Match Report Serie A

ဖီအိုရင်တီးနားကို ဂိုးပြတ်အနိုင်ယူပြီး ကိုပါအီတာလီယာဗိုလ်လုပွဲတက်လှမ်းသွားတဲ့ အတ္တလန္တာ

အတ္တလန္တာဟာ နာကျင်အချိန်ပိုမှာ ဖီအိုရင်တီးနားကို ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၂ ကျော့ပေါင်း ၄-၂ နဲ့ ကိုပါအီတာလီယာဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အဒီမိုလာ လွတ်ခ်မန်းက ၉၄ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ၉၈ မိနစ်မှာ သွင်းယူခဲ့တဲ့ ပါဆာလစ်ရဲ့ သွင်းဂိုးကြောင့် အတ္တလန္တာဟာ ဆီမီးဖိုင်နယ် ၂ ကျော့ပေါင်း ၄-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

အတ္တလန္တာဟာ ပထမပိုင်းမှာ ပထမအကျော့က ရလဒ်ကြောင့် ၁-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး ၈ မိနစ်မှာပဲ ကုမိန်နာစ်က အစောပိုင်း ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ကွာတာက ဒုတိယပိုင်း ၆၈ မိနစ်မှာ ချေပဂိုး ပြန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဂျန်လူကာ စက္ကာမက္ကာရဲ့ ကတ်ကြေးကန်ချက်ကြောင့် အတ္တလန္တာတို့ ၂ ကျော့ပေါင်း ၂-၂ ညီမျှသွားခဲ့ပြီး အနိုင်ဂိုးသွင်းယူဖို့အတွက် အရေးတကြီးလိုအပ်နေခဲ့တာ ဖြစ်ပါတယ်။ ဖီအိုရင်တီးနားနောက်ခံလူ နီကိုလာ မီလန်ကိုဗစ်က ၅၃ မိနစ်မှာ စက္ကာမက္ကာကို ဂိုးမသွင်းယူနိုင်အောင် တမင်လှဲချခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

အချိန်ပိုမှာ လွတ်ခ်မန်းက ဘယ်ခြေနဲ့ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်ကို ပြုလုပ်ပြပြီး အတ္တလန္တာတို့ကို ဗိုလ်လုပွဲတက်လှမ်းနိုင်စေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး VAR က လူကျွံဘောဖြစ်နိုင်ခြေရှိတယ်ဆိုပြီး အချိန်အတော်ကြာစစ်ဆေးခဲ့ပြီးမှ ဂိုးခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

တစ်ယောက်လျော့နေတဲ့ ဖီအိုရင်တီးနားကို အတ္တလန္တာတို့က ကောင်းကောင်း ဖိကစားနိုင်ခဲ့လို့ နေရာလွတ်တွေ ပေါ်လာခဲ့ပြီး ပါဆာလစ်က ဂိုးပေါက်ရှိရာကို ပြေးလွှားပြီး ရှေ့ထွက်လာတဲ့ တာရာစီယာနိုအပေါ်ကနေ ကျော်ကန်ပြီး အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အတ္တလန္တာဟာ ကိုပါအီတာလီယာ ဗိုလ်လုပွဲမှာ လာဇီယိုကို ၂ ကျော့ပေါင်း ၃-၂ နဲ့ အနိုင်ရရှိပြီး တက်လာတဲ့ ဂျူဗင်တပ်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဂက်စ်ပါရီနီရဲ့အသင်းကတော့ ယူရိုပါလိဂ်မှာ လီဗာပူးလ်ကို ဖြုတ်ပစ်လိုက်နိုင်ပြီးကတည်းက ရပ်တန့်လို့မရနိုင်တဲ့ခြေစွမ်းနဲ့ နိုင်ပွဲတွေ ဆက်တိုက်ရယူနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အတၱလႏၲာဟာ နာက်င္အခ်ိန္ပိုမွာ ဖီအိုရင္တီးနားကို ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ၂ ေက်ာ့ေပါင္း ၄-၂ နဲ႔ ကိုပါအီတာလီယာဗိုလ္လုပြဲကို တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အဒီမိုလာ လြတ္ခ္မန္းက ၉၄ မိနစ္မွာ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့ၿပီး ၉၈ မိနစ္မွာ သြင္းယူခဲ့တဲ့ ပါဆာလစ္ရဲ႕ သြင္းဂိုးေၾကာင့္ အတၱလႏၲာဟာ ဆီမီးဖိုင္နယ္ ၂ ေက်ာ့ေပါင္း ၄-၂ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

