Premier League

ချန်ပီယံခြေစွမ်းပြပြီး ဂန်းနားတွေကို သတိပေးလိုက်တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောရမယ့် အချက် ၅ ချက်

ကီဗင် ဒီဘရိုင်းနားရဲ့ လှပတဲ့ ခေါင်းတိုက်သွင်းဂိုး၊ ဖိုဒန်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဒုတိယပိုင်းက အယ်လ်ဗာရက်ဇ်ရဲ့ သွင်းဂိုးတွေကြောင့် မန်စီးတီးက ဘရိုက်တန်အိမ်ကွင်းမှာ သက်တောင့်သက်သာနိုင်ပွဲနဲ့အတူ ၄ နှစ်ဆက် အမှတ်ပေးဖလားရယူဖို့ ဂန်းနားတွေကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။

ဗန်ပါစီလိုမျိုး ဂိုးသွင်းခဲ့တဲ့ ဒီဘရိုင်းနား


ဒီဘရိုင်းနားဆိုရင် ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ဘယ်ခြေ၊ ညာခြေနဲ့ အပြင်းကန်ချက်တွေနဲ့ ဂိုးသွင်းနိုင်သူလို့ တန်းမြင်ကြမှာပါ။ ဒါပေမယ့် ခေါင်းတိုက်သွင်းဂိုးကတော့ မြင်ရခဲပြီး ကြာသပတေးနေ့ညမှာတော့ ဒီဘရိုင်းနားက ခေါင်းတိုက်ပြီးလည်း လှလှပပ ဂိုးသွင်းနိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ မှတ်မှတ်ရရ ၂၀၂၁-၂၀၂၂ ချန်ပီယံဆီမီးမှာ ရီးရဲလ်မက်ဒရစ်ဘက်ကို ခေါင်းတိုက်ဂိုးသွင်းယူခဲ့ဖူးပြီး အဲဒီတုန်းက မာရက်ဇ်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ အနီးကပ်ခေါင်းတိုက်ခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ တော်တော်လေးကို ခေါင်းတိုက်ရခက်တဲ့အနေအထားကနေ သွင်းယူသွားခဲ့တာဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက စပိန်ဘက်ကို နယ်သာလန်တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီ ခေါင်းတိုက်သွင်းယူခဲ့တဲ့သွင်းဂိုးအတိုင်း လှပတဲ့ ခေါင်းတိုက်ချက်ဖြစ်ခဲ့ပါတယ်။

စံနမူနာအဖြစ်နဲ့ ဦးဆောင်နေဆဲဖြစ်တဲ့ ဖိုဒန်

 

ပြီးခဲ့တဲ့ရာသီမှာ လိဂ်ဂိုး ၁၁ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့နောက် ဖိုဒန်ရဲ့ အရည်အသွေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာရှိနေသေးတယ်ဆိုရင် ဒီရာသီမှာ အဖြေပေးလိုက်ပါပြီ။ အင်္ဂလန်ကြယ်ပွင့်ရဲ့ မတ်လက အက်စတန် ဗီလာနဲ့ပွဲမှာ ဟက်ထရစ်သွင်းဂိုးကြောင့် လိဂ်မှာ သွင်းဂိုးက ၁၁ ဂိုးထက် ကျော်လွန်သွားခဲ့ပြီး ပြိုင်ပွဲစုံ သွင်းဂိုး ၂၀ ကျော်သွားခဲ့ပါပြီ။ ဖိုဒန်ဟာ ဒီရာသီကို ပရီးမီးယားလိဂ်တစ်ခုတည်းမှာတင် သွင်းဂိုး ၂၀ လောက်နဲ့ အဆုံးသတ်နိုင်ဖွယ်ရှိနေပါသေးတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားရဲ့ အလွတ်တည်ကန်ဘောကနေ သွင်းယူခဲ့တဲ့ဂိုးက ပရီးမီးယားလိဂ်မှာ သွင်းယူခဲ့တဲ့ ၁၅ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး နာရီဝက်ကျော်မှာ ၁၆ ဂိုးမြောက်ဂိုးကို ထပ်မံသွင်းယူခဲ့တာပါ။

 

မေ့ပစ်ရမယ့် ဘာကိုရဲ့ ပွဲချိန်ပြည့်ပွဲဦးထွက်ပွဲ

 

