Ligue1 Transfer News

ပီအက်စ်ဂျီနဲ့ စာချုပ်ကိစ္စ အဆင်မပြေသေးဘဲ အသင်းက ထွက်ခွာနိုင်တဲ့ မက်ဆီ

အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ သူ့ရဲ့ လက်ရှိနွေရာသီမှာ ကုန်ဆုံးမယ့် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကို ထပ်မံတိုးမြှင့်ဖို့ ချီတုံချတုံဖြစ်နေခဲ့ပြီး ကာတာပိုင်ကလပ်ဘက်က ကမ်းလှမ်းမှုတွေကို ခေါင်းမညိတ်သေးဘဲ ရှိနေသလို အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာအသင်းကနေ ပါရီကို အလွတ်ပြောင်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး နှစ်နှစ်စာချုပ် ချုပ်ဆိုထားခဲ့သလို တစ်ပတ်လုပ်ခ ပေါင်တစ်သန်းရရှိနေတယ်လို့ဆိုပြီး ဥရောပရဲ့ ထိပ်တန်းလစာရရှိသူတွေထဲမှာ ထိပ်ဆုံးက ဦးဆောင်နေတာပါ။

ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၃၄ ပွဲမှာ ၁၁ ဂိုးသာ ရရှိခဲ့ပေမယ့် ပြင်သစ် လိဂန် ချန်ပီယံဆုကိုတော့ ကိုင်မြှောက်နိုင်ခဲ့သလို ချန်ပီယံလိဂ်မှာတော့ မအောင်မြင်ခဲ့ဘဲ ၁၆ သင်း ရှုံးထွက်အဆင့်ကနေ ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး လှည့်ပြန်ခဲ့ရပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းပြပြီး ဥရောပ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ မျှော်လင့်နေနိုင်တာဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့အပြီးမှာတော့ သူ့အတွက် အောင်မြင်မှုတွေအားလုံးကို ရယူဖူးသွားခဲ့ပြီးမို့ သိပ်ပြီး ကလပ်အသင်းအောင်မြင်မှုတွေကို ရယူဖို့ စိတ်မပါတော့ဘူးလို့ စောင့်ကြည့်သူတွေက ခန့်မှန်းခဲ့ကြပြီး ဒါကြောင့်ပဲ နွေရာသီမှာ ပီအက်စ်ဂျီမှာ ဆက်မနေတော့တာလည်း ဖြစ်လာနိုင်တယ်လို့ ဆိုနေကြတာပါ။

မက်ဆီကို အသင်းမှာ ဆက်နေမယ်ဆိုရင် ပီအက်စ်ဂျီဘက်က စာချုပ်သစ် ပေးအပ်သွားဖို့ အဆင်သင့်ရှိနေခဲ့ပေမယ့် ကာယကံရှင်ကတော့ သူ့ရဲ့ အနာဂတ်ကို ပြန်တွေးနေခဲ့သလို တခြားသော စိန်ခေါ်မှုတွေကိုလည်း လက်ခံလာနိုင်ပြီး ဘာမှ ရင်ခုန်စရာမရှိတဲ့ လယ်သမားလိဂ်ကနေ ထွက်ခွာဖို့ကို စဉ်းစားနေမယ်လို့ ခန့်မှန်းနေကြပါတယ်။

အာဂျင်တီးနားသား GOAT ကြီးအနေနဲ့ ပီအက်စ်ဂျီကနေ ထွက်ခွာမယ်ဆိုရင် ဘဏ္ဏာရေးအခြေအနေ နည်းနည်းပြန်ထောင်ထလာတဲ့ အသင်းဟောင်း ဘာစီလိုနာနဲ့ ပြန်လည်လက်တွဲဖို့ ရေပန်းစားနေပြီး အသင်းဥက္ကဌ ဂျိုအန်း လာပေါ်တာကလည်း သူတို့ရဲ့ ချစ်လျက်နဲ့ လမ်းခွဲခဲ့ရတဲ့ ဆက်ဆံရေးကို ပြန်လည်တည်ဆောက်လိုနေတယ်လို့ သတင်းသန့်သန့် ထွက်နေတာပါ။

မက်ဆီအတွက် ဆော်ဒီအာရေးဘီးယားကလပ် အယ်လ်ဟီလယ်လ်နဲ့ သူတို့ရဲ့ နိုင်ငံဘောလုံးအဖွဲ့ချုပ်က ဆော်ဒီလိဂ်ရဲ့ ပုံရိပ်ကို မြင်မားလာစေဖို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနောက်မှာ နောက်ထပ် နာမည်ကြီး ကစားသမားအဖြစ် ခေါ်ယူချင်နေသလို အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီနဲ့ အသင်းတချို့ကလည်း စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဂ်င္တီးနားတိုက္စစ္မႉး လီယြန္နယ္ မက္ဆီအေနနဲ႔ သူ႔ရဲ႕ လက္ရွိေႏြရာသီမွာ ကုန္ဆုံးမယ့္ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကို ထပ္မံတိုးျမႇင့္ဖို႔ ခ်ီတုံခ်တုံျဖစ္ေနခဲ့ၿပီး ကာတာပိုင္ကလပ္ဘက္က ကမ္းလွမ္းမႈေတြကို ေခါင္းမညိတ္ေသးဘဲ ရွိေနသလို အသင္းကေန ထြက္ခြာသြားႏိုင္တယ္လို႔ သတင္းေတြက ဆိုပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ ၿပီးခဲ့တဲ့ ေႏြရာသီက ဘာစီလိုနာအသင္းကေန ပါရီကို အလြတ္ေျပာင္းနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ႏွစ္ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုထားခဲ့သလို တစ္ပတ္လုပ္ခ ေပါင္တစ္သန္းရရွိေနတယ္လို႔ဆိုၿပီး ဥေရာပရဲ႕ ထိပ္တန္းလစာရရွိသူေတြထဲမွာ ထိပ္ဆုံးက ဦးေဆာင္ေနတာပါ။

ၿပီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီမွာ ပီအက္စ္ဂ်ီအသင္းအတြက္ ေျခစြမ္းျပႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး ၿပိဳင္ပြဲစုံ ၃၄ ပြဲမွာ ၁၁ ဂိုးသာ ရရွိခဲ့ေပမယ့္ ျပင္သစ္ လိဂန္ ခ်န္ပီယံဆုကိုေတာ့ ကိုင္ေျမႇာက္ႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္မွာေတာ့ မေအာင္ျမင္ခဲ့ဘဲ ၁၆ သင္း ရႈံးထြက္အဆင့္ကေန ရီးရဲလ္မက္ဒရစ္ကို ရႈံးနိမ့္ၿပီး လွည့္ျပန္ခဲ့ရေပမယ့္ ဒီရာသီမွာေတာ့ ေျခစြမ္းျပၿပီး ဥေရာပ ေအာင္ျမင္မႈေတြ ရရွိႏိုင္ဖို႔ ေမွ်ာ္လင့္ေနႏိုင္တာျဖစ္ပါတယ္။

အာဂ်င္တီးနားအသင္းနဲ႔ ၂၀၂၂ ကမာၻ႔ဖလားကို ရယူႏိုင္ခဲ့အၿပီးမွာေတာ့ သူ႔အတြက္ ေအာင္ျမင္မႈေတြအားလုံးကို ရယူဖူးသြားခဲ့ၿပီးမို႔ သိပ္ၿပီး ကလပ္အသင္းေအာင္ျမင္မႈေတြကို ရယူဖို႔ စိတ္မပါေတာ့ဘူးလို႔ ေစာင့္ၾကည့္သူေတြက ခန႔္မွန္းခဲ့ၾကၿပီး ဒါေၾကာင့္ပဲ ေႏြရာသီမွာ ပီအက္စ္ဂ်ီမွာ ဆက္မေနေတာ့တာလည္း ျဖစ္လာႏိုင္တယ္လို႔ ဆိုေနၾကတာပါ။

မက္ဆီကို အသင္းမွာ ဆက္ေနမယ္ဆိုရင္ ပီအက္စ္ဂ်ီဘက္က စာခ်ဳပ္သစ္ ေပးအပ္သြားဖို႔ အဆင္သင့္ရွိေနခဲ့ေပမယ့္ ကာယကံရွင္ကေတာ့ သူ႔ရဲ႕ အနာဂတ္ကို ျပန္ေတြးေနခဲ့သလို တျခားေသာ စိန္ေခၚမႈေတြကိုလည္း လက္ခံလာႏိုင္ၿပီး ဘာမွ ရင္ခုန္စရာမရွိတဲ့ လယ္သမားလိဂ္ကေန ထြက္ခြာဖို႔ကို စဥ္းစားေနမယ္လို႔ ခန႔္မွန္းေနၾကပါတယ္။

အာဂ်င္တီးနားသား GOAT ႀကီးအေနနဲ႔ ပီအက္စ္ဂ်ီကေန ထြက္ခြာမယ္ဆိုရင္ ဘဏၰာေရးအေျခအေန နည္းနည္းျပန္ေထာင္ထလာတဲ့ အသင္းေဟာင္း ဘာစီလိုနာနဲ႔ ျပန္လည္လက္တြဲဖို႔ ေရပန္းစားေနၿပီး အသင္းဥကၠဌ ဂ်ိဳအန္း လာေပၚတာကလည္း သူတို႔ရဲ႕ ခ်စ္လ်က္နဲ႔ လမ္းခြဲခဲ့ရတဲ့ ဆက္ဆံေရးကို ျပန္လည္တည္ေဆာက္လိုေနတယ္လို႔ သတင္းသန႔္သန႔္ ထြက္ေနတာပါ။

မက္ဆီအတြက္ ေဆာ္ဒီအာေရးဘီးယားကလပ္ အယ္လ္ဟီလယ္လ္နဲ႔ သူတို႔ရဲ႕ ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က ေဆာ္ဒီလိဂ္ရဲ႕ ပုံရိပ္ကို ျမင္မားလာေစဖို႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုေနာက္မွာ ေနာက္ထပ္ နာမည္ႀကီး ကစားသမားအျဖစ္ ေခၚယူခ်င္ေနသလို အေမရိကန္ ေမဂ်ာလိဂ္ကလပ္ အင္တာ မိုင္ယာမီနဲ႔ အသင္းတခ်ိဳ႕ကလည္း စိတ္ဝင္စားေနေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.