Ligue1

ထိရှလွယ်တဲ့ GOAT အငြင်းအခုံမှာ အဖြေပေးခဲ့တဲ့ ရော်နယ်လ်ဒင်ညို

ရော်နယ်လ်ဒင်ညိုဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ထဲက ဘယ်ကစားသမားက ပိုမိုကောင်းမွန်တဲ့ကစားသမားလဲဆိုတာကို ရွေးချယ်ခဲ့တဲ့
ပြောဆိုမှု ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

တသက်တာအကောင်းဆုံးကစားသမား ၂ ဦးဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကြီးမားတဲ့ ပြိုင်ဆိုင်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေကြားမှာလည်း ဒီကစားသမား ၂ ဦးထဲက ဘယ်သူက ပိုမိုကောင်းမွန်တဲ့ကစားသမားလဲဆိုတာကို နှစ်ပေါင်းများစွာ အငြင်းအခုံဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ရော်နယ်လ်ဒင်ညိုဟာ လီယွန်နယ် မက်ဆီရဲ့ကစားသမားဘဝ အစောပိုင်းကာလမှာ ဘာစီလိုနာအသင်းဖော်အဖြစ် အချိန်ကုန်ဆုံးခဲ့ဖူးသူဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားလို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ဘရာဇီးလ်မှော်ဆရာကြီးက ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြီးပြည့်စုံတဲ့ဘောလုံးသမားဆိုတာကို သိရှိနေပေမယ့်လည်း လီယွန်နယ် မက်ဆီရဲ့ ကစားဟန်ကို ပိုပြီးတော့ သဘောကျနှစ်သက်တာ စြဖ်ပါတယ်။

“မက်ဆီက သမိုင်းမှာ အကောင်းဆုံးဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဘယ်သူကမှ မက်ဆီ လုပ်ခဲ့တာတွေကို မလုပ်နိုင်ခဲ့ပါဘူး။ တခြားတစ်ယောက်(ရော်နယ်လ်ဒို)ကတော့ ပြီးပြည့်စုံတယ်။ သူ့မှာ အရာအားလုံးရှိတယ်။ မက်ဆီမှာလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်သူက ပိုကောင်းမွန်တဲ့ကစားသမားလဲဆိုတာက ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ ကျွန်တော်ကတော့ မက်ဆီရဲ့ စတိုင်ကို ပိုကြိုက်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒင်ညိုက လီယွန်နယ် မက်ဆီနဲ့ အချိန်အကြာကြီး ပိုပြီးတော့ အတူတူ ကစားချင်တယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ “မက်ဆီနဲ့အတူ ကျွန်တော် ဆက်ပြီး ကစားချင်ပါတယ်။ ကျွန်တော် သူနဲ့ လုံလောက်တဲ့အချိန် မရရှိခဲ့ဘူး။ သူက အရမ်းငယ်ရွယ်ခဲ့တယ်။ ကျွန်တော် နောက်ထပ်တစ်ကြိမ်လောက်တော့ သူနဲ့အတူ ကွင်းထဲမှာ ကစားချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ လီယွန်နယ် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ဆယ်စုနှစ် ၁ ခုကျော်ကြာ ဘောလုံးလောကကို လွှမ်းမိုးနိုင်ခဲ့ကြသူတွေဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်က ဘလွန်ဒေါ ၇ ဆု၊ ပေါ်တူဂီကြယ်ပွင့်က ဘလွန်ဒေါ ၅ ဆုစီ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

မက်ဆီဟာ ပီအက်စ်ဂျီမှာ ယခုရာသီ အကောင်းဆုံးပုံစံကို ရရှိနေသူဖြစ်ပြီး လိဂန်းထိပ်သီးအသင်းကြီးအတွက် ပြိုင်ပွဲစုံ ၂၁ ပွဲမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ေရာ္နယ္လ္ဒင္ညိဳဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ထဲက ဘယ္ကစားသမားက ပိုမိုေကာင္းမြန္တဲ့ကစားသမားလဲဆိုတာကို ေ႐ြးခ်ယ္ခဲ့တဲ့
ေျပာဆိုမႈ ျပန္လည္ထြက္ေပၚလာခဲ့ပါတယ္။