ဘရိုက်တန်အတွက် ဗလန်တင် ဘာကိုဟာ စီးတီးနဲ့ပွဲမတိုင်ခင် စီနီယာကစားသမားအဖြစ် ၁၁ မိနစ်သာ ပါဝင်ကစားပေးခဲ့ရပေမယ့်လည်း ဒီပွဲမှာ ပွဲချိန်ပြည့် ပွဲဦးထွက်ပွဲအဖြစ် ပါဝင်ကစားခွင့်ပေးခြင်းခံခဲ့ရပါတယ်။ ဆယ်ကျော်သက် ဘယ်နောက်ခံလူဟာ ဇန်နဝါရီလကမှ ဘိုကာ ဂျူနီယာအသင်သးကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အာဂျင်တီးနားအတွက် ပွဲချိန်ပြည့်ပွဲဦးထွက်ပါဝင်ကစားပေးထားပြီးဖြစ်ပါတယ်။ မန်စီးတီးနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ တကမ္ဘာလုံးရဲ့ အာရုံစိုက်စောင့်ကြည့်ခြင်းကို ခံခဲ့ရတာကြောင့် အာဂျင်တီးနားအတွက် ခြေစမ်းပွဲမှာ ဝင်ကစားပေးခဲ့ရတာနဲ့ယှဉ်ရင် ဖိအားက တော်တော်လေးကို များပြားခဲ့ပါတယ်။ ဆယ်ကျော်သက်ကစားသမားဟာ ဖိုဒန်ရဲ့ ဒုတိယမြောက်ဂိုးနဲ့ မန်စီးတီးရဲ့ တတိယမြောက်ဂိုးအတွက် ဘောလုံးကို ပေးပစ်ခဲ့မိပြီး စတုတ္ထမြောက်ဂိုးမှာလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

 

မြင်လွယ်နေသေးတဲ့ ဘရိုက်တန်ရဲ့ ဒဏ်ရာပြဿနာ

 

ရောဘတ်တို ဒီဇာဘီဟာ ပြီးခဲ့တဲ့အပတ်တွေမှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့ ကစားသမားအချို့ကို ပြန်လည်ကြိုဆိုခဲ့ရပေမယ့် ဒဏ်ရာကြောင့် လွဲချော်နေဆဲဖြစ်တဲ့ စာရင်းက သိသိသာသာ များပြားနေဆဲဖြစ်ပါတယ်။ မန်စီးတီးဘက်မှာ အာလင်း ဟာလန်းတစ်ယောက်သာ အဓိကကစားသမား မပါဝင်နိုင်မှုဖြစ်ခဲ့ပေမယ့် ဒီဇာဘီရဲ့အသင်းဘက်မှာတော့ မိတိုမာ၊ အီဗန် ဖာဂူဆန်နဲ့ ဝါရင့်တောင်ပံလူ ဂျိမ်းစ် မီလ်နာတို့အပါအဝင် ပထမအသင်းကစားသမား ၈ ဦးအထိ လွဲချော်ခဲ့တာဖြစ်ပါတယ်။ အက်စ်တူပီညန်ရဲ့ ဒဏ်ရာကြောင့် ဒီဇာဘီဟာ လူငယ်ကစားသမား ဘာကို ကို ပွဲထွက်ခွင့်ပေးခဲ့ရပါတယ်။

ပြိုင်ဘက်တွေ ရပ်တန့်လို့မရနိုင်တဲ့ခြေစွမ်းပြသနေတဲ့ မန်စီးတီး

 

လီဗာပူးလ်က အဲဗာတန်အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဗန်ဒိုက်က ဂွတ်ဒီဆင်ပါ့ခ်က အသင်းစွမ်းဆောင်ရည်က ဆုဖလားအတွက် အခွင့်အရေးမရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဗန်ဒိုက်မပြောလည်း အများစုကတော့ မန်စီးတီးဖလားလို့ ယူဆထားကြတာဖြစ်ပြီး အခုဆိုရင်တော့ ဂွါဒီယိုလာရဲ့အသင်းကတော့ ပြီးခဲ့တဲ့ရာသီတွေတုန်းက လုပ်ခဲ့တဲ့အတိုင်းပဲ ပုံမှန်နိုင်ပွဲတွေ ရယူပြီး ရာသီကုန်မှာ ၄ နှစ်ဆက် သမိုင်းဝင် ပရီးမီးယားလိဂ်ဖလားအောင်ပွဲကို ရရှိဖို့သာ ကျန်ပါတော့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ လွပတဲ့ ေခါင္းတိုက္သြင္းဂိုး၊ ဖိုဒန္ရဲ႕ သြင္းဂိုး ၂ ဂိုးနဲ႔ ဒုတိယပိုင္းက အယ္လ္ဗာရက္ဇ္ရဲ႕ သြင္းဂိုးေတြေၾကာင့္ မန္စီးတီးက ဘ႐ိုက္တန္အိမ္ကြင္းမွာ သက္ေတာင့္သက္သာႏိုင္ပြဲနဲ႔အတူ ၄ ႏွစ္ဆက္ အမွတ္ေပးဖလားရယူဖို႔ ဂန္းနားေတြကို ဆက္လက္ဖိအားေပးႏိုင္ခဲ့ပါတယ္။

