Ligue1

အမ်ဘာပေနေရာမှာ အင်္ဂလန်တိုက်စစ်မှူးနဲ့ အစားထိုးမယ့် ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ ခီလီယန် အမ်ဘာပေ မရှိတဲ့နောက် ဘယ်လို ရှေ့ဆက်မလဲဆိုတဲ့ အစီအစဉ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ကို ယခုလာမယ့်နွေရာသီမှာ ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့အပတ်က ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေကို ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်တာနဲ့ အသင်းကို စွန့်ခွာမှာဖြစ်ပြီး တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုသွားမှာမဟုတ်ကြောင်း အသိပေးခဲ့တာဖြစ်ပါတယ်။

ကာလရှည် ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးရဲ့ ကိုယ်စားလှယ်တွေဟာ မန်စီးတီးနဲ့ အာဆင်နယ်တို့အပါအဝင် ပရီးမီးယားလိဂ်အသင်းတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ပီအက်စ်ဂျီဟာ အမ်ဘာပေအတွက် ဘာပြောင်းရွှေ့ကြေးမှ ရရှိမှာမဟုတ်ပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးရဲ့ ကြီးမားတဲ့ လုပ်ခလစာ ယူရိုသန်း ၂၀၀ လောက် သက်သာသွားမှာဖြစ်ပါတယ်။

ပြင်သစ်လီဂူးဝမ်းချန်ပီယံတွေဟာ တိုက်စစ်မှူးသစ်အတွက် ပြန်လည်ရင်းနှီးမြှုပ်နှံသွားချင်နေပြီး The Times ရဲ့ သတင်းအရ ကာလရှည် စိတ်ဝင်စားခဲ့တဲ့ မန်ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီရဲ့ ပစ်မှတ်စာရင်းထဲမှာ ရှိနေခဲ့တာ တော်တော်လေးကြာခဲ့ပြီဖြစ်ပြီး ၂၀၂၂ ခုနှစ်ကုန်တုန်းက ခေါ်ယူဖို့ ကြိုးမပ်းခဲ့သေးပေမယ့်လည်း ရက်ရှ်ဖို့ဒ်က သရဲနီတွေနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီဟာ ခီလီယန္ အမ္ဘာေပ မရွိတဲ့ေနာက္ ဘယ္လို ေရွ႕ဆက္မလဲဆိုတဲ့ အစီအစဥ္ကို စတင္လုပ္ေဆာင္ေနၿပီျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ကို ယခုလာမယ့္ေႏြရာသီမွာ ေခၚယူသြားမယ္လို႔ သိရပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့အပတ္က ပီအက္စ္ဂ်ီအသင္းတာဝန္ရွိသူေတြကို ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္တာနဲ႔ အသင္းကို စြန႔္ခြာမွာျဖစ္ၿပီး တစ္ႏွစ္သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာမဟုတ္ေၾကာင္း အသိေပးခဲ့တာျဖစ္ပါတယ္။

ကာလရွည္ ေခၚယူဖို႔ ႀကိဳးပမ္းေနခဲ့တဲ့ ရီးရဲလ္မက္ဒရစ္က အမ္ဘာေပကို ေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးရဲ႕ ကိုယ္စားလွယ္ေတြဟာ မန္စီးတီးနဲ႔ အာဆင္နယ္တို႔အပါအဝင္ ပရီးမီးယားလိဂ္အသင္းေတြနဲ႔ ေဆြးေႏြးခဲ့တယ္လို႔ ယုံၾကည္ရပါတယ္။

ပီအက္စ္ဂ်ီဟာ အမ္ဘာေပအတြက္ ဘာေျပာင္းေ႐ႊ႕ေၾကးမွ ရရွိမွာမဟုတ္ေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးရဲ႕ ႀကီးမားတဲ့ လုပ္ခလစာ ယူ႐ိုသန္း ၂၀၀ ေလာက္ သက္သာသြားမွာျဖစ္ပါတယ္။

ျပင္သစ္လီဂူးဝမ္းခ်န္ပီယံေတြဟာ တိုက္စစ္မႉးသစ္အတြက္ ျပန္လည္ရင္းႏွီးျမႇဳပ္ႏွံသြားခ်င္ေနၿပီး The Times ရဲ႕ သတင္းအရ ကာလရွည္ စိတ္ဝင္စားခဲ့တဲ့ မန္ယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို ေခၚယူသြားခ်င္ေနတယ္လို႔ သိရပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ အဂၤလန္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီရဲ႕ ပစ္မွတ္စာရင္းထဲမွာ ရွိေနခဲ့တာ ေတာ္ေတာ္ေလးၾကာခဲ့ၿပီျဖစ္ၿပီး ၂၀၂၂ ခုႏွစ္ကုန္တုန္းက ေခၚယူဖို႔ ႀကိဳးမပ္းခဲ့ေသးေပမယ့္လည္း ရက္ရွ္ဖို႔ဒ္က သရဲနီေတြနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.