Premier League

လီဗာပူးလ်တို့ အမှတ်ထပ်လျော့ပြီး ဂန်းနားနဲ့ စီးတီးတို့ ပြိုင်ဆိုင်မှုဆက်ပြင်းထန်မယ့် ဒီအပတ်ပွဲစဉ်တွေအတွက် ဟောကိန်းများ

ဒီအပတ်မှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အပါအဝင် ပွဲကောင်းအများအပြား ကစားသွားဖို့ ရှိနေပြီး Sky Sport ရဲ့ ဘောလုံးအထူးကျွမ်းကျင်သူ ဂျုံးစ်ရဲ့ ဟောကိန်းကို ဖော်ပြပေးလိုက်ပါတယ်။

ဝက်စ်ဟမ်း-လီဗာပူးလ်

လီဗာပူးလ်က နောက်ဆုံး ၆ ပွဲမှာ ၆ ဂိုးပဲ သွင်းနိုင်ခဲ့ပြီး ပင်နယ်တီမပါတဲ့မျှော်မှန်းသွင်းဂိုးက ၁၂.၂ ဂိုးနဲ့ ဂိုးကန်သွင်းမှု ၁၁၃ ကြိမ်လုပ်နိုင်ခဲ့တယ်။ အဲဒါက ပုံမှန်စွမ်းဆောင်ရည်အောက်ကျဆင်းနေတာပါ။ နူးညက်ဇ်နဲ့ ဆာလားတို့က အဲဒီအတွက် တာဝန်ရှိပြီး ဆာလားကတော့ အပြည့်အဝမကြံခိုင်သေးတာရှင်းပါတယ်။ နူးညက်ဇ်ကတော့ ဖြုန်းတီးတာပါ။ မိုရက်စ်ရဲ့ လက်ရှိ ခြေစွမ်းက လီဗာပူးလ်အတွက် အန္တရာယ်ရှိနေပြီး ဒီပွဲက ဂိုးသိပ်မများမယ့်ပွဲဖြစ်ပါလိမ့်မယ်။
ခန့်မှန်းပွဲပြီးရလဒ်(၁-၁)

ဖူလ်ဟမ်-ပဲလေ့စ်

ပဲလေ့စ်က ပုံမှန်ခြေစွမ်းရနေပြီး ဂလက်စ်နာလက်အောက်မှာ လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ကာဆယ်တို့ကို အထင်ကြီးစရာကောင်းတဲ့ခြေစွမ်းနဲ့ အနိုင်ကစားခဲ့တယ်။ ဖူလ်ဟမ်က အိမ်ကွင်း မှတ်တမ်းကောင်းတွေရှိပေမယ့် နောက်ဆုံးအိမ်ကွင်း ၂ ပွဲရှုံးထားပြီး ပဲလေ့စ်ရဲ့ တိုက်စစ်ခြိမ်းခြောက်မှုကို ရင်ဆိုင်နိုင်မယ့် အနေအထားမရှိဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၁-၃)

မန်ယူနိုက်တက်-ဘန်လေ

ကွန်ပနီက ဘန်လေက ရာသီကြာလာတာနဲ့အမျှ တိုးတက်လာမယ်လို့ ကတိပေးခဲ့ပြီး သူပြောတာက အရမ်းမှန်တယ်ဆိုတာ သက်သေပြနေတယ်။ နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲပဲရှုံးပြီး ၁၀ မှတ်ရခဲ့လို့ ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်နိုင်စေဖို့ အားတက်စရာဖြစ်ခဲ့တယ်။ ဒီပွဲကို အနိုင်ရဖို့အတွက် သူတို့တွေ အနည်းဆုံး ၂ ဂိုးလောက် သွင်းဖို့ လိုမှာဖြစ်ပေမယ့် ဘန်လေက ပေးဂိုးမရှိပွဲဖြစ်အောင်တော့ မထိန်းနိုင်ပါဘူး။ သူတို့တွေ အခုအဆိုရင် ၁၆ ပွဲထိ ပေးဂိုးဆက်တိုက်ပေးခဲ့ရပြီး တစ်ရာသီလုံးမှာမှ ကလင်းရှစ်တ်က ၂ ပွဲပဲ ရှိသေးတယ်။ မန်ယူနိုက်တက်ရဲ့ အန္တရာယ်ရှိတဲ့ တိုက်စစ်က နောက်ဆုံး ပြိုင်ပွဲစုံ ၁၈ ပွဲထဲက ၁၄ ပွဲမှာ ၂ ဂိုးထက်ပိုသွင်းထားတယ်။ ဘန်လေက အနိုင်ရအောင် ဖွင့်ကစားရင် မန်ယူနိုက်တက်က ဂိုးတွေ အများကြီး သွင်းသွားလိမ့်မယ်ဆိုတာ သိပါတယ်။
ခန့်မှန်းပွဲပြီးရလဒ်(၄-၁)