ဗန္ပါစီလိုမ်ိဳး ဂိုးသြင္းခဲ့တဲ့ ဒီဘ႐ိုင္းနား


ဒီဘ႐ိုင္းနားဆိုရင္ ပင္နယ္တီဧရိယာအျပင္ဘက္ကေန ဘယ္ေျခ၊ ညာေျခနဲ႔ အျပင္းကန္ခ်က္ေတြနဲ႔ ဂိုးသြင္းႏိုင္သူလို႔ တန္းျမင္ၾကမွာပါ။ ဒါေပမယ့္ ေခါင္းတိုက္သြင္းဂိုးကေတာ့ ျမင္ရခဲၿပီး ၾကာသပေတးေန႔ညမွာေတာ့ ဒီဘ႐ိုင္းနားက ေခါင္းတိုက္ၿပီးလည္း လွလွပပ ဂိုးသြင္းႏိုင္တယ္ဆိုတာကို ျပသခဲ့ပါတယ္။ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ မွတ္မွတ္ရရ ၂၀၂၁-၂၀၂၂ ခ်န္ပီယံဆီမီးမွာ ရီးရဲလ္မက္ဒရစ္ဘက္ကို ေခါင္းတိုက္ဂိုးသြင္းယူခဲ့ဖူးၿပီး အဲဒီတုန္းက မာရက္ဇ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကေန အနီးကပ္ေခါင္းတိုက္ခဲ့တာပါ။ ဒီတစ္ႀကိမ္မွာေတာ့ ေတာ္ေတာ္ေလးကို ေခါင္းတိုက္ရခက္တဲ့အေနအထားကေန သြင္းယူသြားခဲ့တာျဖစ္ၿပီး ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက စပိန္ဘက္ကို နယ္သာလန္တိုက္စစ္မႉး ေရာ္ဘင္ ဗန္ပါစီ ေခါင္းတိုက္သြင္းယူခဲ့တဲ့သြင္းဂိုးအတိုင္း လွပတဲ့ ေခါင္းတိုက္ခ်က္ျဖစ္ခဲ့ပါတယ္။

စံနမူနာအျဖစ္နဲ႔ ဦးေဆာင္ေနဆဲျဖစ္တဲ့ ဖိုဒန္

 

ၿပီးခဲ့တဲ့ရာသီမွာ လိဂ္ဂိုး ၁၁ ဂိုးသာ သြင္းယူႏိုင္ခဲ့တဲ့ေနာက္ ဖိုဒန္ရဲ႕ အရည္အေသြးနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္စရာရွိေနေသးတယ္ဆိုရင္ ဒီရာသီမွာ အေျဖေပးလိုက္ပါၿပီ။ အဂၤလန္ၾကယ္ပြင့္ရဲ႕ မတ္လက အက္စတန္ ဗီလာနဲ႔ပြဲမွာ ဟက္ထရစ္သြင္းဂိုးေၾကာင့္ လိဂ္မွာ သြင္းဂိုးက ၁၁ ဂိုးထက္ ေက်ာ္လြန္သြားခဲ့ၿပီး ၿပိဳင္ပြဲစုံ သြင္းဂိုး ၂၀ ေက်ာ္သြားခဲ့ပါၿပီ။ ဖိုဒန္ဟာ ဒီရာသီကို ပရီးမီးယားလိဂ္တစ္ခုတည္းမွာတင္ သြင္းဂိုး ၂၀ ေလာက္နဲ႔ အဆုံးသတ္ႏိုင္ဖြယ္ရွိေနပါေသးတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားရဲ႕ အလြတ္တည္ကန္ေဘာကေန သြင္းယူခဲ့တဲ့ဂိုးက ပရီးမီးယားလိဂ္မွာ သြင္းယူခဲ့တဲ့ ၁၅ ဂိုးေျမာက္သြင္းဂိုးျဖစ္ၿပီး နာရီဝက္ေက်ာ္မွာ ၁၆ ဂိုးေျမာက္ဂိုးကို ထပ္မံသြင္းယူခဲ့တာပါ။

 

ေမ့ပစ္ရမယ့္ ဘာကိုရဲ႕ ပြဲခ်ိန္ျပည့္ပြဲဦးထြက္ပြဲ

 