တသက္တာအေကာင္းဆုံးကစားသမား ၂ ဦးဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ႀကီးမားတဲ့ ၿပိဳင္ဆိုင္မႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ၿပီး ပရိသတ္ေတြၾကားမွာလည္း ဒီကစားသမား ၂ ဦးထဲက ဘယ္သူက ပိုမိုေကာင္းမြန္တဲ့ကစားသမားလဲဆိုတာကို ႏွစ္ေပါင္းမ်ားစြာ အျငင္းအခုံျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒင္ညိဳဟာ လီယြန္နယ္ မက္ဆီရဲ႕ကစားသမားဘဝ အေစာပိုင္းကာလမွာ ဘာစီလိုနာအသင္းေဖာ္အျဖစ္ အခ်ိန္ကုန္ဆုံးခဲ့ဖူးသူျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ ေဘာလုံးသမိုင္းမွာ အေကာင္းဆုံးကစားသမားလို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ဘရာဇီးလ္ေမွာ္ဆရာႀကီးက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ၿပီးျပည့္စုံတဲ့ေဘာလုံးသမားဆိုတာကို သိရွိေနေပမယ့္လည္း လီယြန္နယ္ မက္ဆီရဲ႕ ကစားဟန္ကို ပိုၿပီးေတာ့ သေဘာက်ႏွစ္သက္တာ ျစဖ္ပါတယ္။

“မက္ဆီက သမိုင္းမွာ အေကာင္းဆုံးဆိုတာ သံသယျဖစ္စရာမရွိပါဘူး။ ဘယ္သူကမွ မက္ဆီ လုပ္ခဲ့တာေတြကို မလုပ္ႏိုင္ခဲ့ပါဘူး။ တျခားတစ္ေယာက္(ေရာ္နယ္လ္ဒို)ကေတာ့ ၿပီးျပည့္စုံတယ္။ သူ႔မွာ အရာအားလုံးရွိတယ္။ မက္ဆီမွာလည္း ရွိပါတယ္။ ဒါေပမယ့္ ဘယ္သူက ပိုေကာင္းမြန္တဲ့ကစားသမားလဲဆိုတာက ကိုယ့္အႀကိဳက္နဲ႔ကိုယ္ပါပဲ။ ကြၽန္ေတာ္ကေတာ့ မက္ဆီရဲ႕ စတိုင္ကို ပိုႀကိဳက္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒင္ညိဳက လီယြန္နယ္ မက္ဆီနဲ႔ အခ်ိန္အၾကာႀကီး ပိုၿပီးေတာ့ အတူတူ ကစားခ်င္တယ္လို႔လည္း ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။ “မက္ဆီနဲ႔အတူ ကြၽန္ေတာ္ ဆက္ၿပီး ကစားခ်င္ပါတယ္။ ကြၽန္ေတာ္ သူနဲ႔ လုံေလာက္တဲ့အခ်ိန္ မရရွိခဲ့ဘူး။ သူက အရမ္းငယ္႐ြယ္ခဲ့တယ္။ ကြၽန္ေတာ္ ေနာက္ထပ္တစ္ႀကိမ္ေလာက္ေတာ့ သူနဲ႔အတူ ကြင္းထဲမွာ ကစားခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ လီယြန္နယ္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ ဆယ္စုႏွစ္ ၁ ခုေက်ာ္ၾကာ ေဘာလုံးေလာကကို လႊမ္းမိုးႏိုင္ခဲ့ၾကသူေတြျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္က ဘလြန္ေဒါ ၇ ဆု၊ ေပၚတူဂီၾကယ္ပြင့္က ဘလြန္ေဒါ ၅ ဆုစီ ရရွိခဲ့ၾကတာ ျဖစ္ပါတယ္။

မက္ဆီဟာ ပီအက္စ္ဂ်ီမွာ ယခုရာသီ အေကာင္းဆုံးပုံစံကို ရရွိေနသူျဖစ္ၿပီး လိဂန္းထိပ္သီးအသင္းႀကီးအတြက္ ၿပိဳင္ပြဲစုံ ၂၁ ပြဲမွာ သြင္းဂိုး ၁၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.