Premier League Transfer News

26 Jan နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အသင်းမှာ အရန်ကွင်းလယ်အဖျက်ကစားသမား မိုဟာမက် အယ်လ်နန်နီ ဒဏ်ရာရနေလို့ အင်အားနည်းပါးနေတယ်လို့ တရားဝင် ဝန်ခံပြောဆိုသွားခဲ့အပြီးမှာ ဈေးကွက်မပိတ်ခင် လိုအပ်နေတဲ့ နောက်ထပ် ကွင်းလယ်လူတစ်ဦး အမြန်ဆုံး ခေါ်ယူသွားဖို့ ရှိနေ။

– အာဆင်နယ်တို့အနေနဲ့ လက်စတာစီးတီးကွင်းလယ်လူ ယူရီ တီးလီးမန်းစ်နဲ့ ဝုလ်ဗာဟမ့်ပ်တန်ကွင်းလယ်လူ ရူဘင် နာဗက်စ်တို့ကို သူတို့ရဲ့ အပြောင်းအရွှေ့ ရေဒါထဲမှာ စောင့်ကြည့်နေဆဲဖြစ်ပြီး လက်ရှိအချိန်မှာ အဖျက်ရော အဖြန့်ပါ အားကိုးရမယ့်သူတစ်ဦးကို ရှာဖွေနေတာဖြစ်လို့ ပေါ်တူဂီသားကို ပိုအလေးပေး ကြိုးစားဖွယ်ရှိနေ။

– ကွင်းလယ်အဖျက်ကစားသမားတစ်ဦး အလိုရှိနေတဲ့ အာဆင်နယ်တို့အနေနဲ့ ပေါ်တူဂီကလပ် ဗစ်တိုးရီးယား ဂီမာရိုင်းစ်အသင်းရဲ့ အသက် ၂၀ အရွယ် ကွင်းလယ်လူ အီဘရာဟီမာ ဘမ်ဘာကို အလိုရှိနေပြီး သူ့ရဲ့ အေးဂျင့်ကလည်း လန်ဒန်ကို ရောက်ရှိနေတဲ့အတွက် အိုင်ဗရီကို့စ်နွယ်ဖွား အီတလီသားအတွက် ခန့်မှန်းမှုတွေ မြင့်တက်လာ။

– ဒေါ့မွန်အသင်းရဲ့ အကြိုက်လိုက်ပြီး ဆွဲဆောင်မှုတွေနဲ့ လူငယ်တွေအတွက် စင်တင်ပေးနေတဲ့ အားသာချက်တွေ ရှိနေတာကြောင့် အာဆင်နယ်တို့အနေနဲ့ ပရီးမီးယားလိဂ်ကို ဦးဆောင်နေခဲ့ပေမယ့်လည်း ဗယ်လာဒိုလစ်အသင်းရဲ့ ညာနောက်ခံလူ အီဗန် ဖရက်စ်နီဒါကို ဆွဲဆောင်ခေါ်ယူနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရ။

– စာချုပ်သက်တမ်း မတိုးတော့ဘူးဆိုလို့ ဂျာမန်ကလပ် မိုချန်ဂလာဘက်ချ်အသင်းဘက်က ယူရို ၁၅ သန်း (ပေါင် ၁၃.၅ သန်း) သတ်မှတ်ပြီး ရောင်းချနေတဲ့ တိုက်စစ်မှူး မားကပ်စ် သူရမ်ကို ချဲလ်ဆီးဘက်က ပေါင် ၈ သန်းခွဲထက် ပိုမပေးဘူးလို့ ဆုံးဖြတ်လိုက်တာကြောင့် ဂန်းနားတို့ ညှိနှိုင်းခေါ်ယူနိုင်ခွင့် ရှိလာ။

– နွေရာသီမှာ လီလ်အသင်းကနေ ပေါင် ၃၃ သန်းနဲ့ ခေါ်ယူခဲ့ပြီး အဲဗာတန်အသင်းကနေ ပြန်လည်ရောင်းချတော့မယ့် ကွင်းလယ်လူ အာမာဒူ အိုနာနာကို အာဆင်နယ်တို့ ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းသွားနိုင်ဖို့ စီစဉ်နေပြီး အရပ်အမောင်း မြင့်မားသလို ကွင်းလယ်မှာ အင်အားကြီးတဲ့ ကစားသမားကို ခေါ်ယူနိုင်ဖွယ်ရှိနေလို့ ဂျင်းကောင် ဆမ်ဘီ လိုကွန်ဂါတော့ စမုံတုံးပြီလို့ လူပြောများနေကြ။

