Match Report Premier League

စင်ရော်တွေကို ၄ ဂိုးပြတ်ကြိတ်ပြီး ဂန်းနားတွေနဲ့ ၁ မှတ်အကွာကို ပြန်ရောက်လာတဲ့ စီးတီး

မန်ချက်စတာစီးတီးဟာ အေးမက်စ်ကွင်းမှာ ဘရိုက်တန်ကို ကြာသပတေးနေ့ညက ၄-၀ နဲ့ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယား ဦးဆောင်သူတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ၁ မှတ်အကွာကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးက ၃-၀ နဲ့ ဦးဆောင်နိုင်ချိန်ကတည်းက ဒုတိယနေရာက လီဗာပူးလ်ကို ကျော်ဖြတ်ပြီး အာဆင်နယ်နဲ့ အနီးဆုံးနေရာကို ပြန်ရောက်လာတာကြောင့် အန္တရာယ်ရှိတဲ့ပွဲတစ်ပွဲကတော့ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပြီဆိုတာ ထင်ရှားခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းနားရဲ့ ပထမပိုင်း ၁၇ မိနစ်မှာ သွင်းယူခဲ့တဲ့ အဖွင့်ဂိုးနဲ့ မန်ချက်စတာစီးတီးတို့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးက ဘယ်လ်ဂျီယမ်ကြယ်ပွင့်အတွက် ပရီးမီးယားလိဂ် ၆၈ ဂိုးမြောက်သွင်းဂိုးဖြစ်ပါတယ်။

နောက်ထပ် ၉ မိနစ်အကြာမှာ ဖီးလ် ဖိုဒန်က အငြင်းပွားဖွယ် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး အင်္ဂလန်တောင်ပံကစားသမားဟာ ကိုယ့်ဘာသာ ခြေချော်လဲကျခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း ဒိုင်လူကြီး ဂျားရတ် ဂီးလတ်က မန်စီးတီးတို့ကို အလွတ်တည်ကန်ဘောပေးခဲ့တာဖြစ်ပါတယ်။

ဖိုဒန်ရဲ့ အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းယူမှုက ပါစကယ် ဂရို့စ်ကို ထိပြီး လမ်းကြောင်း ပြောင်းသွားခဲ့တာကြောင့် ဂိုးသမား ဂျေဆင် စတီးလ် ဟန်ချက်ပျက်ပြီး ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်အတွက် ပြန်လာဖို့ မျှော်လင့်ချက်ကို နောက်ထပ် ၈မိနစ်အကြာမှာ ဖိုဒန်ရဲ့ ဂိုးအောက်ထောင့်ကို အဆုံးသတ်ကန်သွင်းယူမှုက ပျောက်ကွယ်သွားစေခဲ့ပြီး ဒီဇာဘီရဲ့အသင်းဟာ ပထမပိုင်းမှာတင်ပဲ ၃-၀ နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ၆၂ မိနစ်မှာ ယူလီယန် အယ်လ်ဗာရက်ဇ်က မန်ချက်စတာစီးတီးတို့အတွက် စတုတ္ထမြောက်နဲ့ နောက်ဆုံးသွင်းဂိုးကို သွင်းယူပေးသွားခဲ့ပြီး ဂွါဒီယိုလာရဲ့အသင်းက အရေးကြီးတဲ့ အဝေးကွင်းနိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာစီးတီးဟာ ေအးမက္စ္ကြင္းမွာ ဘ႐ိုက္တန္ကို ၾကာသပေတးေန႔ညက ၄-၀ နဲ႔ ဂိုးျပတ္ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယား ဦးေဆာင္သူေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ ၁ မွတ္အကြာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးက ၃-၀ နဲ႔ ဦးေဆာင္ႏိုင္ခ်ိန္ကတည္းက ဒုတိယေနရာက လီဗာပူးလ္ကို ေက်ာ္ျဖတ္ၿပီး အာဆင္နယ္နဲ႔ အနီးဆုံးေနရာကို ျပန္ေရာက္လာတာေၾကာင့္ အႏၲရာယ္ရွိတဲ့ပြဲတစ္ပြဲကေတာ့ ေအာင္ေအာင္ျမင္ျမင္နဲ႔ ၿပီးဆုံးခဲ့ၿပီဆိုတာ ထင္ရွားခဲ့တာျဖစ္ပါတယ္။

ဒီဘ႐ိုင္းနားရဲ႕ ပထမပိုင္း ၁၇ မိနစ္မွာ သြင္းယူခဲ့တဲ့ အဖြင့္ဂိုးနဲ႔ မန္ခ်က္စတာစီးတီးတို႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီသြင္းဂိုးက ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္အတြက္ ပရီးမီးယားလိဂ္ ၆၈ ဂိုးေျမာက္သြင္းဂိုးျဖစ္ပါတယ္။

ေနာက္ထပ္ ၉ မိနစ္အၾကာမွာ ဖီးလ္ ဖိုဒန္က အျငင္းပြားဖြယ္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး အဂၤလန္ေတာင္ပံကစားသမားဟာ ကိုယ့္ဘာသာ ေျခေခ်ာ္လဲက်ခဲ့ပုံေပၚခဲ့ေပမယ့္လည္း ဒိုင္လူႀကီး ဂ်ားရတ္ ဂီးလတ္က မန္စီးတီးတို႔ကို အလြတ္တည္ကန္ေဘာေပးခဲ့တာျဖစ္ပါတယ္။

ဖိုဒန္ရဲ႕ အလြတ္တည္ကန္ေဘာကေန တိုက္႐ိုက္ကန္သြင္းယူမႈက ပါစကယ္ ဂ႐ို႕စ္ကို ထိၿပီး လမ္းေၾကာင္း ေျပာင္းသြားခဲ့တာေၾကာင့္ ဂိုးသမား ေဂ်ဆင္ စတီးလ္ ဟန္ခ်က္ပ်က္ၿပီး ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ဘ႐ိုက္တန္အတြက္ ျပန္လာဖို႔ ေမွ်ာ္လင့္ခ်က္ကို ေနာက္ထပ္ ၈မိနစ္အၾကာမွာ ဖိုဒန္ရဲ႕ ဂိုးေအာက္ေထာင့္ကို အဆုံးသတ္ကန္သြင္းယူမႈက ေပ်ာက္ကြယ္သြားေစခဲ့ၿပီး ဒီဇာဘီရဲ႕အသင္းဟာ ပထမပိုင္းမွာတင္ပဲ ၃-၀ နဲ႔ ရႈံးနိမ့္ေနခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ၆၂ မိနစ္မွာ ယူလီယန္ အယ္လ္ဗာရက္ဇ္က မန္ခ်က္စတာစီးတီးတို႔အတြက္ စတုတၳေျမာက္နဲ႔ ေနာက္ဆုံးသြင္းဂိုးကို သြင္းယူေပးသြားခဲ့ၿပီး ဂြါဒီယိုလာရဲ႕အသင္းက အေရးႀကီးတဲ့ အေဝးကြင္းႏိုင္ပြဲကို ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.