Match Report Premier League

ချဲလ်ဆီးကို ရှယ်တီးပြီး ဇယားထိပ်မှာ ဆက်လက်ဦးဆောင်လိုက်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ အမ်းမရိတ်စ်မှာ ၅-၀ နဲ့ ချဲလ်ဆီးကို ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ ၃ မှတ်အသာနဲ့ ဆုဖလား စိန်ခေါ်နိုင်စွမ်းရှိကြောင်း သက်သေပြသခဲ့ပါတယ်။

လီအန်ဒရို ထရော့ဆာ့ဒ်က ပထမပိုင်းအစောပိုင်းမှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ကိုင် ဟာဗတ်ဇ်နဲ့ ဘန် ဝှိုက်တို့က ဒုတိယပိုင်းမှာ ၂ ဂိုးစီ သွင်းယူသွားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ ကြီးမားတဲ့နိုင်ပွဲဟာ အက်စတန် ဗီလာနဲ့ ဘိုင်ယန်မြူးနစ်တို့ကို ၂ ပွဲဆက်တိုက်ရှုံးနိမ့်ပြီး ဝုဗ်ကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် ၃ ရက်အကြာမှာ ရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက လီဗာပူးလ်ထက် ၃ မှတ်အသာနဲ့ ဇယားထိပ်မှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး ၂ ပွဲလျော့နေတဲ့ တတိယနေရာက မန်စီးတီးကို ၄ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဆုဖလားပြိုင်ပွဲအတွက် အာရုံစိုက်မှုတွေက လက်ရှိမှာတော့ ယနေ့ည ဂွတ်ဒီဆင်ပါ့ခ်မှာ အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲကစားသွားရမယ့် လီဗာပူးလ်အလှည့်ရောက်ရှိလာပြီဖြစ်ပြီး မန်စီးတီးက ကြာသပတေးနေ့မှာ ဘရိုက်တန်နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအတွက်တော့ ၁၉၈၆ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး လန်ဒန်ဒါဘီရှုံးပွဲဖြစ်ခဲ့ပြီဖြစ်ပြီး စနေနေ့က ဝင်ဘလေက အက်ဖ်အေဖလားဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရပြီးနောက် ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်ပါ မှေးမှိန်သွားခဲ့ရပြီဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဂန်းနားတွေရဲ့ ကြောက်မက်ဖွယ်တိုက်စစ်စွမ်းဆောင်ရည်ကို မပြသမီ ထရော့ဆာ့ဒ်ရဲ့ အစောပိုင်း သွင်းဂိုးကို ခွင့်ပြုခဲ့ရပေမယ့်လည်း ပထမပိုင်းမှာ ပွဲက ခြေညီနေခဲ့ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်က ၄ မိနစ်မှာ ဒီကလန် ရိုက်ရဲ့ ပေးပို့မှုကို ပါးပါးနပ်နပ်အဆုံးသတ်ပြီး ဒီရာသီ ပရီးမီးယားလိဂ် ၁၀ ဂိုးမြောက်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ဂန်းနားတွေဟာ နောက်ထပ် ဦးဆောင်ဂိုးတွေ ထပ်မံသွင်းယူနိုင်ဖို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ထရော့ဆာ့ဒ်ရဲ့ လူထိလမ်းကြောင်းပြောင်းသွားတဲ့ကန်ချက်ကို ပက်ထရိုဗစ် ကာကွယ်နိုင်ခဲ့ပြီး အိမ်ရှင်တွေဟာ အခွင့်အရေးအများအပြားကို ဖြုန်းတီးခဲ့တာကြောင့် ချဲလ်ဆီးတို့ ယုံကြည်ချက် ကြီးထွားလာခဲ့ပါတယ်။

ပိုချက်တီနိုရဲ့အသင်းက ချေပဂိုးသွင်းယူနိုင်ဖို့အတွက် အခွင့်အရေးရခဲ့ပေမယ့်လည်း နီကိုးလတ်စ် ဂျက်ခ်ဆင် ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးကို ဂါဘရီယဲလ်ပိတ်ဆို့ဖို့ ကြိုးစားရင်း ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိမလို ဖြစ်ခဲ့ပေမယ့် တိုင်ထိသွားခဲ့လို့ ဂိုးမရခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၇ မိနစ်မှာ ဘန် ဝှိုက်က နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ရိုက်ရဲ့ ကန်ချက်က ပါတေးနဲ့ ထိပြီး ပြန်လျှံထွက်လာတာကို အာဆင်နယ်နောက်ခံလူက ဘယ်ခြေနဲ့ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

