Premier League

အိုနားနား 92 ကြောင်ပြန်ပေမယ့် ဂိုးသွင်းကြမ်းနေတဲ့ BMH တိုက်စစ်အတွဲကြောင့် ရှက်ဖီးကို ဂိုးပြတ်နိုင်တဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားအောက်ခြေက တန်းဆင်းဖို့သေချာသွားပြီဖြစ်တဲ့ ပေးဂိုးအများဆုံး ရှက်ဖီးယူနိုက်တက်အသင်းကို အိပ်မက်ကဇာတ်ရုံကြီးမှာ ပွဲကြမ်းပြီး အပြတ်တီးမယ်ဆိုပြီး စတင်ကစားခဲ့ပါတယ်။

ဒါပေမယ့် ဂိုးစပေးလိုက်ရတာတော့ မန်ယူနိုက်တက်ဖြစ်ပြီး ပွဲချိန် ၃၅ မိနစ်မှာ အိုနာနာအနေနဲ့ ဘောလုံးပေးရာမှာ ယူနိုက်တက်ခြင်းမှားကာ ရှက်ဖီးယူနိုက်တက် ကစားသမားဆီ ဘောလုံးပေးလိုက်မိပြီး အဲဘောလုံးကို ရရှိသွားတဲ့ ရှက်ဖီးယူနိုက်တက် ကစားသမား ဘိုဂယ်လ်က ကန်သွင်းပြီး ရှက်ဖီးအသင်းက ဂိုးရရှိသွားခဲ့ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရပြီး မန်ယူနိုက်တက်တို့ ချေပဂိုးရရန်ကြိုးစားခဲ့ရာ ပွဲချိန် ၄၂ မိနစ်မှာ ဂါနာချိုရဲ့ ဖြတ်တင်ပေးပို့မှုကို ခုနောက်ပိုင်း ဂိုးမြူးနေတဲ့ ဟာရီ မက်ဂွိုင်းယားက လှလှပပ ခေါင်းတိုက်ပြီး ချေပဂိုးသွင်းပေးခဲ့ပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာ ရှက်ဖီးအသင်းမှ အိုစဘွန်း ဘယ်တောင်ပံက ပေးပို့လိုက်တဲ့ ဘောလုံးကို မန်ယူနိုက်တက်နောက်တန်းကစားသမားတွေ ဝေလေလေလုပ်နေကြပြီး လူကပ်ထားခြင်းမရှိတဲ့ ဘန် ဒီယက်ဇ်က အပိုင်ပိတ်သွင်းသွားလို့ ဂိုးသမား အိုနာနာ ဘယ်လိုမှ မတတ်နိုင်ပဲ ဂိုးပေးခဲ့ရပြန်ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာ တောက်လျောက်တိုက်စစ်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်ကို မထိန်းနိုင်ပဲ ရှက်ဖီးနောက်ခံကစားသမား အောစတန် ထရက်စလေဟာ မက်ဂွိုင်းယားကို ပယ်နယ်တီစည်းထဲ ဆွဲလှဲချမိလို့ ပယ်နယ်တီပေးခံခဲ့ရပါတယ်။ ဒီပယ်နယ်တီကို ဘရူနို ဖာနန်ဒက်က ဂိုးအဖြစ်သေချာစေပြီး ယူနိုက်တက်အသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ အနိုင်ဂိုးရဖို့ တိုက်စစ်ဆင်ရင်း ကိုဘီ မိုင်နူး၏ ပေးပို့မှုကို ဘရူနို ဖာနန်ဒက်က ဂိုးဧရိယာထိပ်ကနေအပြင်းကန်သွင်းပြီး အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့လို့ ပွဲချိန် ၈၁ မိနစ်မှာအနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပြီး ပွဲကို ၃ ဂိုး ၂ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာ ဘရူနို ဖာနန်ဒက်၏ ညာခြမ်းမှ ပေးပို့မှုကို ဂိုးရှေ့မှာနေရာအသင့်ယူထားတဲ့ ဟွိုက်လန်းက အပိုင်ပိတ်သွင်းယူပြီး ပွဲပြီးဆုံးချိန်ထိ တစ်ဖက်နဲ့ တစ်ဖက် ဂိုးထပ်မံမသွင်းယူနိုင်တော့ပဲ မန်ချက်စတာယူနိုက်တက်အသင်းက ရှက်ဖီးယူနိုက်တက်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာကို သိမ်းပိုက်ကာ ဥရောပဝင်ခွင့်တစ်နေရာအတွက် နေရာယူထားနိုင်ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့ပွဲမှာ ဂိုးကန်သွင်းချက် ၁၃ ကြိမ်ထိရှိခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၁% နဲ့ အကောင်းဆုံးကစားနိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြတန်ဟက်ဟာ ယခုပွဲမှာ မန်ချက်စတာယူနိုက်တက် ယူ-၁၈ အသင်း ဂိုးသွင်းစက် အီသန် ဝှစ်စလေကို ပွဲချိန် မိနစ် ၉၀ မှာ ဟွိုက်လန်းအစား လူစားဝင်ကစားစေခဲ့ပါတယ်။ ဒီလူငယ်ကစားသမားလေးဟာ မန်ချက်စတာယူနိုက်တက်အသင်းကြီးအတွက် ပွဲထွက်ခွင့်စရခဲ့ပြီး ၁၁ မိနစ်တိတိ ကစားခဲ့ရပါတယ်။

SportsA2Z

Zawgyi:
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အမွတ္ေပးဇယားေအာက္ေျခက တန္းဆင္းဖို႔ေသခ်ာသြားၿပီျဖစ္တဲ့ ေပးဂိုးအမ်ားဆုံး ရွက္ဖီးယူႏိုက္တက္အသင္းကို အိပ္မက္ကဇာတ္႐ုံႀကီးမွာ ပြဲၾကမ္းၿပီး အျပတ္တီးမယ္ဆိုၿပီး စတင္ကစားခဲ့ပါတယ္။