– အာဆင်နယ်တို့အနေနဲ့ ဘရိုက်တန်ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုကို ချဲလ်ဆီးအသင်းနဲ့အပြိုင်‌ ခေါ်ယူသွားဖို့ အလိုရှိနေပေမယ့် အသက် ၂၀ အရွယ် အီကွေဒေါ အဖျက်သမားအတွက် ပေါင် ၇၅ သန်းဆိုတဲ့ ငွေကြေးပမာဏကိုတော့ အသင်းရဲ့ အပြောင်းအရွှေ့ ပေါ်လစီနဲ့ မကိုက်ညီလို့ အသုံးပြုဖွယ် မရှိနိုင်ကြောင်း သိရ။

– ဂန်းနားတွေအနေနဲ့ လာမယ့် နွေရာသီကျရင် တောင်ပံတိုက်စစ်ကို အားဖြည့်သွားဖို့အတွက် လက်ရှိကစားသမားတွေနဲ့ ကွဲပြားခြားနားတဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားတဲ့ ဂျူဗင်တပ်စ်တောင်ပံကစားသမား ဖက်ဒါရီကို ခီယေးဆာကို အလိုရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရနိုင်လို့ အသင်းက ထွက်ခွာမယ့် အီတလီသားကို ဇန်နဝါရီမှာ ပေါင် ၁၇ သန်းနဲ့ ခေါ်ယူနိုင်မလားလို့လည်း စောင့်ကြည့်နေ။

– ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်အနေနဲ့ အာဆင်နယ်အသင်းရဲ့ ဂရုတစိုက် အတိမ်းအစောင်းမခံဘဲ တည်ဆောက်လာခဲ့တဲ့ လုပ်ငန်းစဉ်ကို ယုံကြည်သူတစ်ဦး ဖြစ်နေခဲ့ပြီး သူ့ရဲ့ နွေရာသီ အပြောင်းအရွှေ့လုပ်ဖို့ ဦးတည်ချက်ဟာ ဂန်းနားတစ်ယောက်ဖြစ်ဖို့ပဲလို့ ဂျာနယ်လစ်တော်တော်များများက ထုတ်ဖော်ရေးသားနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ အသင္းမွာ အရန္ကြင္းလယ္အဖ်က္ကစားသမား မိုဟာမက္ အယ္လ္နန္နီ ဒဏ္ရာရေနလို႔ အင္အားနည္းပါးေနတယ္လို႔ တရားဝင္ ဝန္ခံေျပာဆိုသြားခဲ့အၿပီးမွာ ေဈးကြက္မပိတ္ခင္ လိုအပ္ေနတဲ့ ေနာက္ထပ္ ကြင္းလယ္လူတစ္ဦး အျမန္ဆုံး ေခၚယူသြားဖို႔ ရွိေန။

– အာဆင္နယ္တို႔အေနနဲ႔ လက္စတာစီးတီးကြင္းလယ္လူ ယူရီ တီးလီးမန္းစ္နဲ႔ ဝုလ္ဗာဟမ့္ပ္တန္ကြင္းလယ္လူ ႐ူဘင္ နာဗက္စ္တို႔ကို သူတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ ေရဒါထဲမွာ ေစာင့္ၾကည့္ေနဆဲျဖစ္ၿပီး လက္ရွိအခ်ိန္မွာ အဖ်က္ေရာ အျဖန႔္ပါ အားကိုးရမယ့္သူတစ္ဦးကို ရွာေဖြေနတာျဖစ္လို႔ ေပၚတူဂီသားကို ပိုအေလးေပး ႀကိဳးစားဖြယ္ရွိေန။

– ကြင္းလယ္အဖ်က္ကစားသမားတစ္ဦး အလိုရွိေနတဲ့ အာဆင္နယ္တို႔အေနနဲ႔ ေပၚတူဂီကလပ္ ဗစ္တိုးရီးယား ဂီမာ႐ိုင္းစ္အသင္းရဲ႕ အသက္ ၂၀ အ႐ြယ္ ကြင္းလယ္လူ အီဘရာဟီမာ ဘမ္ဘာကို အလိုရွိေနၿပီး သူ႔ရဲ႕ ေအးဂ်င့္ကလည္း လန္ဒန္ကို ေရာက္ရွိေနတဲ့အတြက္ အိုင္ဗရီကို႔စ္ႏြယ္ဖြား အီတလီသားအတြက္ ခန႔္မွန္းမႈေတြ ျမင့္တက္လာ။

– ေဒါ့မြန္အသင္းရဲ႕ အႀကိဳက္လိုက္ၿပီး ဆြဲေဆာင္မႈေတြနဲ႔ လူငယ္ေတြအတြက္ စင္တင္ေပးေနတဲ့ အားသာခ်က္ေတြ ရွိေနတာေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ ပရီးမီးယားလိဂ္ကို ဦးေဆာင္ေနခဲ့ေပမယ့္လည္း ဗယ္လာဒိုလစ္အသင္းရဲ႕ ညာေနာက္ခံလူ အီဗန္ ဖရက္စ္နီဒါကို ဆြဲေဆာင္ေခၚယူႏိုင္ဖို႔ ခက္ခက္ခဲခဲ ႀကိဳးပမ္းေနရ။