ကာဆယ်-ရှက်ဖီး

ခရစ္စ ဝိုင်လ်ဒါလက်အောက်မှာ ရှက်ဖီးကစားပုံက ပိုပြီး ပြင်းထန်လာပြီး ခြိမ်းခြောက်နိုင်စွမ်းရှိလာတယ်။ ခင်ဗျား ဘယ်လိုနည်းနဲ့မဆို ဂိုးပေးရမယ်ဆိုရင် ဂိုးပြန်သွင်းဖို့တော့ ကြိုးစားရမှာပဲ။ သူတို့တွေက နောက်ဆုံး ၇ ပွဲထဲက ၆ ပွဲမှာ အနည်းဆုံး ၁ ဂိုးတော့ သွင်းနိုင်ခဲ့တယ်။ စုစုပေါင်း ၁၁ ဂိုးပေါ့။ နယူးကာဆယ်အိမ်ကွင်းမှာတော့ ရှက်ဖီးကို ကျွန်တော် ယုံကြည်မှု ပေးလို့မရပါဘူး။ ဒါပေမယ့် ဒီပွဲကတော့ ဂိုးများမယ်ဆိုတာ သေချာပါတယ်။
ခန့်မှန်းပွဲပြီးရလဒ်(၄-၂)

ဝုဗ်-လူတန်

လူတန်အတွက် အခုက တကယ့်ကို အချိန်တန်နေပါပြီ။ သူတို့ရဲ့ ဆိုးရွားတဲ့ ခြေစွမ်းကို ပြောင်းလဲနိုင်ဖို့ ပွဲတွေကလည်း ကုန်သလောက်ရှိနေပြီ။ နောက်ဆုံး ပရီးမီးယားလိဂ် ၁၆ ပွဲမှာ ၂ ပွဲပဲ အနိုင်ရခဲ့တာက တန်းဆင်းမယ့်အနေအထားပါ။ ဒီပွဲကတော့ အိမ်ရှင် ဝုဗ်တို့ရဲ့ နိုင်ပွဲပါ။
ခန့်မှန်းပွဲပြီးရလဒ်(၂-၀)

အဲဗာတန်-ဘရန့်တ်ဖို့ဒ်

ရှောင်ဒိုက်ချ်ရဲ့အသင်းက ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာ အားလုံးကို အံ့အားသင့်စေခဲ့တယ်။ အခုအချိန်မှာ အဲဗာတန်က ၂ ပွဲဆက်နိုင်ပွဲရခဲ့ပြီးတဲ့နောက်မှာ တော်တော်လေး ကြောက်ဖို့ ကောင်းနေပြီး ပျားတွေအတွက်တော့ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။
ခန့်မှန်းပွဲပြီးရလဒ်(၂-၁)

အက်စတန် ဗီလာ-ချဲလ်ဆီး

ဒီရာသီ စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ အပြင်ဘက်မှာ ကစားခဲ့တဲ့ ၁၉ ပွဲမှာ ၆ ပွဲပဲ အနိုင်ရခဲ့တဲ့ချဲလ်ဆီးအတွက် အက်စတန် ဗီလာလိုမျိုး ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အသင်းကို အဝေးကွင်းနိုင်ပွဲရယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၃-၁)

