Premier League Transfer News

မူဒရစ်ခ်ကို ရှက်ခ်တာတို့ ဈေးတင်ရိုက်ဖို့ ကူညီခဲ့ပေမယ့် စုံကန်ခံလိုက်ရတဲ့ ဒီဇာဘီ

ဘရိုက်တန်နည်းပြ ရောဘတ်တို ဒီဇာဘီအနေနဲ့ ပြီးခဲ့တဲ့ ချဲလ်ဆီး၊ အာဆင်နယ်တို့နဲ့ လွန်ဆွဲခဲ့တဲ့ တောင်ပံကစားသမား မိုက်ခေလို မူဒရစ်ခ်ရဲ့ အပြောင်းအရွှေ့မှာ ရှက်ခ်တာဒိုးနက်စ်ခ်တို့ဘက် ဝင်လှော်ပေးပြီး ကစားသမားရဲ့ တန်ဖိုး မြင့်သထက်မြင့်အောင် ကြော်ငြာရိုက်ပေးခဲ့ပေမယ့် သူ့ကိုတော့ အသင်းဟောင်းက အထာမထားဘဲ ရိုက်ချလိုက်တာကို ခံလိုက်ရကြောင်း သိရပါတယ်။

မူဒရစ်ခ်အနေနဲ့ အာဆင်နယ်အသင်းကို ရောက်ဖို့ နီးစပ်နေခဲ့ပြီး ပြောင်းရွှေ့ကြေးလည်း ပေါင်သန်း ၆၀ ကျော်လောက်နဲ့ ရှက်ခ်တာတို့ လိုချင်တဲ့ ဈေးမရဘဲ လက်လွှတ်ရတော့မယ့်အချိန်မှာ ယူကရိန်းကလပ်ရဲ့ နည်းပြဟောင်းတစ်ဖြစ်လဲ ဘရိုက်တန်နည်းပြ ဒီဇာဘီအနေနဲ့ သူစင်တင်ပေးခဲ့တဲ့ တပည့်ဟောင်းဟာ ဘယ်လွန်ဒေါရမယ့်သူဆိုပြီး ဝင်ထောက်ခံခဲ့အပြီးမှာ အခြေအနေတွေက တစ်မျိုးပြောင်းလဲကုန်ခဲ့တာပါ။

အီတလီသားရဲ့ ကြော်ငြာကောင်းမှုကြောင့် အစက စိတ်မဝင်စားသလို နေခဲ့တဲ့ ချဲလ်ဆီးတို့အနေနဲ့ အသက် ၂၂ နှစ်အရွယ် ယူကရိန်းသားကို ခေါ်ယူဖို့ ပြိုင်ပွဲထဲ ပါလာခဲ့ပြီး အာဆင်နယ်တို့ထက် ဈေးပိုပေးခဲ့သလို ကစားသမားကိုလည်း လုပ်ခနှစ်ဆနီးပါး ပိုပေးပြီး စည်းရုံးသွားခဲ့တဲ့အတွက် ရှက်ခ်တာတို့ အမြတ်ကြီးကြီးနဲ့ သာယာသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို မူဒရစ်ခ်ရဲ့ ပေါင်သန်း ၉၀ တန် ကြော်ငြာရိုက်ရာမှာ ကူညီပေးခဲ့ပေမယ့် ဒီဇာဘီကိုတော့ ကျေးဇူးတုံ့ပြန်ခြင်း မခံခဲ့ရဘဲ သူလိုချင်တဲ့ ကစားသမားကို ကမ်းလှမ်းရာမှာတော့ ရှက်ခ်တာတို့ဘက်က ဘာသံယောဇဉ်၊ ဘာကျေးဇူးတရားကိုမှ မထောက်ဘဲ ခေါ်ဈေး မပေးရင် ဟင့်အင်းပဲလို့ အထာမထားဘဲ ပစ်ပယ်တာခံလိုက်ရတာပါ။

