Premier League

လီဗာပူးလ်နဲ့စီးတီးတို့ကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခဲ့တဲ့ ဂန်းနားဂန္တဝင်

အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ကို စိတ်ဓာတ်စစ်ဆင်ရေး ဆင်နွှဲခဲ့ပုံပေါ်ပြီး ဂန်းနားတွေက ပရီးမီးယားဖလားအတွက် အစွမ်းကုန်တိုက်ပွဲဝင်နေကြချိန်မှာ တစ်ဖက်တလမ်းကနေ ပါဝင်ကူညီပေးခဲ့တာဖြစ်နိုင်ပါတယ်။

မာဆန်က ယာဂန်ကလော့ပ်ရဲ့အသင်းကိုရော ပပ် ဂွါဒီယိုလာရဲ့အသင်းအပေါ်မှာပါ ဖိအားတွေ ပေးခဲ့တာဖြစ်ပြီး လီဗာပူးလ်က ယနေ့ညမှာ အဲဗာတန်၊ မန်စီးတီးက ကြာသပတေးနေ့ညမှာ ဘရိုက်တန်တို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်။

မာဆန်က လီဗာပူးလ်ကို မာဆေးဆိုဒ်ဒါဘီဟာ မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲလို့ သတိပေးခဲ့ပြီး ဂွတ်ဒီဆင်ပါ့ခ်ဟာ ကြိုးကြာနီတွေရဲ့ ဖလားမျှော်လင့်ချက်တွေကို အဆုံးသတ်ဖို့ စိတ်ကူးနဲ့ လုံးဝကို ခုန်ပေါက်နေမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မာဆန်က မန်ချက်စတာစီးတီးကိုလည်း အာဆင်နယ်ကို ရပ်တန့်ချင်တယ်ဆိုရင် တစ်မှတ်လေးမှ လျော့ကျလို့မရတော့ဘူးလို့ ပြောဆိုခဲ့ပြီး အသင်းတွေအနေနဲ့ ရိုဒရီကို ဘယ်လို ရပ်တန့်ရမလဲဆိုတာကို လုပ်ဆောင်နေတယ်လို့ အလေးအနက်ပြောဆိုခဲ့ပါတယ်။

“အဲဗာတန်က ချဲလ်ဆီးရဲ့ အလဲထိုးတာ ခံခဲ့ရပေမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ အရေးကြီးတဲ့နိုင်ပွဲနဲ့ ပြန်လာနိုင်ခဲ့တယ်။ သူတို့အတွက် မျှတပါတယ်။ ဂွတ်ဒီဆင်ပါ့ခ်က လီဗာပူးလ်ရဲ့ ဆုဖလားမျှော်လင့်ချက်ကို အဆုံးသတ်ဖို့ အတွေးတွေနဲ့ လုံးဝကို ခုန်ပေါက်နေမှာဖြစ်ပေမယ့် လီဗာပူးလ်ကတော့ ကပ်ပြီး နိုင်သွားမယ်ထင်တယ်။ သူတို့တွေ ဖူလ်ဟမ်နဲ့ပွဲတုန်းက ပြသခဲ့တဲ့အတိုင်း ခရင်မ်ဆိုတာက အမြဲတမ်း ထိပ်ဆုံးကိုပဲ မြင့်တက်လာတာပါ။ ဒီအပတ်မှာလည်း ဒီအတိုင်းပဲ ဖြစ်ဖို့များပါတယ်။ လီဗာပူးလ်ကသူတို့ဘက်မှာ ပွဲအနိုင်ရသူတွေ ပိုပြီးရှိတယ်။ အဲဒါကြောင့် သူတို့ အဝေးကွင်းနိုင်ပွဲရမယ့်ဘက်က ကျွန်တော် ရှိနေတာပါ။ ကလော့ပ်က ပြီးခဲ့တဲ့အပတ်က သူ့ရဲ့ ပွဲထွက် ၁၁ ဦးစာရင်းကို အပြောင်းအလဲအများကြီးလုပ်ခဲ့တယ်။ ဒါပေမယ့် မိုဟာမက် ဆာလားနဲ့ နူးညက်ဇ်တို့ ဒီပွဲမှာတော့ ပြန်ပါလာမယ်လို့ ထင်တယ်။ အဲဗာတန် ၁-၂ လီဗာပူးလ် ပါ။