ဘုန်းမောက်-ဘရိုက်တန်

အီရာအိုလာရဲ့ ဘောလုံးကစားပုံက ဘောလုံးမပါဘဲ အားထည့်ကစားတဲ့ပုံမျိုးပဲ။ အဲဒါက ဘုန်းမောက်ကို စောင့်ကြည့်ချင်စရာကောင်းတဲ့အသင်းဖြစ်လာစေပြီး ဘရိုက်တန်က ပထမအကျော့ အိမ်ကွင်းမှာ ကစားခဲ့တုန်းက ပထမပိုင်းတစ်ပိုင်းလုံး ရုန်းကန်ခဲရပြီး ဒုတိယပိုင်းမှ နိုင်ပွဲရယူနိုင်ခဲ့တာပါ။ ဒီပွဲမှာလည်း အဲဒီလိုမျိုး ဖြစ်လာနိုင်ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ မန်စီးတီးရဲ့ အလဲထိုးခံထားရတဲ့ စင်ရော်တွေအတွက် အမြင့်ဆုံးသရေပဲ မှန်းနိုင်ပါလိမ့်မယ်။
ခန့်မှန်းပွဲပြီးရလဒ်(၂-၂)

စပါး-အာဆင်နယ်

စပါးရဲ့ ဘောလုံးပိုင်ဆိုင်မှုရနေတဲ့အချိန်မှာ အမှားများတာက အာဆင်နယ်တို့ အခွင့်ကောင်းယူရမယ့် အားနည်းချက်ပါ။ အာတီတာရဲ့အသင်းက အဝေးကွင်းမှာ အရမ်းကို စိတ်ချယုံကြည်ရတဲ့အသင်းဖြစ်လာနေပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်းရလဒ်အကောင်းဆုံးအသင်းပါ။ အဝေးကွင်းကနေ ၃၆ မှတ်၊ ၃၉ ဂိုးအထိ ရခဲ့ပြီး ပေးဂိုးကလည်း ၁၁ ဂိုးနဲ့ အနည်းဆုံးဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာလည်း ဂန်းနားတွေပဲ နိုင်ပွဲဆက်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဆက်ဦးဆောင်သွားနိုင်ပါလိမ့်မယ်။
ခန့်မှန်းပွဲပြီးရလဒ်(၀-၂)

ဖောရက်စ်-စီးတီး

နောက်ဆုံး ဒီ ၂သင်းအစ်တီဟတ်မှာ ကစားခဲ့တုန်းက မန်စီးတီးက ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ရိုဒရီက ဒုတိယပိုင်းပြန်စစချင်းပဲ အနီကတ်နဲ့ ထုတ်ခံခဲ့ရတယ်။ ဒီပွဲကလည်း တော်တော်လေး ကြမ်းမယ့်ပွဲတစ်ပွဲဖြစ်လာမှာဖြစ်ပြီး ဇယားထိပ်နေရာအတွက် စီးတီးတို့ အမှားခံမှာမဟုတ်ပါဘူး။
ခန့်မှန်းပွဲပြီးရလဒ်(၀-၂)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဒီအပတ္မွာ ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္အပါအဝင္ ပြဲေကာင္းအမ်ားအျပား ကစားသြားဖို႔ ရွိေနၿပီး Sky Sport ရဲ႕ ေဘာလုံးအထူးကြၽမ္းက်င္သူ ဂ်ဳံးစ္ရဲ႕ ေဟာကိန္းကို ေဖာ္ျပေပးလိုက္ပါတယ္။

ဝက္စ္ဟမ္း-လီဗာပူးလ္

လီဗာပူးလ္က ေနာက္ဆုံး ၆ ပြဲမွာ ၆ ဂိုးပဲ သြင္းႏိုင္ခဲ့ၿပီး ပင္နယ္တီမပါတဲ့ေမွ်ာ္မွန္းသြင္းဂိုးက ၁၂.၂ ဂိုးနဲ႔ ဂိုးကန္သြင္းမႈ ၁၁၃ ႀကိမ္လုပ္ႏိုင္ခဲ့တယ္။ အဲဒါက ပုံမွန္စြမ္းေဆာင္ရည္ေအာက္က်ဆင္းေနတာပါ။ ႏူးညက္ဇ္နဲ႔ ဆာလားတို႔က အဲဒီအတြက္ တာဝန္ရွိၿပီး ဆာလားကေတာ့ အျပည့္အဝမႀကံခိုင္ေသးတာရွင္းပါတယ္။ ႏူးညက္ဇ္ကေတာ့ ျဖဳန္းတီးတာပါ။ မိုရက္စ္ရဲ႕ လက္ရွိ ေျခစြမ္းက လီဗာပူးလ္အတြက္ အႏၲရာယ္ရွိေနၿပီး ဒီပြဲက ဂိုးသိပ္မမ်ားမယ့္ပြဲျဖစ္ပါလိမ့္မယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၁)

