည်း ဗင်နီးရှပ်စ် ဂျူနီယာက အဝါကတ် ၃ ကတ်ပြည့်သွားခဲ့တာကြောင့် ဥရုဂွေးနဲ့ကစားရမယ့် ကွာတားဖိုင်နယ်ပွဲမှာ အဓိကကစားသမားမပါဘဲ ကစားသွားရတော့မှာဖြစ်ပါတယ်။

ကိုလံဘီယာအသင်းဟာ၃ ပွဲကနေ ရမှတ် ၇ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် နောက်တဆင့် တက်ရောက်နိုင်ခဲ့တာကြောင့် အုပ်စုစီက ဒုတိယနေရာနဲ့ ကွာတားတက်လာတဲ့ ပနားမားနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ကိုဘံဘီယာဟာ ပထမပိုင်း ၈ မိနစ်မှာ ၂၅ ကိုက်အကွာကနေ ရရှိတဲ့အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပြီး အသင်းခေါင်းဆောင် ဟားမက်စ် ရိုဒရီဂက်ဇ်ရဲ့ ကန်ချက်က ကောင်းမွန်ခဲ့ပေမယ့် ဂိုးဘားတန်းထိပြီး ဂိုးလွန်ဘောဖြစ်သွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၄ မိနစ်အကြာမှာ ရာဖင်ညာကလည်း အဲဒီနေရာလောက်ကနေပဲ အလွတ်တည်ကန်ဘောက လှလှပပ ဝေ့ဝိုက်ကန်သွင်းခဲ့ပြီး ကိုလံဘီယာဂိုးသမား ကာမီလို ဗားဂက်စ် ပုတ်ထုတ်ခဲ့ပေမယ့်လည်း ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာက မက္ကဆီကိုအသင်းကို ၃-၂ နဲ့ အနိုင်ရခဲ့ပြီးနောက်ပိုင်း ကိုလံဘီယာအသင်း ပထမပိုင်းမှာ ခွင့်ပြုခဲ့ရတဲ့ ပထမဆုံးဂိုးဖြစ်လာခဲ့ပေမယ့်လည်း ကောင်းကောင်း ပြန်လည်တုံ့ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဗင်ဆင် ဆန်းချက်ဇ်ရဲ့ ခေါင်းတိုက်သွင်းဂိုးဟာ လူကျွံဘောအဖြစ် ပယ်ဖျက်ခြင်းခံခဲ့ရပြီးနောက် အချိန်ပိုမှာ ဟားမက်စ် ရိုဒရီဂက်ဇ်က ဂျွန် ကော်ဒိုးဘားဆီ ပေးပို့ခဲ့ရာမှာ မူနော့ဇ်ဆီ ပြန်မျှောထိုးပေးခဲ့ပြီးနောက် အယ်လစ်ဆန်နဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ကိုလံဘီယာက ဒုတိယပိုင်းမှာလည်း တိုက်စစ်ပိုင်း ခြိမ်းခြောက်နိုင်စွမ်း ဆက်လက်ပြသခဲ့ပြီး ပွဲပြီးခါနီး ၆ မိနစ်အလိုမှာ နောက်ကျအနိုင်ဂိုးကို သွင်းယူနိုင်လုနီးပါးဖြစ်ခဲ့ပေမယ့် လူစားဝင်ကစားသမား ရာဖေးလ် ဘော်ရဲရဲ့ ၆ ကိုက်အကွာက ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ကလည်း အုပ်စုဗိုလ်နေရာကို ရယူနိုင်ဖို့အတွက် နောက်ကျအနိုင်ဂိုး သွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပြီး ပါရဲရားရဲ့ ကန်ချက်ကို ကိုလံဘီယာဂိုးသမား ဗားဂက်စ်က အကောင်းဆုံးပုံစံနဲ့ ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

ကိုပါအမေရိက ၉ ကြိမ်ချန်ပီယံဖြစ်တဲ့ ဘရာဇီးဟာ နောက်ဆုံး ၁၅ ကြိမ်ပါဝင်ကစားခဲ့ရာမှာ ၁၄ ကြိမ်မြောက် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ရှုံးပွဲမတွေ့ခဲ့တာကြောင့် ကိုပါအမေရိကပြိုင်ပွဲရဲ့ အဖွင့်အဆင့်မှာ အရှည်လျားဆုံးရှုံးပွဲမရှိစံချိန်(၁၀ ပွဲ)ကို ပြန်လိုက်မီခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘရာဇီးလ္အသင္းဟာ အဂၤါေန႔ညက ကိုလံဘီယာနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ၿပီး ကိုပါအေမရိက ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ေပမယ့္လည္း ဥ႐ုေဂြးနဲ႔ ကစားရမယ့္ပြဲမွာ ဗင္နီးရွပ္စ္ ဂ်ဴနီယာ မပါဝင္ဘဲ ကစားသြားရေတာ့မွာ ျဖစ္ပါတယ္။

