Other Leagues Premier League

အယ်လ် နက်ဆာကို မပြောင်းခင် အေးဂျင့် ဂျော့ဂျ် မန်ဒက်စ်ကို ရာဇသံပေးခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အေးဂျင့် ဂျော့ဂျ် မန်ဒက်စ်ကို ချန်ပီယံလိဂ်ကလပ်အသင်း ၂ သင်းထဲက တစ်သင်းကို ပြောင်းရွှေ့နိုင်အောင် မလုပ်ပေးနိုင်ခဲ့ရင် ၎င်းတို့ရဲ့ ဆက်ဆံရေးက ပြီးဆုံးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ယခုလအစမှာ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် နက်ဆာအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ အဲဒီကာလအတွင်း အေးဂျင့် ဂျော့ဂျ် မန်ဒက်စ်နဲ့ လမ်းခွဲခဲ့ပြီး အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ TalkTV အတွက် ပီးယာ့စ် မော်ဂန်နဲ့ အငြင်းပွားဖွယ် အင်တာဗျူး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်အပြင် အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေကို ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြဟာ အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့တဲ့ နောက်ဆုံးလအနည်းငယ်အတွင်းမှာ မလေးမစားလုပ်ခဲ့တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မန်ဒက်စ်ဟာ ရော်နယ်လ်ဒိုရဲ့ ဒုတိယမြောက် မန်ချက်စတာယူနိုက်တက်ကစားသမားဘဝကို အဆုံးသတ်စေခဲ့တဲ့ အင်တာဗျူးဖြေတာကို သဘောမတူညီခဲ့ဘဲ ပေါ်တူဂီတိုက်စစ်မှူဟာ ပြီးခဲ့တဲ့နွေရာသီမှာ ချန်ပီယံလိဂ်မှာ ကစားချင်တာကြောင့် အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

စပိန်သတင်းစာ El Mundo ရဲ့ ဖော်ပြချက်အရ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မန်ဒက်စ်ကို နောက်ဆုံးရာဇသံပေးခဲ့တယ်လို့ သိရပြီး စူပါအေးဂျင့်အနေနဲ့ ၎င်းကို ချဲလ်ဆီး သို့မဟုတ် ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့နိုင်အောင် မလုပ်ပေးနိုင်ဘူးဆိုရင် ဆက်ဆံရေးကို အဆုံးသတ်ရလိမ့်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အသင်းပိုင်ရှင် တော့ဒ် ဘိုလီက အပြောင်းအရွှေ့ဈေးကွက်မှာ ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ချင်ခဲ့တာကြောင့် အစောပိုင်းတုန်းက ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက နည်းပြ သောမတ်စ် တူဟယ်ဟာ ရော်နယ်လ်ဒိုက ၎င်းရဲ့ အသင်းမှာ အံဝင်မှာမဟုတ်ဘူးလို့ ယုံကြည်ခဲ့တာကြောင့် အပြောင်းအရွှေ့ကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကလည်း လီဗာပူးလ်ကြယ်ပွင့် ဆာဒီယို မာနေးကို ခေါ်ယူနိုင်ခဲ့တာကြောင့် ရော်နယ်လ်ဒိုကို ခေါ်ယူဖို့အတွက် ဘယ်တုန်းကမှ အလေးအနက်မစဉ်းစားခဲ့ဘဲ စီအီးအို အိုလီဗာ ခန်းက ပေါ်တူဂီတိုက်စစ်မှူး အသင်းလက်မဲ့ဖြစ်သွားချိန်မှာ အပြောင်းအရွှေ့ပြုလုပ်မယ့် အလားအလာကို လူသိရှင်ကြား ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

ဂျော့ဂျ် မန်ဒက်စ်ဟာ ချဲလ်ဆီးအသင်းဆီကနေရော ဘိုင်ယန်မြူးနစ်အသင်းဆီကနေပါ ၎င်းတို့အနေနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာမဟုတ်ဘူးလို့ အသိပေးတဲ့ ဖုန်းခေါ်ယူမှုကို လက်ခံရရှိတယ်လို့ သိရပါတယ်။ အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ အယ်လ် နက်ဆာကစားသမားအဖြစ် ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ၎င်းအနေနဲ့ ဥရောပမှာ ရနိုင်သမျှ အောင်မြင်မှုအားလုံးကို ရရှိခဲ့ပြီးဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဥရောပက ကျွန်တော့်အလုပ်က ပြီးသွားပြီ။ ကျွန်တော် ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေမှာ ကစားခဲ့ပြီး အရာအားလုံးကို အနိုင်ရရှိခဲ့ပါတယ်။ ကျွန်တော် ပျော်ရွှင်နေပြီး အယ်လ် နက်ဆာကို ပြောင်းရွှေ့လာရတာကို ဂုဏ်ယူမိပါတယ်။ လူတွေက ဒီက အဆင့်အတန်းနဲ့ပတ်သက်ပြီး မသိကြပါဘူး။ ဒီစာချုပ်က ထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ထူးခြားတဲ့ကစားသမားဖြစ်နေလို့ပါ။ ကျွန်တော့်အတွက်တော့ အဲဒါက ပုံမှန်ပါပဲ”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေအးဂ်င့္ ေဂ်ာ့ဂ်္ မန္ဒက္စ္ကို ခ်န္ပီယံလိဂ္ကလပ္အသင္း ၂ သင္းထဲက တစ္သင္းကို ေျပာင္းေ႐ႊ႕ႏိုင္ေအာင္ မလုပ္ေပးႏိုင္ခဲ့ရင္ ၎တို႔ရဲ႕ ဆက္ဆံေရးက ၿပီးဆုံးသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဘလြန္ေဒါ ၅ ဆုရွင္ဟာ ႏိုဝင္ဘာလမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္ ယခုလအစမွာ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ အယ္လ္ နက္ဆာအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ အဲဒီကာလအတြင္း ေအးဂ်င့္ ေဂ်ာ့ဂ်္ မန္ဒက္စ္နဲ႔ လမ္းခြဲခဲ့ၿပီး အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ TalkTV အတြက္ ပီးယာ့စ္ ေမာ္ဂန္နဲ႔ အျငင္းပြားဖြယ္ အင္တာဗ်ဴး ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္ နည္းျပ အဲရစ္ တန္ဟက္အျပင္ အသင္းထိပ္ပိုင္းတာဝန္ရွိသူေတြကို ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပဟာ အိုးထရက္ဖို႔ဒ္မွာ ရွိေနခဲ့တဲ့ ေနာက္ဆုံးလအနည္းငယ္အတြင္းမွာ မေလးမစားလုပ္ခဲ့တယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ မန္ဒက္စ္ဟာ ေရာ္နယ္လ္ဒိုရဲ႕ ဒုတိယေျမာက္ မန္ခ်က္စတာယူႏိုက္တက္ကစားသမားဘဝကို အဆုံးသတ္ေစခဲ့တဲ့ အင္တာဗ်ဴးေျဖတာကို သေဘာမတူညီခဲ့ဘဲ ေပၚတူဂီတိုက္စစ္မႉဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ခ်န္ပီယံလိဂ္မွာ ကစားခ်င္တာေၾကာင့္ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။