ဖူလ္ဟမ္-ပဲေလ့စ္

ပဲေလ့စ္က ပုံမွန္ေျခစြမ္းရေနၿပီး ဂလက္စ္နာလက္ေအာက္မွာ လီဗာပူးလ္၊ ဝက္စ္ဟမ္း၊ ကာဆယ္တို႔ကို အထင္ႀကီးစရာေကာင္းတဲ့ေျခစြမ္းနဲ႔ အႏိုင္ကစားခဲ့တယ္။ ဖူလ္ဟမ္က အိမ္ကြင္း မွတ္တမ္းေကာင္းေတြရွိေပမယ့္ ေနာက္ဆုံးအိမ္ကြင္း ၂ ပြဲရႈံးထားၿပီး ပဲေလ့စ္ရဲ႕ တိုက္စစ္ၿခိမ္းေျခာက္မႈကို ရင္ဆိုင္ႏိုင္မယ့္ အေနအထားမရွိဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၁-၃)

မန္ယူႏိုက္တက္-ဘန္ေလ

ကြန္ပနီက ဘန္ေလက ရာသီၾကာလာတာနဲ႔အမွ် တိုးတက္လာမယ္လို႔ ကတိေပးခဲ့ၿပီး သူေျပာတာက အရမ္းမွန္တယ္ဆိုတာ သက္ေသျပေနတယ္။ ေနာက္ဆုံး ၇ ပြဲမွာ ၁ ပြဲပဲရႈံးၿပီး ၁၀ မွတ္ရခဲ့လို႔ ပရီးမီးယားလိဂ္မွာ ရွင္သန္က်န္ရစ္ႏိုင္ေစဖို႔ အားတက္စရာျဖစ္ခဲ့တယ္။ ဒီပြဲကို အႏိုင္ရဖို႔အတြက္ သူတို႔ေတြ အနည္းဆုံး ၂ ဂိုးေလာက္ သြင္းဖို႔ လိုမွာျဖစ္ေပမယ့္ ဘန္ေလက ေပးဂိုးမရွိပြဲျဖစ္ေအာင္ေတာ့ မထိန္းႏိုင္ပါဘူး။ သူတို႔ေတြ အခုအဆိုရင္ ၁၆ ပြဲထိ ေပးဂိုးဆက္တိုက္ေပးခဲ့ရၿပီး တစ္ရာသီလုံးမွာမွ ကလင္းရွစ္တ္က ၂ ပြဲပဲ ရွိေသးတယ္။ မန္ယူႏိုက္တက္ရဲ႕ အႏၲရာယ္ရွိတဲ့ တိုက္စစ္က ေနာက္ဆုံး ၿပိဳင္ပြဲစုံ ၁၈ ပြဲထဲက ၁၄ ပြဲမွာ ၂ ဂိုးထက္ပိုသြင္းထားတယ္။ ဘန္ေလက အႏိုင္ရေအာင္ ဖြင့္ကစားရင္ မန္ယူႏိုက္တက္က ဂိုးေတြ အမ်ားႀကီး သြင္းသြားလိမ့္မယ္ဆိုတာ သိပါတယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၄-၁)

ကာဆယ္-ရွက္ဖီး

ခရစၥ ဝိုင္လ္ဒါလက္ေအာက္မွာ ရွက္ဖီးကစားပုံက ပိုၿပီး ျပင္းထန္လာၿပီး ၿခိမ္းေျခာက္ႏိုင္စြမ္းရွိလာတယ္။ ခင္ဗ်ား ဘယ္လိုနည္းနဲ႔မဆို ဂိုးေပးရမယ္ဆိုရင္ ဂိုးျပန္သြင္းဖို႔ေတာ့ ႀကိဳးစားရမွာပဲ။ သူတို႔ေတြက ေနာက္ဆုံး ၇ ပြဲထဲက ၆ ပြဲမွာ အနည္းဆုံး ၁ ဂိုးေတာ့ သြင္းႏိုင္ခဲ့တယ္။ စုစုေပါင္း ၁၁ ဂိုးေပါ့။ နယူးကာဆယ္အိမ္ကြင္းမွာေတာ့ ရွက္ဖီးကို ကြၽန္ေတာ္ ယုံၾကည္မႈ ေပးလို႔မရပါဘူး။ ဒါေပမယ့္ ဒီပြဲကေတာ့ ဂိုးမ်ားမယ္ဆိုတာ ေသခ်ာပါတယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၄-၂)

