Ligue1

ပေါက်ကြားလာတဲ့ အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်အသေးစိတ်

ခီလီယန် အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်တောင် ချုပ်ဆိုထားခဲ့ပြီးဖြစ်ပြီး ဒီနွေရာသီမှာ တရားဝင်ပြောင်းရွှေ့ပြီးတာနဲ့ အသင်းရဲ့ လစာအမြင့်မားဆုံးကစားသမားဖြစ်လာမယ်လို့ သိရပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ဒီလအစောပိုင်းမှာ ပီအက်စ်ဂျီကို စာချုပ်သက်တမ်းကုန်တာနဲ့ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ အသိပေးခဲ့ပြီး တစ်နှစ်သက်တမ်းတိုး စာချုပ်လည်း ချုပ်ဆိုချင်တဲ့ဆန္ဒမရှိဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကာလရှည် ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ပေါ်ထွက်လာခဲ့ပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးကို မန်စီးတီးနဲ့ အာဆင်နယ်တို့အပါအဝင် ပရီးမီးယားလိဂ်အသင်းတွေက ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Marca ရဲ့ သတင်းအရ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်ချုပ်ဆိုဖို့တောင် သဘောတူထားပြီးဖြစ်ပြီး လက်ရှိမှာတော့ ၂၀၂၉ ခုနှစ်အထိ ဘာနေဗျူးမှာ ရှိနေမယ့် အကြိုသဘောတူစာချုပ်ကိုတောင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

စပိန်လာလီဂါထိပ်သီးအသင်းကြီးဟာ အသက် ၂၅ နှစ်အရွယ်ကစားသမားကို ဇန်နဝါရီလအစကတည်းက ပထမဆုံး ဆက်သွယ်ခဲ့တာဖြစ်ပြီး သဘောတူညီမှုရရှိဖို့အတွက် ဘဏ္ဍာရေးအခက်အခဲတွေများစွာကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ လက်ရှိ ပီအက်စ်ဂျီမှာ ရနေတဲ့ လစာနဲ့ နှိုင်းယှဉ်ရင် သိသာထင်ရှားတဲ့ လစာပမာဏ ရယူချင်နေပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ်က ပြင်သစ်တိုက်စစ်မှူးရောက်ရှိလာမှုက အသင်းလစာပေးချေမှုပုံစံကို ပျက်စီးစေမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ ရနေတဲ့ တစ်နှစ်လုပ်ခလစာ ပေါင် ၆၂ သန်းရဲ့ ၃ ပုံ ၁ ပုံသာ ရမှာဖြစ်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အဝတ်လဲခန်းထဲမှာ လစာအမြင့်မားဆုံးရရှိသူအဖြစ် ရှိနေဦးမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို စာချုပ်လက်မှတ်ထိုးကြေး ပေါင်သန်း ၄၀ ထက်မကျော်တဲ့ ပမာဏကို ပေးချေသွားမှာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်တုန်းက လာလီဂါကလပ် ပထမဆုံးအကြိမ် အလွတ်နဲ့ ခေါ်ယူဖို့ နီးစပ်ခဲ့တဲ့အချိန်တုန်းက တောင်းဆိုခဲ့တဲ့ ပေါင်သန်း ၁၂၀ ထက်တော့ တော်တော်လေး လျော့နည်းသွားတာဖြစ်ပါတယ်။