ဒါေပမယ့္ ဂိုးစေပးလိုက္ရတာေတာ့ မန္ယူႏိုက္တက္ျဖစ္ၿပီး ပြဲခ်ိန္ ၃၅ မိနစ္မွာ အိုနာနာအေနနဲ႔ ေဘာလုံးေပးရာမွာ ယူႏိုက္တက္ျခင္းမွားကာ ရွက္ဖီးယူႏိုက္တက္ ကစားသမားဆီ ေဘာလုံးေပးလိုက္မိၿပီး အဲေဘာလုံးကို ရရွိသြားတဲ့ ရွက္ဖီးယူႏိုက္တက္ ကစားသမား ဘိုဂယ္လ္က ကန္သြင္းၿပီး ရွက္ဖီးအသင္းက ဂိုးရရွိသြားခဲ့ပါတယ္။

ဦးေဆာင္ဂိုးေပးလိုက္ရၿပီး မန္ယူႏိုက္တက္တို႔ ေခ်ပဂိုးရရန္ႀကိဳးစားခဲ့ရာ ပြဲခ်ိန္ ၄၂ မိနစ္မွာ ဂါနာခ်ိဳရဲ႕ ျဖတ္တင္ေပးပို႔မႈကို ခုေနာက္ပိုင္း ဂိုးျမဴးေနတဲ့ ဟာရီ မက္ဂြိဳင္းယားက လွလွပပ ေခါင္းတိုက္ၿပီး ေခ်ပဂိုးသြင္းေပးခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၅၀ မွာ ရွက္ဖီးအသင္းမွ အိုစဘြန္း ဘယ္ေတာင္ပံက ေပးပို႔လိုက္တဲ့ ေဘာလုံးကို မန္ယူႏိုက္တက္ေနာက္တန္းကစားသမားေတြ ေဝေလေလလုပ္ေနၾကၿပီး လူကပ္ထားျခင္းမရွိတဲ့ ဘန္ ဒီယက္ဇ္က အပိုင္ပိတ္သြင္းသြားလို႔ ဂိုးသမား အိုနာနာ ဘယ္လိုမွ မတတ္ႏိုင္ပဲ ဂိုးေပးခဲ့ရျပန္ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာ ေတာက္ေလ်ာက္တိုက္စစ္ဆင္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္ကို မထိန္းႏိုင္ပဲ ရွက္ဖီးေနာက္ခံကစားသမား ေအာစတန္ ထရက္စေလဟာ မက္ဂြိဳင္းယားကို ပယ္နယ္တီစည္းထဲ ဆြဲလွဲခ်မိလို႔ ပယ္နယ္တီေပးခံခဲ့ရပါတယ္။ ဒီပယ္နယ္တီကို ဘ႐ူႏို ဖာနန္ဒက္က ဂိုးအျဖစ္ေသခ်ာေစၿပီး ယူႏိုက္တက္အသင္း ေခ်ပဂိုးျပန္လည္ရရွိခဲ့ပါတယ္။

ယူႏိုက္တက္အသင္းအေနနဲ႔ အႏိုင္ဂိုးရဖို႔ တိုက္စစ္ဆင္ရင္း ကိုဘီ မိုင္ႏူး၏ ေပးပို႔မႈကို ဘ႐ူႏို ဖာနန္ဒက္က ဂိုးဧရိယာထိပ္ကေနအျပင္းကန္သြင္းၿပီး အေကာင္းဆုံး အဆုံးသတ္ႏိုင္ခဲ့လို႔ ပြဲခ်ိန္ ၈၁ မိနစ္မွာအႏိုင္ဂိုးကိုသြင္းယူႏိုင္ခဲ့ၿပီး ပြဲကို ၃ ဂိုး ၂ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္၏ ညာျခမ္းမွ ေပးပို႔မႈကို ဂိုးေရွ႕မွာေနရာအသင့္ယူထားတဲ့ ဟြိဳက္လန္းက အပိုင္ပိတ္သြင္းယူၿပီး ပြဲၿပီးဆုံးခ်ိန္ထိ တစ္ဖက္နဲ႔ တစ္ဖက္ ဂိုးထပ္မံမသြင္းယူႏိုင္ေတာ့ပဲ မန္ခ်က္စတာယူႏိုက္တက္အသင္းက ရွက္ဖီးယူႏိုက္တက္အသင္းကို ၄ ဂိုး ၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး အမွတ္ေပးဇယား အဆင့္ ၆ ေနရာကို သိမ္းပိုက္ကာ ဥေရာပဝင္ခြင့္တစ္ေနရာအတြက္ ေနရာယူထားႏိုင္ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီေန႔ပြဲမွာ ဂိုးကန္သြင္းခ်က္ ၁၃ ႀကိမ္ထိရွိခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၇၁% နဲ႔ အေကာင္းဆုံးကစားႏိုင္ခဲ့တာျဖစ္ပါတယ္။ နည္းျပတန္ဟက္ဟာ ယခုပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ ယူ-၁၈ အသင္း ဂိုးသြင္းစက္ အီသန္ ဝွစ္စေလကို ပြဲခ်ိန္ မိနစ္ ၉၀ မွာ ဟြိဳက္လန္းအစား လူစားဝင္ကစားေစခဲ့ပါတယ္။ ဒီလူငယ္ကစားသမားေလးဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းႀကီးအတြက္ ပြဲထြက္ခြင့္စရခဲ့ၿပီး ၁၁ မိနစ္တိတိ ကစားခဲ့ရပါတယ္။

SportsA2Z