Ligue1

ပေါ်တင် အကြောတင်းတဲ့ လိပ်နင်ဂျာကို ပေါက်ကွဲနေတဲ့ ပီအက်စ်ဂျီပရိသတ်များ

ပီအက်စ်ဂျီအသင်းဟာ သောကြာနေ့ညက မိုနာကိုနဲ့ ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

လက်ရှိ ချန်ပီယံတွေဟာ ပထမပိုင်းမှာ ကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို လူစားလဲလှယ်ခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးက လူစားလဲခံခဲ့ရပြီးနောက် အရန်ခုံတန်းကို မသွားဘဲ အဝတ်အစားလဲပြီး ပွဲကြည့်စင်မှာ သွားထိုင်နေခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ၎င်းရဲ့ အေးဂျင့်လည်းဖြစ်တဲ့ မိခင်ဖြစ်သူ လာမာရီ ဖေဇာနဲ့အတူ ပွဲကို ကြည့်ရှုခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရင်းနေးနဲ့ပွဲမှာလည်း ၆၅ မိနစ်မှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

အမ်ဘာပေရဲ့ အရန်ခုံတန်းကို စွန့်ခွာပြီး ပွဲကြည့်စင်မှာ ပွဲကြည့်ပရိသတ်လုပ်ခဲ့တဲ့ လုပ်ရပ်ကို ပီအက်စ်ဂျီပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြပြီး ခံယူချက်ပိုင်းနဲ့ပတ်သက်ပြီး မကြာခဏ မေးခွန်းထုတ်ခံခဲ့ရတဲ့ မက်ဆီ၊ နေမာတို့နဲ့ နှိုင်းယှဉ်ခဲ့ကြတာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “တကယ်လို့ အဲဒီလို လုပ်တာက မက်ဆီ ဒါမှမဟုတ် နေမာလို့ တွေးကြည့်လိုက်။ ခင်ဗျား သိတောင်သိခဲ့မှာမဟုတ်ဘူးဆိုတာ ကျွန်တော် ကျိန်ရဲတယ်”လို့ ရေးသားခဲ့ပြီး နောက်ထပ် လူမှုကွန်ရက်အသုံးပြုသူတစ်ဦးကလည်း “ဘရိုက လာမယ့်ရာသီ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဖလားယူဖို့တောင် တွေးနေပြီ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ပရိသတ်အများစုကတော့ အမ်ဘာပေဟာ ဒီရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ပီအက်စ်ဂျီကို ရှိတယ်လို့တောင် မထင်တော့ဘူးလို့ ထင်မြင်နေကြပြီး ပြင်သစ်လီဂူးဝမ်းကလပ်အပေါ်မှာ ပရော်ဖက်ရှင်နယ်မပီသစွာ ပြုမူခဲ့တာလို့ ယုံကြည်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီအသင္းဟာ ေသာၾကာေန႔ညက မိုနာကိုနဲ႔ ကစားခဲ့တဲ့ လီဂူးဝမ္းပြဲစဥ္မွာ ဂိုးမရွိသေရရလဒ္နဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။

လက္ရွိ ခ်န္ပီယံေတြဟာ ပထမပိုင္းမွာ ၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပကို လူစားလဲလွယ္ခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးက လူစားလဲခံခဲ့ရၿပီးေနာက္ အရန္ခုံတန္းကို မသြားဘဲ အဝတ္အစားလဲၿပီး ပြဲၾကည့္စင္မွာ သြားထိုင္ေနခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ၎ရဲ႕ ေအးဂ်င့္လည္းျဖစ္တဲ့ မိခင္ျဖစ္သူ လာမာရီ ေဖဇာနဲ႔အတူ ပြဲကို ၾကည့္ရႈခဲ့တာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ ရင္းေနးနဲ႔ပြဲမွာလည္း ၆၅ မိနစ္မွာပဲ လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။

အမ္ဘာေပရဲ႕ အရန္ခုံတန္းကို စြန႔္ခြာၿပီး ပြဲၾကည့္စင္မွာ ပြဲၾကည့္ပရိသတ္လုပ္ခဲ့တဲ့ လုပ္ရပ္ကို ပီအက္စ္ဂ်ီပရိသတ္ေတြက ေမးခြန္းထုတ္ခဲ့ၾကၿပီး ခံယူခ်က္ပိုင္းနဲ႔ပတ္သက္ၿပီး မၾကာခဏ ေမးခြန္းထုတ္ခံခဲ့ရတဲ့ မက္ဆီ၊ ေနမာတို႔နဲ႔ ႏႈိင္းယွဥ္ခဲ့ၾကတာျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက “တကယ္လို႔ အဲဒီလို လုပ္တာက မက္ဆီ ဒါမွမဟုတ္ ေနမာလို႔ ေတြးၾကည့္လိုက္။ ခင္ဗ်ား သိေတာင္သိခဲ့မွာမဟုတ္ဘူးဆိုတာ ကြၽန္ေတာ္ က်ိန္ရဲတယ္”လို႔ ေရးသားခဲ့ၿပီး ေနာက္ထပ္ လူမႈကြန္ရက္အသုံးျပဳသူတစ္ဦးကလည္း “ဘ႐ိုက လာမယ့္ရာသီ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ဖလားယူဖို႔ေတာင္ ေတြးေနၿပီ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ပရိသတ္အမ်ားစုကေတာ့ အမ္ဘာေပဟာ ဒီရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ပီအက္စ္ဂ်ီကို ရွိတယ္လို႔ေတာင္ မထင္ေတာ့ဘူးလို႔ ထင္ျမင္ေနၾကၿပီး ျပင္သစ္လီဂူးဝမ္းကလပ္အေပၚမွာ ပေရာ္ဖက္ရွင္နယ္မပီသစြာ ျပဳမူခဲ့တာလို႔ ယုံၾကည္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.