တတိယမြောက် ဦးဆောင်ဂိုးကိုတော့ ဂါဘရီယဲလ်ရဲ့ လျင်လျင်မြန်မြန် တန်ပြန်တိုက်စစ်ဆင်ဖို့ ပေးပို့ခဲ့တဲ့ ဘောလုံးကို မာတင် အော်ဒီဂွါဒ်က လှလှပပ ပေးပို့ခဲ့ရာမှာ ဟာဗတ်ဇ်က ကူကူရယ်လာ လိုက်ကပ်နေတဲ့ကြားက ပက်ထရိုဗစ် ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာ အမ်းမရိတ်စ်ကွင်းတစ်ကွင်းလုံး အောင်ပွဲခံသံတွေ ညံနေခဲ့ပြီဖြစ်ပြီး ချဲလ်ဆီးရဲ့ ဒုတိယပိုင်း လဲပြိုမှုက ဟာဗတ်ဇ်က ဆာကာရဲ့ ပေးပို့မှုကို ရယူပြီး ဂိုးညာဘက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားချိန်မှာ ပိုတောင် ဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဆက်လက်ပြီး တိုက်စစ်ဆင်ခဲ့ပြီး ဘန် ဝှိုက်က အော်ဒီဂွါဒ်ရဲ့ ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ခုတ်တင်ပေးလိုက်တဲ့ဘောလုံးကို မြေမကျဘော ကန်သွင်းပြီး နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဘန် ဝှိုက်ရဲ့ အောင်ပွဲခံဟန်က သူ့အနေနဲ့ ဂိုးသွင်းယူဖို့ ရည်ရွယ်ခဲ့တာမဟုတ်ဘူးဆိုတာကို ပြသခဲ့တာဖြစ်ပြီး ဂိုးပေါက်ကန်သွင်းမှု ၂၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ အာဆင်နယ်ဟာ ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်တဲ့အစွမ်းရှိကြောင်း အားလုံးသိအောင် ကြေညာမောင်းခတ်လိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္ဟာ အမ္းမရိတ္စ္မွာ ၅-၀ နဲ႔ ခ်ဲလ္ဆီးကို ဂိုးျပတ္ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၃ မွတ္အသာနဲ႔ ဆုဖလား စိန္ေခၚႏိုင္စြမ္းရွိေၾကာင္း သက္ေသျပသခဲ့ပါတယ္။

လီအန္ဒ႐ို ထေရာ့ဆာ့ဒ္က ပထမပိုင္းအေစာပိုင္းမွာ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ ကိုင္ ဟာဗတ္ဇ္နဲ႔ ဘန္ ဝႈိက္တို႔က ဒုတိယပိုင္းမွာ ၂ ဂိုးစီ သြင္းယူသြားခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီ ႀကီးမားတဲ့ႏိုင္ပြဲဟာ အက္စတန္ ဗီလာနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ကို ၂ ပြဲဆက္တိုက္ရႈံးနိမ့္ၿပီး ဝုဗ္ကို ၂-၀ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ ၃ ရက္အၾကာမွာ ရရွိခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဒီႏိုင္ပြဲေၾကာင့္ ဒုတိယေနရာက လီဗာပူးလ္ထက္ ၃ မွတ္အသာနဲ႔ ဇယားထိပ္မွာ ဆက္လက္ ဦးေဆာင္ႏိုင္ခဲ့ၿပီး ၂ ပြဲေလ်ာ့ေနတဲ့ တတိယေနရာက မန္စီးတီးကို ၄ မွတ္အထိ ျဖတ္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဆုဖလားၿပိဳင္ပြဲအတြက္ အာ႐ုံစိုက္မႈေတြက လက္ရွိမွာေတာ့ ယေန႔ည ဂြတ္ဒီဆင္ပါ့ခ္မွာ အဲဗာတန္နဲ႔ မာေဆးဆိုဒ္ဒါဘီပြဲကစားသြားရမယ့္ လီဗာပူးလ္အလွည့္ေရာက္ရွိလာၿပီျဖစ္ၿပီး မန္စီးတီးက ၾကာသပေတးေန႔မွာ ဘ႐ိုက္တန္နဲ႔ ကစားသြားရမွာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအတြက္ေတာ့ ၁၉၈၆ ခုႏွစ္ေနာက္ပိုင္း အႀကီးမားဆုံး လန္ဒန္ဒါဘီရႈံးပြဲျဖစ္ခဲ့ၿပီျဖစ္ၿပီး စေနေန႔က ဝင္ဘေလက အက္ဖ္ေအဖလားဆီမီးဖိုင္နယ္ကေန ထြက္ခြာခဲ့ရၿပီးေနာက္ ဥေရာပဝင္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္ပါ ေမွးမွိန္သြားခဲ့ရၿပီျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ဂန္းနားေတြရဲ႕ ေၾကာက္မက္ဖြယ္တိုက္စစ္စြမ္းေဆာင္ရည္ကို မျပသမီ ထေရာ့ဆာ့ဒ္ရဲ႕ အေစာပိုင္း သြင္းဂိုးကို ခြင့္ျပဳခဲ့ရေပမယ့္လည္း ပထမပိုင္းမွာ ပြဲက ေျခညီေနခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္က ၄ မိနစ္မွာ ဒီကလန္ ႐ိုက္ရဲ႕ ေပးပို႔မႈကို ပါးပါးနပ္နပ္အဆုံးသတ္ၿပီး ဒီရာသီ ပရီးမီးယားလိဂ္ ၁၀ ဂိုးေျမာက္ဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။