ဘ႐ိုက္တန္အတြက္ ဗလန္တင္ ဘာကိုဟာ စီးတီးနဲ႔ပြဲမတိုင္ခင္ စီနီယာကစားသမားအျဖစ္ ၁၁ မိနစ္သာ ပါဝင္ကစားေပးခဲ့ရေပမယ့္လည္း ဒီပြဲမွာ ပြဲခ်ိန္ျပည့္ ပြဲဦးထြက္ပြဲအျဖစ္ ပါဝင္ကစားခြင့္ေပးျခင္းခံခဲ့ရပါတယ္။ ဆယ္ေက်ာ္သက္ ဘယ္ေနာက္ခံလူဟာ ဇန္နဝါရီလကမွ ဘိုကာ ဂ်ဴနီယာအသင္သးကေန ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အာဂ်င္တီးနားအတြက္ ပြဲခ်ိန္ျပည့္ပြဲဦးထြက္ပါဝင္ကစားေပးထားၿပီးျဖစ္ပါတယ္။ မန္စီးတီးနဲ႔ ရင္ဆိုင္ရတဲ့ပြဲမွာ တကမာၻလုံးရဲ႕ အာ႐ုံစိုက္ေစာင့္ၾကည့္ျခင္းကို ခံခဲ့ရတာေၾကာင့္ အာဂ်င္တီးနားအတြက္ ေျခစမ္းပြဲမွာ ဝင္ကစားေပးခဲ့ရတာနဲ႔ယွဥ္ရင္ ဖိအားက ေတာ္ေတာ္ေလးကို မ်ားျပားခဲ့ပါတယ္။ ဆယ္ေက်ာ္သက္ကစားသမားဟာ ဖိုဒန္ရဲ႕ ဒုတိယေျမာက္ဂိုးနဲ႔ မန္စီးတီးရဲ႕ တတိယေျမာက္ဂိုးအတြက္ ေဘာလုံးကို ေပးပစ္ခဲ့မိၿပီး စတုတၳေျမာက္ဂိုးမွာလည္း ေမးခြန္းထုတ္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

 

ျမင္လြယ္ေနေသးတဲ့ ဘ႐ိုက္တန္ရဲ႕ ဒဏ္ရာျပႆနာ

 

ေရာဘတ္တို ဒီဇာဘီဟာ ၿပီးခဲ့တဲ့အပတ္ေတြမွာ ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာတဲ့ ကစားသမားအခ်ိဳ႕ကို ျပန္လည္ႀကိဳဆိုခဲ့ရေပမယ့္ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ေနဆဲျဖစ္တဲ့ စာရင္းက သိသိသာသာ မ်ားျပားေနဆဲျဖစ္ပါတယ္။ မန္စီးတီးဘက္မွာ အာလင္း ဟာလန္းတစ္ေယာက္သာ အဓိကကစားသမား မပါဝင္ႏိုင္မႈျဖစ္ခဲ့ေပမယ့္ ဒီဇာဘီရဲ႕အသင္းဘက္မွာေတာ့ မိတိုမာ၊ အီဗန္ ဖာဂူဆန္နဲ႔ ဝါရင့္ေတာင္ပံလူ ဂ်ိမ္းစ္ မီလ္နာတို႔အပါအဝင္ ပထမအသင္းကစားသမား ၈ ဦးအထိ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ အက္စ္တူပီညန္ရဲ႕ ဒဏ္ရာေၾကာင့္ ဒီဇာဘီဟာ လူငယ္ကစားသမား ဘာကို ကို ပြဲထြက္ခြင့္ေပးခဲ့ရပါတယ္။

ၿပိဳင္ဘက္ေတြ ရပ္တန႔္လို႔မရႏိုင္တဲ့ေျခစြမ္းျပသေနတဲ့ မန္စီးတီး

 

လီဗာပူးလ္က အဲဗာတန္အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဗန္ဒိုက္က ဂြတ္ဒီဆင္ပါ့ခ္က အသင္းစြမ္းေဆာင္ရည္က ဆုဖလားအတြက္ အခြင့္အေရးမရွိေတာ့ဘူးဆိုတဲ့ အဓိပၸာယ္ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဗန္ဒိုက္မေျပာလည္း အမ်ားစုကေတာ့ မန္စီးတီးဖလားလို႔ ယူဆထားၾကတာျဖစ္ၿပီး အခုဆိုရင္ေတာ့ ဂြါဒီယိုလာရဲ႕အသင္းကေတာ့ ၿပီးခဲ့တဲ့ရာသီေတြတုန္းက လုပ္ခဲ့တဲ့အတိုင္းပဲ ပုံမွန္ႏိုင္ပြဲေတြ ရယူၿပီး ရာသီကုန္မွာ ၄ ႏွစ္ဆက္ သမိုင္းဝင္ ပရီးမီးယားလိဂ္ဖလားေအာင္ပြဲကို ရရွိဖို႔သာ က်န္ပါေတာ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.