စပိန္သတင္းစာ El Mundo ရဲ႕ ေဖာ္ျပခ်က္အရ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး မန္ဒက္စ္ကို ေနာက္ဆုံးရာဇသံေပးခဲ့တယ္လို႔ သိရၿပီး စူပါေအးဂ်င့္အေနနဲ႔ ၎ကို ခ်ဲလ္ဆီး သို႔မဟုတ္ ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ႏိုင္ေအာင္ မလုပ္ေပးႏိုင္ဘူးဆိုရင္ ဆက္ဆံေရးကို အဆုံးသတ္ရလိမ့္မယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ အသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီက အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ေငြေၾကးသုံးစြဲမႈေတြ ျပဳလုပ္ခ်င္ခဲ့တာေၾကာင့္ အေစာပိုင္းတုန္းက ေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ စိတ္ဝင္စားေၾကာင္း ျပသခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီအခ်ိန္တုန္းက နည္းျပ ေသာမတ္စ္ တူဟယ္ဟာ ေရာ္နယ္လ္ဒိုက ၎ရဲ႕ အသင္းမွာ အံဝင္မွာမဟုတ္ဘူးလို႔ ယုံၾကည္ခဲ့တာေၾကာင့္ အေျပာင္းအေ႐ႊ႕ကို ပိတ္ပင္ခဲ့တာ ျဖစ္ပါတယ္။ ဘြန္ဒက္စ္လီဂါ ခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္အသင္းကလည္း လီဗာပူးလ္ၾကယ္ပြင့္ ဆာဒီယို မာေနးကို ေခၚယူႏိုင္ခဲ့တာေၾကာင့္ ေရာ္နယ္လ္ဒိုကို ေခၚယူဖို႔အတြက္ ဘယ္တုန္းကမွ အေလးအနက္မစဥ္းစားခဲ့ဘဲ စီအီးအို အိုလီဗာ ခန္းက ေပၚတူဂီတိုက္စစ္မႉး အသင္းလက္မဲ့ျဖစ္သြားခ်ိန္မွာ အေျပာင္းအေ႐ႊ႕ျပဳလုပ္မယ့္ အလားအလာကို လူသိရွင္ၾကား ျငင္းပယ္ခဲ့တာ ျဖစ္ပါတယ္။

ေဂ်ာ့ဂ်္ မန္ဒက္စ္ဟာ ခ်ဲလ္ဆီးအသင္းဆီကေနေရာ ဘိုင္ယန္ျမဴးနစ္အသင္းဆီကေနပါ ၎တို႔အေနနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေခၚယူဖို႔ ႀကိဳးပမ္းသြားမွာမဟုတ္ဘူးလို႔ အသိေပးတဲ့ ဖုန္းေခၚယူမႈကို လက္ခံရရွိတယ္လို႔ သိရပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အယ္လ္ နက္ဆာကစားသမားအျဖစ္ ပထမဆုံးသတင္းစာရွင္းလင္းပြဲမွာ ၎အေနနဲ႔ ဥေရာပမွာ ရႏိုင္သမွ် ေအာင္ျမင္မႈအားလုံးကို ရရွိခဲ့ၿပီးျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ဥေရာပက ကြၽန္ေတာ့္အလုပ္က ၿပီးသြားၿပီ။ ကြၽန္ေတာ္ ကမာၻေပၚက အေကာင္းဆုံးအသင္းေတြမွာ ကစားခဲ့ၿပီး အရာအားလုံးကို အႏိုင္ရရွိခဲ့ပါတယ္။ ကြၽန္ေတာ္ ေပ်ာ္႐ႊင္ေနၿပီး အယ္လ္ နက္ဆာကို ေျပာင္းေ႐ႊ႕လာရတာကို ဂုဏ္ယူမိပါတယ္။ လူေတြက ဒီက အဆင့္အတန္းနဲ႔ပတ္သက္ၿပီး မသိၾကပါဘူး။ ဒီစာခ်ဳပ္က ထူးျခားပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္က ထူးျခားတဲ့ကစားသမားျဖစ္ေနလို႔ပါ။ ကြၽန္ေတာ့္အတြက္ေတာ့ အဲဒါက ပုံမွန္ပါပဲ”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.