အာဆင်နယ်သာ နောက်ထပ် ၄ ပွဲကို အနိုင်ကစားသွားမယ်ဆိုရင် မန်စီးတီးက ခုကနေ ရာသီကုန်တဲ့အထိ တစ်မှတ် မလျော့ဘဲ ပြီးပြည့်စုံတဲ့ နိုင်ပွဲရယူနိုင်မှ ချန်ပီယံဖြစ်တော့မှာပါ။ အာဆင်နယ်က အင်္ဂါနေ့မှာ ချဲလ်ဆီးကို ကြီးမားတဲ့ နိုင်ပွဲရယူနိုင်ခဲ့တာက ၂ ပွဲလျော့နေတဲ့ ဂွါဒီယိုလာရဲ့အသင်းအတွက် ကြီးမားတဲ့ ဖိအားကြီးဖြစ်စေခဲ့တယ်လို့ ထင်တယ်။ မန်စီးတီးက ကစားနေတဲ့အချိန်မှာ သူတို့က အာဆင်နယ်ရဲ့နောက် ၄ မှတ်အကွာမှာရှိနေမှာဖြစ်ပြီး အဲဒါက သူတို့အတွက် ကြီးမားတဲ့ဖိအားတွေဖြစ်လာပါလိမ့်မယ်။ အသင်းတွေကည်း ရိုဒရီနားမှာ နည်နးည်းလေး စပြီး ဝိုင်းလာကြပြီ။ ဒါပေမယ့် ဘရိုက်တန်က သူတို့ကို ပြဿနာအများကြီးပေးနိုင်မယ်လို့ မထင်ပါဘူး။ သူတို့တွေက မနှစ်တုန်းက စင်ရော်တွေမဟုတ်တော့ဘဲ ဒီတစ်ကြိမ်မှာတော့ ဇယားအလယ်က တစ်သင်းလောက်ပဲ ဖြစ်နေပါပြီ။ အဲဒီတော့ မန်စီးတီးကလည်း သူ လုပ်စရာရှိတာ လုပ်သွားပါလိမ့်မယ်။ ဘရိုက်တန် ၁-၃ မန်စီးတီးပါ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ကို စိတ္ဓာတ္စစ္ဆင္ေရး ဆင္ႏႊဲခဲ့ပုံေပၚၿပီး ဂန္းနားေတြက ပရီးမီးယားဖလားအတြက္ အစြမ္းကုန္တိုက္ပြဲဝင္ေနၾကခ်ိန္မွာ တစ္ဖက္တလမ္းကေန ပါဝင္ကူညီေပးခဲ့တာျဖစ္ႏိုင္ပါတယ္။

မာဆန္က ယာဂန္ကေလာ့ပ္ရဲ႕အသင္းကိုေရာ ပပ္ ဂြါဒီယိုလာရဲ႕အသင္းအေပၚမွာပါ ဖိအားေတြ ေပးခဲ့တာျဖစ္ၿပီး လီဗာပူးလ္က ယေန႔ညမွာ အဲဗာတန္၊ မန္စီးတီးက ၾကာသပေတးေန႔ညမွာ ဘ႐ိုက္တန္တို႔နဲ႔ ကစားသြားရမွာျဖစ္ပါတယ္။

မာဆန္က လီဗာပူးလ္ကို မာေဆးဆိုဒ္ဒါဘီဟာ မျဖစ္မေန အႏိုင္ကစားရမယ့္ပြဲလို႔ သတိေပးခဲ့ၿပီး ဂြတ္ဒီဆင္ပါ့ခ္ဟာ ႀကိဳးၾကာနီေတြရဲ႕ ဖလားေမွ်ာ္လင့္ခ်က္ေတြကို အဆုံးသတ္ဖို႔ စိတ္ကူးနဲ႔ လုံးဝကို ခုန္ေပါက္ေနမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

မာဆန္က မန္ခ်က္စတာစီးတီးကိုလည္း အာဆင္နယ္ကို ရပ္တန႔္ခ်င္တယ္ဆိုရင္ တစ္မွတ္ေလးမွ ေလ်ာ့က်လို႔မရေတာ့ဘူးလို႔ ေျပာဆိုခဲ့ၿပီး အသင္းေတြအေနနဲ႔ ႐ိုဒရီကို ဘယ္လို ရပ္တန႔္ရမလဲဆိုတာကို လုပ္ေဆာင္ေနတယ္လို႔ အေလးအနက္ေျပာဆိုခဲ့ပါတယ္။