အတၱလႏၲာဟာ ပထမပိုင္းမွာ ပထမအေက်ာ့က ရလဒ္ေၾကာင့္ ၁-၀ နဲ႔ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ၿပီး ၈ မိနစ္မွာပဲ ကုမိန္နာစ္က အေစာပိုင္း ဦးေဆာင္ဂိုး သြင္းယူေပးႏိုင္ခဲ့ေပမယ့္လည္း ကြာတာက ဒုတိယပိုင္း ၆၈ မိနစ္မွာ ေခ်ပဂိုး ျပန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ဂ်န္လူကာ စကၠာမကၠာရဲ႕ ကတ္ေၾကးကန္ခ်က္ေၾကာင့္ အတၱလႏၲာတို႔ ၂ ေက်ာ့ေပါင္း ၂-၂ ညီမွ်သြားခဲ့ၿပီး အႏိုင္ဂိုးသြင္းယူဖို႔အတြက္ အေရးတႀကီးလိုအပ္ေနခဲ့တာ ျဖစ္ပါတယ္။ ဖီအိုရင္တီးနားေနာက္ခံလူ နီကိုလာ မီလန္ကိုဗစ္က ၅၃ မိနစ္မွာ စကၠာမကၠာကို ဂိုးမသြင္းယူႏိုင္ေအာင္ တမင္လွဲခ်ခဲ့တဲ့အတြက္ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရပါတယ္။

အခ်ိန္ပိုမွာ လြတ္ခ္မန္းက ဘယ္ေျခနဲ႔ အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္ကို ျပဳလုပ္ျပၿပီး အတၱလႏၲာတို႔ကို ဗိုလ္လုပြဲတက္လွမ္းႏိုင္ေစမယ့္ သြင္းဂိုးကို သြင္းယူေပးခဲ့ၿပီး VAR က လူကြၽံေဘာျဖစ္ႏိုင္ေျခရွိတယ္ဆိုၿပီး အခ်ိန္အေတာ္ၾကာစစ္ေဆးခဲ့ၿပီးမွ ဂိုးခြင့္ျပဳေပးခဲ့တာျဖစ္ပါတယ္။

တစ္ေယာက္ေလ်ာ့ေနတဲ့ ဖီအိုရင္တီးနားကို အတၱလႏၲာတို႔က ေကာင္းေကာင္း ဖိကစားႏိုင္ခဲ့လို႔ ေနရာလြတ္ေတြ ေပၚလာခဲ့ၿပီး ပါဆာလစ္က ဂိုးေပါက္ရွိရာကို ေျပးလႊားၿပီး ေရွ႕ထြက္လာတဲ့ တာရာစီယာႏိုအေပၚကေန ေက်ာ္ကန္ၿပီး အႏိုင္ေသခ်ာေစမယ့္ သြင္းဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အတၱလႏၲာဟာ ကိုပါအီတာလီယာ ဗိုလ္လုပြဲမွာ လာဇီယိုကို ၂ ေက်ာ့ေပါင္း ၃-၂ နဲ႔ အႏိုင္ရရွိၿပီး တက္လာတဲ့ ဂ်ဴဗင္တပ္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး ဂက္စ္ပါရီနီရဲ႕အသင္းကေတာ့ ယူ႐ိုပါလိဂ္မွာ လီဗာပူးလ္ကို ျဖဳတ္ပစ္လိုက္ႏိုင္ၿပီးကတည္းက ရပ္တန႔္လို႔မရႏိုင္တဲ့ေျခစြမ္းနဲ႔ ႏိုင္ပြဲေတြ ဆက္တိုက္ရယူေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.