ဘရာဇီးလ္ဟာ ကိုလံဘီယာကို အႏိုင္မကစားႏိုင္ခဲ့တာေၾကာင့္ အုပ္စု ဒုတိယအေနနဲ႔သာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး ရာဖင္ညာရဲ႕ ပထမပိုင္း ၁၂ မိနစ္မွာ သြင္းယူခဲ့တဲ့ ရင္သပ္ရႈေမာဖြယ္ အလြတ္တည္ကန္ေဘာသြင္းဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒန္နီရယ္ မူေနာ့ဇ္က ပထမပိုင္း ပြဲၿပီးဆုံးခါနီး နာက်င္အခ်ိန္ပိုမွာ ကိုလံဘီယာအတြက္ ေခ်ပဂိုး ျပန္လည္သြင္းယူသြားခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ ေနာက္ထပ္သြင္းဂိုးေတြ မသြင္းယူႏိုင္ခဲ့ဘဲ သေရရလဒ္နဲ႔သာ ပြဲၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းဟာ သေရရလဒ္ေၾကာင့္ အုပ္စု ဒီမွာ ေကာ္စတာရီထက္ ၁ မွတ္အသာ ဒုတိယေနရာနဲ႔ ေနာက္တဆင့္တက္ႏိုင္ခဲ့ေပမယ့္လည္း ဗင္နီးရွပ္စ္ ဂ်ဴနီယာက အဝါကတ္ ၃ ကတ္ျပည့္သြားခဲ့တာေၾကာင့္ ဥ႐ုေဂြးနဲ႔ကစားရမယ့္ ကြာတားဖိုင္နယ္ပြဲမွာ အဓိကကစားသမားမပါဘဲ ကစားသြားရေတာ့မွာျဖစ္ပါတယ္။

ကိုလံဘီယာအသင္းဟာ၃ ပြဲကေန ရမွတ္ ၇ မွတ္နဲ႔ အုပ္စုဗိုလ္အျဖစ္ ေနာက္တဆင့္ တက္ေရာက္ႏိုင္ခဲ့တာေၾကာင့္ အုပ္စုစီက ဒုတိယေနရာနဲ႔ ကြာတားတက္လာတဲ့ ပနားမားနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ကိုဘံဘီယာဟာ ပထမပိုင္း ၈ မိနစ္မွာ ၂၅ ကိုက္အကြာကေန ရရွိတဲ့အလြတ္တည္ကန္ေဘာကေန ဂိုးသြင္းယူႏိုင္ဖို႔ နီးစပ္ခဲ့ၿပီး အသင္းေခါင္းေဆာင္ ဟားမက္စ္ ႐ိုဒရီဂက္ဇ္ရဲ႕ ကန္ခ်က္က ေကာင္းမြန္ခဲ့ေပမယ့္ ဂိုးဘားတန္းထိၿပီး ဂိုးလြန္ေဘာျဖစ္သြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၄ မိနစ္အၾကာမွာ ရာဖင္ညာကလည္း အဲဒီေနရာေလာက္ကေနပဲ အလြတ္တည္ကန္ေဘာက လွလွပပ ေဝ့ဝိုက္ကန္သြင္းခဲ့ၿပီး ကိုလံဘီယာဂိုးသမား ကာမီလို ဗားဂက္စ္ ပုတ္ထုတ္ခဲ့ေပမယ့္လည္း ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။ ဒီဂိုးဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာက မကၠဆီကိုအသင္းကို ၃-၂ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ပိုင္း ကိုလံဘီယာအသင္း ပထမပိုင္းမွာ ခြင့္ျပဳခဲ့ရတဲ့ ပထမဆုံးဂိုးျဖစ္လာခဲ့ေပမယ့္လည္း ေကာင္းေကာင္း ျပန္လည္တုံ႔ျပန္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါဗင္ဆင္ ဆန္းခ်က္ဇ္ရဲ႕ ေခါင္းတိုက္သြင္းဂိုးဟာ လူကြၽံေဘာအျဖစ္ ပယ္ဖ်က္ျခင္းခံခဲ့ရၿပီးေနာက္ အခ်ိန္ပိုမွာ ဟားမက္စ္ ႐ိုဒရီဂက္ဇ္က ဂြၽန္ ေကာ္ဒိုးဘားဆီ ေပးပို႔ခဲ့ရာမွာ မူေနာ့ဇ္ဆီ ျပန္ေမွ်ာထိုးေပးခဲ့ၿပီးေနာက္ အယ္လစ္ဆန္နဲ႔ တစ္ဦးခ်င္း ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ကိုလံဘီယာက ဒုတိယပိုင္းမွာလည္း တိုက္စစ္ပိုင္း ၿခိမ္းေျခာက္ႏိုင္စြမ္း ဆက္လက္ျပသခဲ့ၿပီး ပြဲၿပီးခါနီး ၆ မိနစ္အလိုမွာ ေနာက္က်အႏိုင္ဂိုးကို သြင္းယူႏိုင္လုနီးပါးျဖစ္ခဲ့ေပမယ့္ လူစားဝင္ကစားသမား ရာေဖးလ္ ေဘာ္ရဲရဲ႕ ၆ ကိုက္အကြာက ကန္ခ်က္က ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ကလည္း အုပ္စုဗိုလ္ေနရာကို ရယူႏိုင္ဖို႔အတြက္ ေနာက္က်အႏိုင္ဂိုး သြင္းယူႏိုင္ဖို႔ နီးစပ္ခဲ့ၿပီး ပါရဲရားရဲ႕ ကန္ခ်က္ကို ကိုလံဘီယာဂိုးသမား ဗားဂက္စ္က အေကာင္းဆုံးပုံစံနဲ႔ ကာကြယ္သြားခဲ့တာျဖစ္ပါတယ္။

ကိုပါအေမရိက ၉ ႀကိမ္ခ်န္ပီယံျဖစ္တဲ့ ဘရာဇီးဟာ ေနာက္ဆုံး ၁၅ ႀကိမ္ပါဝင္ကစားခဲ့ရာမွာ ၁၄ ႀကိမ္ေျမာက္ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ရႈံးပြဲမေတြ႕ခဲ့တာေၾကာင့္ ကိုပါအေမရိကၿပိဳင္ပြဲရဲ႕ အဖြင့္အဆင့္မွာ အရွည္လ်ားဆုံးရႈံးပြဲမရွိစံခ်ိန္(၁၀ ပြဲ)ကို ျပန္လိုက္မီခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.