ဒီဇာဘီအနေနဲ့ ရှက်ခ်တာတို့ရဲ့ ဘယ်နောက်ခံနဲ့ ဗဟိုခံစစ်ဘယ်ခြမ်းမှာ ကစားနိုင်တဲ့ မိုက်ကိုလာ မက်ဗီယင်ကို,ကို ဘရိုက်တန်အသင်းဆီ ခေါ်ယူဖို့ အလိုရှိနေခဲ့တာဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ကစားသမားအတွက် သင့်တော်တဲ့ တန်ကြေးဖြစ်တဲ့ ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းခဲ့ချိန်မှာ ပြတ်ပြတ်သားသားပဲ ပယ်ချခံခဲ့ရတာဖြစ်ပါတယ်။

မက်ဗီယင်ကိုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့လို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတွေကို ရောက်ဖို့ နီးစပ်ခဲ့ပြီး ပြောဆိုဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ကိုယ့်အမှတ်ပေးပြိုင်ပွဲကို ကိုယ်အဟုတ်ထင်နေပြီး ဈေးတောင်းကြမ်းလွန်းတဲ့ ရှက်ခ်တာတို့ကြောင့် အလုပ်မဖြစ်ခဲ့တာကြောင့် ယူကရိန်းမှာပဲ ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းနေခဲ့ရတာပါ။

ရှက်ခ်တာတို့အနေနဲ့ ဒီထက်ပိုပြီး ဘယ်လောက်မှ ကောင်းလာစရာ မရှိတော့တဲ့ မက်ဗီယင်ကိုအတွက် ပေါင်သန်း ၂၀ အပြင် ကြီးမားတဲ့ အနာဂတ် ခံစားခွင့်တွေကို အလိုရှိနေခဲ့ပြီး လာမယ့် မေမှာ ၂၇ နှစ်ပြည့်တော့မယ့် ကစားသမားကို ခေါ်ယူဖို့ ကြိုးစားတဲ့ ဒီဇာဘီအတွက်တော့ ဘာကျေးဇူးမှ မထောက်ထားဘဲ စုံကန်ခံလိုက်ရတာက ငိုရမလို ရယ်ရမလိုဖြစ်နေခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ိုက္တန္နည္းျပ ေရာဘတ္တို ဒီဇာဘီအေနနဲ႔ ၿပီးခဲ့တဲ့ ခ်ဲလ္ဆီး၊ အာဆင္နယ္တို႔နဲ႔ လြန္ဆြဲခဲ့တဲ့ ေတာင္ပံကစားသမား မိုက္ေခလို မူဒရစ္ခ္ရဲ႕ အေျပာင္းအေ႐ႊ႕မွာ ရွက္ခ္တာဒိုးနက္စ္ခ္တို႔ဘက္ ဝင္ေလွာ္ေပးၿပီး ကစားသမားရဲ႕ တန္ဖိုး ျမင့္သထက္ျမင့္ေအာင္ ေၾကာ္ျငာ႐ိုက္ေပးခဲ့ေပမယ့္ သူ႔ကိုေတာ့ အသင္းေဟာင္းက အထာမထားဘဲ ႐ိုက္ခ်လိုက္တာကို ခံလိုက္ရေၾကာင္း သိရပါတယ္။

မူဒရစ္ခ္အေနနဲ႔ အာဆင္နယ္အသင္းကို ေရာက္ဖို႔ နီးစပ္ေနခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကးလည္း ေပါင္သန္း ၆၀ ေက်ာ္ေလာက္နဲ႔ ရွက္ခ္တာတို႔ လိုခ်င္တဲ့ ေဈးမရဘဲ လက္လႊတ္ရေတာ့မယ့္အခ်ိန္မွာ ယူကရိန္းကလပ္ရဲ႕ နည္းျပေဟာင္းတစ္ျဖစ္လဲ ဘ႐ိုက္တန္နည္းျပ ဒီဇာဘီအေနနဲ႔ သူစင္တင္ေပးခဲ့တဲ့ တပည့္ေဟာင္းဟာ ဘယ္လြန္ေဒါရမယ့္သူဆိုၿပီး ဝင္ေထာက္ခံခဲ့အၿပီးမွာ အေျခအေနေတြက တစ္မ်ိဳးေျပာင္းလဲကုန္ခဲ့တာပါ။

