Ligue1

ပြင်သစ်ဖလားရယူပေးခဲ့ပြီးနောက် အနာဂတ်အကြောင်း ပြောလာတဲ့ အမ်ဘာပေ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေက စနေနေ့ညက အသင်းကို ပြင်သစ်ဖလားဗိုလ်လုပွဲမှာ အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ရင်ကော့ခေါင်းမော့ပြီး ထွက်သွားရမှာကို ဂုဏ်ယူမိတယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း လာမယ့်ရာသီ ဘယ်မှာကစားမလဲဆိုတာကို အတည်ပြုဖို့ သင့်တော်တဲ့အချိန်ကို စောင့်ဆိုင်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

“နောက်ဆုံးပွဲမှာ ဆုဖလားနဲ့အတူ အဆုံးသတ်နိုင်တာထက် ပိုကောင်းတဲ့နည်းလမ်းမရှိတော့ပါဘူး။ အဲဒါက တကယ်ကောင်းမွန်တယ်လို့ ခံစားရတယ်”လို့ လိုင်ယွန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။

အမ်ဘာပေရဲ့ စာချုပ်သက်တမ်းဟာ လက်ရှိမှာ ပြည့်တော့မှာဖြစ်ပြီး မကြာသေးမီက ဒီရာသီကုန်မှာ အသင်းကို စွန့်ခွာမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေ နောက်ထပ် ပြောင်းရွှေ့မယ့်နေရာလို့ မျှော်မှန်းခြင်းခံထားရပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးကရော စပိန်ကလပ်အသင်းကပါ အခုအချိန်အထိ ဘာမှ ထုတ်ပြန်ကြေညာတာမျိုး မရှိသေးတာဖြစ်ပါတယ်။

“ကျွန်တော် ဖြစ်ချင်ခဲ့တာက ကျွန်တော့်အသင်းနဲ့အတူ ဆုဖလားနဲ့ အဆုံးသတ်ဖို့ပါပဲ။ အရာအားလုံးအတွက် အချိန်တွေ ရှိနေသေးတယ်လို့ ကျွန်တော် ထင်တယ်။ အချိန်ကောင်းကျရင် ကျွန်တော့်ရဲ့ အနာဂတ်ကလပ်အသင်းကို ကြေညာသွားမှာပါ။အဲဒါက လာမယ့်ရက်အနည်းငယ်အတွင်းဖြစ်လိမ့်မယ်လို့ ထင်တယ်။ အဲဒီတော့ ဘာမှ ပြဿနာမရှိပါဘူး။ ကျွန်တော် ဘယ်အချိန်လဲဆိုတာတော့ မသိသေးဘူး။ ရှင်းစရာရှိတဲ့ အသေးစိတ်အချက်အလက်အချို့ ရှိနေသေးပေမယ့် အရေးအကြီးဆုံးအရာက ဒီမှာ မြင့်မားတဲ့နေရာမှာ အဆုံးသတ်နိုင်ခဲ့တာပါပဲ။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ခီလီယန် အမ်ဘာပေဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ဂျာမနီကို သွားရောက်ယှဉ်ပြိုင်ရမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့အတွက် ပြင်သစ်လက်ရွေးစင်အသင်းနဲ့ သွားရောက်ပူးပေါင်းတော့မှာဖြစ်ပြီး လက်ရွေးစင်အသင်းနဲ့ မပူးပေါင်းခင်မှာ အနာဂတ်ကို အဖြေပေးသွားဖွယ်ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပက စေနေန႔ညက အသင္းကို ျပင္သစ္ဖလားဗိုလ္လုပြဲမွာ အႏိုင္ရရွိေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ ရင္ေကာ့ေခါင္းေမာ့ၿပီး ထြက္သြားရမွာကို ဂုဏ္ယူမိတယ္လို႔ ေျပာဆိုခဲ့ေပမယ့္လည္း လာမယ့္ရာသီ ဘယ္မွာကစားမလဲဆိုတာကို အတည္ျပဳဖို႔ သင့္ေတာ္တဲ့အခ်ိန္ကို ေစာင့္ဆိုင္းသြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“ေနာက္ဆုံးပြဲမွာ ဆုဖလားနဲ႔အတူ အဆုံးသတ္ႏိုင္တာထက္ ပိုေကာင္းတဲ့နည္းလမ္းမရွိေတာ့ပါဘူး။ အဲဒါက တကယ္ေကာင္းမြန္တယ္လို႔ ခံစားရတယ္”လို႔ လိုင္ယြန္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲအၿပီးမွာ ေျပာဆိုခဲ့ပါတယ္။

အမ္ဘာေပရဲ႕ စာခ်ဳပ္သက္တမ္းဟာ လက္ရွိမွာ ျပည့္ေတာ့မွာျဖစ္ၿပီး မၾကာေသးမီက ဒီရာသီကုန္မွာ အသင္းကို စြန႔္ခြာမွာျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ အမ္ဘာေပ ေနာက္ထပ္ ေျပာင္းေ႐ႊ႕မယ့္ေနရာလို႔ ေမွ်ာ္မွန္းျခင္းခံထားရေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးကေရာ စပိန္ကလပ္အသင္းကပါ အခုအခ်ိန္အထိ ဘာမွ ထုတ္ျပန္ေၾကညာတာမ်ိဳး မရွိေသးတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ျဖစ္ခ်င္ခဲ့တာက ကြၽန္ေတာ့္အသင္းနဲ႔အတူ ဆုဖလားနဲ႔ အဆုံးသတ္ဖို႔ပါပဲ။ အရာအားလုံးအတြက္ အခ်ိန္ေတြ ရွိေနေသးတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အခ်ိန္ေကာင္းက်ရင္ ကြၽန္ေတာ့္ရဲ႕ အနာဂတ္ကလပ္အသင္းကို ေၾကညာသြားမွာပါ။အဲဒါက လာမယ့္ရက္အနည္းငယ္အတြင္းျဖစ္လိမ့္မယ္လို႔ ထင္တယ္။ အဲဒီေတာ့ ဘာမွ ျပႆနာမရွိပါဘူး။ ကြၽန္ေတာ္ ဘယ္အခ်ိန္လဲဆိုတာေတာ့ မသိေသးဘူး။ ရွင္းစရာရွိတဲ့ အေသးစိတ္အခ်က္အလက္အခ်ိဳ႕ ရွိေနေသးေပမယ့္ အေရးအႀကီးဆုံးအရာက ဒီမွာ ျမင့္မားတဲ့ေနရာမွာ အဆုံးသတ္ႏိုင္ခဲ့တာပါပဲ။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ခီလီယန္ အမ္ဘာေပဟာ လာမယ့္ရက္ပိုင္းအတြင္းမွာ ဂ်ာမနီကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ဖို႔အတြက္ ျပင္သစ္လက္ေ႐ြးစင္အသင္းနဲ႔ သြားေရာက္ပူးေပါင္းေတာ့မွာျဖစ္ၿပီး လက္ေ႐ြးစင္အသင္းနဲ႔ မပူးေပါင္းခင္မွာ အနာဂတ္ကို အေျဖေပးသြားဖြယ္ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.