“အဲဗာတန္က ခ်ဲလ္ဆီးရဲ႕ အလဲထိုးတာ ခံခဲ့ရေပမယ့္ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ပြဲမွာ အေရးႀကီးတဲ့ႏိုင္ပြဲနဲ႔ ျပန္လာႏိုင္ခဲ့တယ္။ သူတို႔အတြက္ မွ်တပါတယ္။ ဂြတ္ဒီဆင္ပါ့ခ္က လီဗာပူးလ္ရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္ကို အဆုံးသတ္ဖို႔ အေတြးေတြနဲ႔ လုံးဝကို ခုန္ေပါက္ေနမွာျဖစ္ေပမယ့္ လီဗာပူးလ္ကေတာ့ ကပ္ၿပီး ႏိုင္သြားမယ္ထင္တယ္။ သူတို႔ေတြ ဖူလ္ဟမ္နဲ႔ပြဲတုန္းက ျပသခဲ့တဲ့အတိုင္း ခရင္မ္ဆိုတာက အၿမဲတမ္း ထိပ္ဆုံးကိုပဲ ျမင့္တက္လာတာပါ။ ဒီအပတ္မွာလည္း ဒီအတိုင္းပဲ ျဖစ္ဖို႔မ်ားပါတယ္။ လီဗာပူးလ္ကသူတို႔ဘက္မွာ ပြဲအႏိုင္ရသူေတြ ပိုၿပီးရွိတယ္။ အဲဒါေၾကာင့္ သူတို႔ အေဝးကြင္းႏိုင္ပြဲရမယ့္ဘက္က ကြၽန္ေတာ္ ရွိေနတာပါ။ ကေလာ့ပ္က ၿပီးခဲ့တဲ့အပတ္က သူ႔ရဲ႕ ပြဲထြက္ ၁၁ ဦးစာရင္းကို အေျပာင္းအလဲအမ်ားႀကီးလုပ္ခဲ့တယ္။ ဒါေပမယ့္ မိုဟာမက္ ဆာလားနဲ႔ ႏူးညက္ဇ္တို႔ ဒီပြဲမွာေတာ့ ျပန္ပါလာမယ္လို႔ ထင္တယ္။ အဲဗာတန္ ၁-၂ လီဗာပူးလ္ ပါ။

အာဆင္နယ္သာ ေနာက္ထပ္ ၄ ပြဲကို အႏိုင္ကစားသြားမယ္ဆိုရင္ မန္စီးတီးက ခုကေန ရာသီကုန္တဲ့အထိ တစ္မွတ္ မေလ်ာ့ဘဲ ၿပီးျပည့္စုံတဲ့ ႏိုင္ပြဲရယူႏိုင္မွ ခ်န္ပီယံျဖစ္ေတာ့မွာပါ။ အာဆင္နယ္က အဂၤါေန႔မွာ ခ်ဲလ္ဆီးကို ႀကီးမားတဲ့ ႏိုင္ပြဲရယူႏိုင္ခဲ့တာက ၂ ပြဲေလ်ာ့ေနတဲ့ ဂြါဒီယိုလာရဲ႕အသင္းအတြက္ ႀကီးမားတဲ့ ဖိအားႀကီးျဖစ္ေစခဲ့တယ္လို႔ ထင္တယ္။ မန္စီးတီးက ကစားေနတဲ့အခ်ိန္မွာ သူတို႔က အာဆင္နယ္ရဲ႕ေနာက္ ၄ မွတ္အကြာမွာရွိေနမွာျဖစ္ၿပီး အဲဒါက သူတို႔အတြက္ ႀကီးမားတဲ့ဖိအားေတြျဖစ္လာပါလိမ့္မယ္။ အသင္းေတြကည္း ႐ိုဒရီနားမွာ နည္နးည္းေလး စၿပီး ဝိုင္းလာၾကၿပီ။ ဒါေပမယ့္ ဘ႐ိုက္တန္က သူတို႔ကို ျပႆနာအမ်ားႀကီးေပးႏိုင္မယ္လို႔ မထင္ပါဘူး။ သူတို႔ေတြက မႏွစ္တုန္းက စင္ေရာ္ေတြမဟုတ္ေတာ့ဘဲ ဒီတစ္ႀကိမ္မွာေတာ့ ဇယားအလယ္က တစ္သင္းေလာက္ပဲ ျဖစ္ေနပါၿပီ။ အဲဒီေတာ့ မန္စီးတီးကလည္း သူ လုပ္စရာရွိတာ လုပ္သြားပါလိမ့္မယ္။ ဘ႐ိုက္တန္ ၁-၃ မန္စီးတီးပါ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.