အီတလီသားရဲ႕ ေၾကာ္ျငာေကာင္းမႈေၾကာင့္ အစက စိတ္မဝင္စားသလို ေနခဲ့တဲ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ အသက္ ၂၂ ႏွစ္အ႐ြယ္ ယူကရိန္းသားကို ေခၚယူဖို႔ ၿပိဳင္ပြဲထဲ ပါလာခဲ့ၿပီး အာဆင္နယ္တို႔ထက္ ေဈးပိုေပးခဲ့သလို ကစားသမားကိုလည္း လုပ္ခႏွစ္ဆနီးပါး ပိုေပးၿပီး စည္း႐ုံးသြားခဲ့တဲ့အတြက္ ရွက္ခ္တာတို႔ အျမတ္ႀကီးႀကီးနဲ႔ သာယာသြားခဲ့တာျဖစ္ပါတယ္။

အဲ့ဒီလို မူဒရစ္ခ္ရဲ႕ ေပါင္သန္း ၉၀ တန္ ေၾကာ္ျငာ႐ိုက္ရာမွာ ကူညီေပးခဲ့ေပမယ့္ ဒီဇာဘီကိုေတာ့ ေက်းဇူးတုံ႔ျပန္ျခင္း မခံခဲ့ရဘဲ သူလိုခ်င္တဲ့ ကစားသမားကို ကမ္းလွမ္းရာမွာေတာ့ ရွက္ခ္တာတို႔ဘက္က ဘာသံေယာဇဥ္၊ ဘာေက်းဇူးတရားကိုမွ မေထာက္ဘဲ ေခၚေဈး မေပးရင္ ဟင့္အင္းပဲလို႔ အထာမထားဘဲ ပစ္ပယ္တာခံလိုက္ရတာပါ။

ဒီဇာဘီအေနနဲ႔ ရွက္ခ္တာတို႔ရဲ႕ ဘယ္ေနာက္ခံနဲ႔ ဗဟိုခံစစ္ဘယ္ျခမ္းမွာ ကစားႏိုင္တဲ့ မိုက္ကိုလာ မက္ဗီယင္ကို,ကို ဘ႐ိုက္တန္အသင္းဆီ ေခၚယူဖို႔ အလိုရွိေနခဲ့တာျဖစ္ၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ ကစားသမားအတြက္ သင့္ေတာ္တဲ့ တန္ေၾကးျဖစ္တဲ့ ေပါင္ ၁၀ သန္းနဲ႔ ကမ္းလွမ္းခဲ့ခ်ိန္မွာ ျပတ္ျပတ္သားသားပဲ ပယ္ခ်ခံခဲ့ရတာျဖစ္ပါတယ္။

မက္ဗီယင္ကိုအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၂၁ ေႏြရာသီ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ မန္ခ်က္စတာစီးတီးနဲ႔ အာဆင္နယ္တို႔လို ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းႀကီးေတြကို ေရာက္ဖို႔ နီးစပ္ခဲ့ၿပီး ေျပာဆိုေဆြးေႏြးမႈေတြ ရွိခဲ့ေပမယ့္ ကိုယ့္အမွတ္ေပးၿပိဳင္ပြဲကို ကိုယ္အဟုတ္ထင္ေနၿပီး ေဈးေတာင္းၾကမ္းလြန္းတဲ့ ရွက္ခ္တာတို႔ေၾကာင့္ အလုပ္မျဖစ္ခဲ့တာေၾကာင့္ ယူကရိန္းမွာပဲ ကစားသမားဘဝကို ဆက္လက္ျဖတ္သန္းေနခဲ့ရတာပါ။

ရွက္ခ္တာတို႔အေနနဲ႔ ဒီထက္ပိုၿပီး ဘယ္ေလာက္မွ ေကာင္းလာစရာ မရွိေတာ့တဲ့ မက္ဗီယင္ကိုအတြက္ ေပါင္သန္း ၂၀ အျပင္ ႀကီးမားတဲ့ အနာဂတ္ ခံစားခြင့္ေတြကို အလိုရွိေနခဲ့ၿပီး လာမယ့္ ေမမွာ ၂၇ ႏွစ္ျပည့္ေတာ့မယ့္ ကစားသမားကို ေခၚယူဖို႔ ႀကိဳးစားတဲ့ ဒီဇာဘီအတြက္ေတာ့ ဘာေက်းဇူးမွ မေထာက္ထားဘဲ စုံကန္ခံလိုက္ရတာက ငိုရမလို ရယ္ရမလိုျဖစ္ေနခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.