– စာခ်ဳပ္သက္တမ္း မတိုးေတာ့ဘူးဆိုလို႔ ဂ်ာမန္ကလပ္ မိုခ်န္ဂလာဘက္ခ်္အသင္းဘက္က ယူ႐ို ၁၅ သန္း (ေပါင္ ၁၃.၅ သန္း) သတ္မွတ္ၿပီး ေရာင္းခ်ေနတဲ့ တိုက္စစ္မႉး မားကပ္စ္ သူရမ္ကို ခ်ဲလ္ဆီးဘက္က ေပါင္ ၈ သန္းခြဲထက္ ပိုမေပးဘူးလို႔ ဆုံးျဖတ္လိုက္တာေၾကာင့္ ဂန္းနားတို႔ ညႇိႏႈိင္းေခၚယူႏိုင္ခြင့္ ရွိလာ။

– ေႏြရာသီမွာ လီလ္အသင္းကေန ေပါင္ ၃၃ သန္းနဲ႔ ေခၚယူခဲ့ၿပီး အဲဗာတန္အသင္းကေန ျပန္လည္ေရာင္းခ်ေတာ့မယ့္ ကြင္းလယ္လူ အာမာဒူ အိုနာနာကို အာဆင္နယ္တို႔ ေပါင္သန္း ၅၀ နဲ႔ ကမ္းလွမ္းသြားႏိုင္ဖို႔ စီစဥ္ေနၿပီး အရပ္အေမာင္း ျမင့္မားသလို ကြင္းလယ္မွာ အင္အားႀကီးတဲ့ ကစားသမားကို ေခၚယူႏိုင္ဖြယ္ရွိေနလို႔ ဂ်င္းေကာင္ ဆမ္ဘီ လိုကြန္ဂါေတာ့ စမုံတုံးၿပီလို႔ လူေျပာမ်ားေနၾက။

– အာဆင္နယ္တို႔အေနနဲ႔ ဘ႐ိုက္တန္ကြင္းလယ္လူ မြိဳက္ဆက္စ္ ကိုင္စီဒိုကို ခ်ဲလ္ဆီးအသင္းနဲ႔အၿပိဳင္‌ ေခၚယူသြားဖို႔ အလိုရွိေနေပမယ့္ အသက္ ၂၀ အ႐ြယ္ အီေကြေဒါ အဖ်က္သမားအတြက္ ေပါင္ ၇၅ သန္းဆိုတဲ့ ေငြေၾကးပမာဏကိုေတာ့ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕ ေပၚလစီနဲ႔ မကိုက္ညီလို႔ အသုံးျပဳဖြယ္ မရွိႏိုင္ေၾကာင္း သိရ။

– ဂန္းနားေတြအေနနဲ႔ လာမယ့္ ေႏြရာသီက်ရင္ ေတာင္ပံတိုက္စစ္ကို အားျဖည့္သြားဖို႔အတြက္ လက္ရွိကစားသမားေတြနဲ႔ ကြဲျပားျခားနားတဲ့ ကစားဟန္ကို ပိုင္ဆိုင္ထားတဲ့ ဂ်ဴဗင္တပ္စ္ေတာင္ပံကစားသမား ဖက္ဒါရီကို ခီေယးဆာကို အလိုရွိေနၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္မရႏိုင္လို႔ အသင္းက ထြက္ခြာမယ့္ အီတလီသားကို ဇန္နဝါရီမွာ ေပါင္ ၁၇ သန္းနဲ႔ ေခၚယူႏိုင္မလားလို႔လည္း ေစာင့္ၾကည့္ေန။

– ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ ကြင္းလယ္လူ ဒက္ကလန္ ႐ိုက္စ္အေနနဲ႔ အာဆင္နယ္အသင္းရဲ႕ ဂ႐ုတစိုက္ အတိမ္းအေစာင္းမခံဘဲ တည္ေဆာက္လာခဲ့တဲ့ လုပ္ငန္းစဥ္ကို ယုံၾကည္သူတစ္ဦး ျဖစ္ေနခဲ့ၿပီး သူ႔ရဲ႕ ေႏြရာသီ အေျပာင္းအေ႐ႊ႕လုပ္ဖို႔ ဦးတည္ခ်က္ဟာ ဂန္းနားတစ္ေယာက္ျဖစ္ဖို႔ပဲလို႔ ဂ်ာနယ္လစ္ေတာ္ေတာ္မ်ားမ်ားက ထုတ္ေဖာ္ေရးသားေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.