Ligue1

ရီးရဲလ်ပြောင်းတော့မယ့် အမ်ဘာပေကို ညစာဖိတ်ကျွေးပြီး စည်းရုံးရေးဆင်းခဲ့တဲ့ သမ္မတ

ခီလီယန် အမ်ဘာပေဟာ အင်္ဂါနေ့ညက ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ တွေ့ဆုံခဲ့ပြီး ကာတာနိုင်ငံအကြီးအကဲနဲ့ ပီအက်စ်ဂျီဥက္ကဌ နက်ဆာ အယ်လ်ခါလီဖီတို့လည်း ပါဝင်ခဲ့ပါတယ်။

အမ်ဘာပေကို သမ္မတအိမ်တော်ကို ဖိတ်ခေါ်ရတဲ့ အကြောင်းအရင်းအတိအကျကိုတော့ မသိရသေးပေမယ့်လည်း ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ ပီအက်စ်ဂျီကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ ပြင်သစ်တိုက်စစ်မှူးကို စာချုပ်သစ် ချုပ်ဆိုဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးဟာ လာမယ့် ဇွန်လမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်ကျရင် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရသူဖြစ်ပြီး စပိန်ဘောလုံးလောကမှာ လစာအမြင့်မားဆုံးကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ သမ္မတအိမ်တော်ကို ညနေ ၆ နာရီဝန်းကျင်မှာ ရောက်ရှိလာခဲ့ပြီး သမ္မတ မက်ခရွန်နဲ့ လက်ဆွဲနှုတ်ဆက်ပြီးနောက် စကားစမြည် ပြောဆိုခဲ့ကြပြီးနောက် ကာတာနိုင်ငံအကြီးကဲနဲ့လည်း လက်ဆွဲနှုတ်ဆက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်တုန်းကလည်း မက်ခရွန်ဟာ အမ်ဘာပေက ပီအက်စ်ဂျီနဲ့ အနာဂတ်ကို ၂ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ မဆုံးဖြတ်မီ ပြင်သစ်တိုက်စစ်မှူးနဲ့ တွေ့ဆုံခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးကတော့ သမ္မတရဲ့ စကားဟာ ၎င်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ဘာမှ အကျိုးသက်ရောက်မှုမရှိဘူးလို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခီလီယန္ အမ္ဘာေပဟာ အဂၤါေန႔ညက ျပင္သစ္သမၼတ အီမန္န်ဴရယ္ မက္ခ႐ြန္နဲ႔ ေတြ႕ဆုံခဲ့ၿပီး ကာတာႏိုင္ငံအႀကီးအကဲနဲ႔ ပီအက္စ္ဂ်ီဥကၠဌ နက္ဆာ အယ္လ္ခါလီဖီတို႔လည္း ပါဝင္ခဲ့ပါတယ္။

အမ္ဘာေပကို သမၼတအိမ္ေတာ္ကို ဖိတ္ေခၚရတဲ့ အေၾကာင္းအရင္းအတိအက်ကိုေတာ့ မသိရေသးေပမယ့္လည္း ဖက္ဘရီဇီယို ႐ိုမာႏိုရဲ႕ ေျပာၾကားခ်က္အရ ပီအက္စ္ဂ်ီကို စြန႔္ခြာဖို႔ ဆုံးျဖတ္ထားၿပီးျဖစ္တဲ့ ျပင္သစ္တိုက္စစ္မႉးကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ရည္႐ြယ္ခ်က္နဲ႔ ျဖစ္ႏိုင္တယ္လို႔ သိရပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ လာမယ့္ ဇြန္လမွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္က်ရင္ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရသူျဖစ္ၿပီး စပိန္ေဘာလုံးေလာကမွာ လစာအျမင့္မားဆုံးကစားသမားျဖစ္လာမွာ ျဖစ္ပါတယ္။

အမ္ဘာေပဟာ သမၼတအိမ္ေတာ္ကို ညေန ၆ နာရီဝန္းက်င္မွာ ေရာက္ရွိလာခဲ့ၿပီး သမၼတ မက္ခ႐ြန္နဲ႔ လက္ဆြဲႏႈတ္ဆက္ၿပီးေနာက္ စကားစျမည္ ေျပာဆိုခဲ့ၾကၿပီးေနာက္ ကာတာႏိုင္ငံအႀကီးကဲနဲ႔လည္း လက္ဆြဲႏႈတ္ဆက္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

၂၀၂၂ ခုႏွစ္တုန္းကလည္း မက္ခ႐ြန္ဟာ အမ္ဘာေပက ပီအက္စ္ဂ်ီနဲ႔ အနာဂတ္ကို ၂ ႏွစ္သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ မဆုံးျဖတ္မီ ျပင္သစ္တိုက္စစ္မႉးနဲ႔ ေတြ႕ဆုံခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးကေတာ့ သမၼတရဲ႕ စကားဟာ ၎ရဲ႕ ဆုံးျဖတ္ခ်က္အေပၚမွာ ဘာမွ အက်ိဳးသက္ေရာက္မႈမရွိဘူးလို႔ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.