ဂန္းနားေတြဟာ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ ထပ္မံသြင္းယူႏိုင္ဖို႔ အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ေပမယ့္ ထေရာ့ဆာ့ဒ္ရဲ႕ လူထိလမ္းေၾကာင္းေျပာင္းသြားတဲ့ကန္ခ်က္ကို ပက္ထ႐ိုဗစ္ ကာကြယ္ႏိုင္ခဲ့ၿပီး အိမ္ရွင္ေတြဟာ အခြင့္အေရးအမ်ားအျပားကို ျဖဳန္းတီးခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ ယုံၾကည္ခ်က္ ႀကီးထြားလာခဲ့ပါတယ္။

ပိုခ်က္တီႏိုရဲ႕အသင္းက ေခ်ပဂိုးသြင္းယူႏိုင္ဖို႔အတြက္ အခြင့္အေရးရခဲ့ေပမယ့္လည္း နီကိုးလတ္စ္ ဂ်က္ခ္ဆင္ ျပန္ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို ဂါဘရီယဲလ္ပိတ္ဆို႔ဖို႔ ႀကိဳးစားရင္း ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိမလို ျဖစ္ခဲ့ေပမယ့္ တိုင္ထိသြားခဲ့လို႔ ဂိုးမရခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ၇ မိနစ္မွာ ဘန္ ဝႈိက္က ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ႐ိုက္ရဲ႕ ကန္ခ်က္က ပါေတးနဲ႔ ထိၿပီး ျပန္လွ်ံထြက္လာတာကို အာဆင္နယ္ေနာက္ခံလူက ဘယ္ေျခနဲ႔ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

တတိယေျမာက္ ဦးေဆာင္ဂိုးကိုေတာ့ ဂါဘရီယဲလ္ရဲ႕ လ်င္လ်င္ျမန္ျမန္ တန္ျပန္တိုက္စစ္ဆင္ဖို႔ ေပးပို႔ခဲ့တဲ့ ေဘာလုံးကို မာတင္ ေအာ္ဒီဂြါဒ္က လွလွပပ ေပးပို႔ခဲ့ရာမွာ ဟာဗတ္ဇ္က ကူကူရယ္လာ လိုက္ကပ္ေနတဲ့ၾကားက ပက္ထ႐ိုဗစ္ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာ အမ္းမရိတ္စ္ကြင္းတစ္ကြင္းလုံး ေအာင္ပြဲခံသံေတြ ညံေနခဲ့ၿပီျဖစ္ၿပီး ခ်ဲလ္ဆီးရဲ႕ ဒုတိယပိုင္း လဲၿပိဳမႈက ဟာဗတ္ဇ္က ဆာကာရဲ႕ ေပးပို႔မႈကို ရယူၿပီး ဂိုးညာဘက္ေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခ်ိန္မွာ ပိုေတာင္ ဆိုး႐ြားသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဆက္လက္ၿပီး တိုက္စစ္ဆင္ခဲ့ၿပီး ဘန္ ဝႈိက္က ေအာ္ဒီဂြါဒ္ရဲ႕ ပင္နယ္တီဧရိယာအျပင္ဘက္ကေန ခုတ္တင္ေပးလိုက္တဲ့ေဘာလုံးကို ေျမမက်ေဘာ ကန္သြင္းၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဘန္ ဝႈိက္ရဲ႕ ေအာင္ပြဲခံဟန္က သူ႔အေနနဲ႔ ဂိုးသြင္းယူဖို႔ ရည္႐ြယ္ခဲ့တာမဟုတ္ဘူးဆိုတာကို ျပသခဲ့တာျဖစ္ၿပီး ဂိုးေပါက္ကန္သြင္းမႈ ၂၇ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တဲ့ အာဆင္နယ္ဟာ ဆယ္စုႏွစ္ ၂ ခုအတြင္း ပထမဆုံးပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္တဲ့အစြမ္းရွိေၾကာင္း အားလုံးသိေအာင္ ေၾကညာေမာင္းခတ္လိုက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.