အပြန်အလှန်အနေနဲ့ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ပုံရိပ်အသုံးပြုခွင့်အတွက် ရလာတဲ့ ငွေကြေးတွေကို စီမံခန့်ခွဲခွင့်ပေးသွားမှာဖြစ်ပြီး အမ်ဘာပေက ၆၀ ရာခိုင်နှုန်းအထိ ရရှိသွားမှာဖြစ်တာကြောင့် လစာနဲ့ လက်မှတ်ထိုးကြေးကို လျှော့ပေးလိုက်တာလို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခီလီယန္ အမ္ဘာေပဟာ ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္ေတာင္ ခ်ဳပ္ဆိုထားခဲ့ၿပီးျဖစ္ၿပီး ဒီေႏြရာသီမွာ တရားဝင္ေျပာင္းေ႐ႊ႕ၿပီးတာနဲ႔ အသင္းရဲ႕ လစာအျမင့္မားဆုံးကစားသမားျဖစ္လာမယ္လို႔ သိရပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ဒီလအေစာပိုင္းမွာ ပီအက္စ္ဂ်ီကို စာခ်ဳပ္သက္တမ္းကုန္တာနဲ႔ အသင္းကေန ထြက္ခြာေတာ့မွာျဖစ္တယ္လို႔ အသိေပးခဲ့ၿပီး တစ္ႏွစ္သက္တမ္းတိုး စာခ်ဳပ္လည္း ခ်ဳပ္ဆိုခ်င္တဲ့ဆႏၵမရွိဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ကာလရွည္ ေခၚယူဖို႔ ႀကိဳးပမ္းေနခဲ့တဲ့ ရီးရဲလ္မက္ဒရစ္က အမ္ဘာေပကို ေခၚယူႏိုင္ဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္ ေပၚထြက္လာခဲ့ေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးကို မန္စီးတီးနဲ႔ အာဆင္နယ္တို႔အပါအဝင္ ပရီးမီးယားလိဂ္အသင္းေတြက ေခၚယူခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း Marca ရဲ႕ သတင္းအရ အမ္ဘာေပဟာ ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ေတာင္ သေဘာတူထားၿပီးျဖစ္ၿပီး လက္ရွိမွာေတာ့ ၂၀၂၉ ခုႏွစ္အထိ ဘာေနဗ်ဴးမွာ ရွိေနမယ့္ အႀကိဳသေဘာတူစာခ်ဳပ္ကိုေတာင္ လက္မွတ္ေရးထိုးခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

စပိန္လာလီဂါထိပ္သီးအသင္းႀကီးဟာ အသက္ ၂၅ ႏွစ္အ႐ြယ္ကစားသမားကို ဇန္နဝါရီလအစကတည္းက ပထမဆုံး ဆက္သြယ္ခဲ့တာျဖစ္ၿပီး သေဘာတူညီမႈရရွိဖို႔အတြက္ ဘ႑ာေရးအခက္အခဲေတြမ်ားစြာကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ လက္ရွိ ပီအက္စ္ဂ်ီမွာ ရေနတဲ့ လစာနဲ႔ ႏႈိင္းယွဥ္ရင္ သိသာထင္ရွားတဲ့ လစာပမာဏ ရယူခ်င္ေနေပမယ့္လည္း ရီးရဲလ္မက္ဒရစ္ဥကၠဌ ဖေလာ္ရန္တီႏို ပီးရက္ဇ္က ျပင္သစ္တိုက္စစ္မႉးေရာက္ရွိလာမႈက အသင္းလစာေပးေခ်မႈပုံစံကို ပ်က္စီးေစမွာမဟုတ္ဘူးလို႔ အခိုင္အမာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ပီအက္စ္ဂ်ီမွာ ရေနတဲ့ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၆၂ သန္းရဲ႕ ၃ ပုံ ၁ ပုံသာ ရမွာျဖစ္ေပမယ့္လည္း ရီးရဲလ္မက္ဒရစ္ အဝတ္လဲခန္းထဲမွာ လစာအျမင့္မားဆုံးရရွိသူအျဖစ္ ရွိေနဦးမွာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ အမ္ဘာေပကို စာခ်ဳပ္လက္မွတ္ထိုးေၾကး ေပါင္သန္း ၄၀ ထက္မေက်ာ္တဲ့ ပမာဏကို ေပးေခ်သြားမွာျဖစ္ၿပီး လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းက လာလီဂါကလပ္ ပထမဆုံးအႀကိမ္ အလြတ္နဲ႔ ေခၚယူဖို႔ နီးစပ္ခဲ့တဲ့အခ်ိန္တုန္းက ေတာင္းဆိုခဲ့တဲ့ ေပါင္သန္း ၁၂၀ ထက္ေတာ့ ေတာ္ေတာ္ေလး ေလ်ာ့နည္းသြားတာျဖစ္ပါတယ္။

အျပန္အလွန္အေနနဲ႔ ရီးရဲလ္မက္ဒရစ္က အမ္ဘာေပကို ပုံရိပ္အသုံးျပဳခြင့္အတြက္ ရလာတဲ့ ေငြေၾကးေတြကို စီမံခန႔္ခြဲခြင့္ေပးသြားမွာျဖစ္ၿပီး အမ္ဘာေပက ၆၀ ရာခိုင္ႏႈန္းအထိ ရရွိသြားမွာျဖစ္တာေၾကာင့္ လစာနဲ႔ လက္မွတ္ထိုးေၾကးကို ေလွ်ာ့ေပးလိုက္တာလို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.