ဝုဗ္-လူတန္

လူတန္အတြက္ အခုက တကယ့္ကို အခ်ိန္တန္ေနပါၿပီ။ သူတို႔ရဲ႕ ဆိုး႐ြားတဲ့ ေျခစြမ္းကို ေျပာင္းလဲႏိုင္ဖို႔ ပြဲေတြကလည္း ကုန္သေလာက္ရွိေနၿပီ။ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၁၆ ပြဲမွာ ၂ ပြဲပဲ အႏိုင္ရခဲ့တာက တန္းဆင္းမယ့္အေနအထားပါ။ ဒီပြဲကေတာ့ အိမ္ရွင္ ဝုဗ္တို႔ရဲ႕ ႏိုင္ပြဲပါ။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၀)

အဲဗာတန္-ဘရန႔္တ္ဖို႔ဒ္

ေရွာင္ဒိုက္ခ်္ရဲ႕အသင္းက ၿပီးခဲ့တဲ့ လီဗာပူးလ္နဲ႔ပြဲမွာ အားလုံးကို အံ့အားသင့္ေစခဲ့တယ္။ အခုအခ်ိန္မွာ အဲဗာတန္က ၂ ပြဲဆက္ႏိုင္ပြဲရခဲ့ၿပီးတဲ့ေနာက္မွာ ေတာ္ေတာ္ေလး ေၾကာက္ဖို႔ ေကာင္းေနၿပီး ပ်ားေတြအတြက္ေတာ့ ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္လာမွာပါ။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၁)

အက္စတန္ ဗီလာ-ခ်ဲလ္ဆီး

ဒီရာသီ စတမ္းဖို႔ဒ္ဘရစ္ခ်္ရဲ႕ အျပင္ဘက္မွာ ကစားခဲ့တဲ့ ၁၉ ပြဲမွာ ၆ ပြဲပဲ အႏိုင္ရခဲ့တဲ့ခ်ဲလ္ဆီးအတြက္ အက္စတန္ ဗီလာလိုမ်ိဳး ထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီၿပီးဆုံးႏိုင္မယ့္ လမ္းေၾကာင္းေပၚမွာ ရွိေနတဲ့ အသင္းကို အေဝးကြင္းႏိုင္ပြဲရယူဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၃-၁)

ဘုန္းေမာက္-ဘ႐ိုက္တန္

အီရာအိုလာရဲ႕ ေဘာလုံးကစားပုံက ေဘာလုံးမပါဘဲ အားထည့္ကစားတဲ့ပုံမ်ိဳးပဲ။ အဲဒါက ဘုန္းေမာက္ကို ေစာင့္ၾကည့္ခ်င္စရာေကာင္းတဲ့အသင္းျဖစ္လာေစၿပီး ဘ႐ိုက္တန္က ပထမအေက်ာ့ အိမ္ကြင္းမွာ ကစားခဲ့တုန္းက ပထမပိုင္းတစ္ပိုင္းလုံး ႐ုန္းကန္ခဲရၿပီး ဒုတိယပိုင္းမွ ႏိုင္ပြဲရယူႏိုင္ခဲ့တာပါ။ ဒီပြဲမွာလည္း အဲဒီလိုမ်ိဳး ျဖစ္လာႏိုင္ေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ မန္စီးတီးရဲ႕ အလဲထိုးခံထားရတဲ့ စင္ေရာ္ေတြအတြက္ အျမင့္ဆုံးသေရပဲ မွန္းႏိုင္ပါလိမ့္မယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၂-၂)

စပါး-အာဆင္နယ္

စပါးရဲ႕ ေဘာလုံးပိုင္ဆိုင္မႈရေနတဲ့အခ်ိန္မွာ အမွားမ်ားတာက အာဆင္နယ္တို႔ အခြင့္ေကာင္းယူရမယ့္ အားနည္းခ်က္ပါ။ အာတီတာရဲ႕အသင္းက အေဝးကြင္းမွာ အရမ္းကို စိတ္ခ်ယုံၾကည္ရတဲ့အသင္းျဖစ္လာေနၿပီး ဒီရာသီ ပရီးမီးယားလိဂ္မွာ အေဝးကြင္းရလဒ္အေကာင္းဆုံးအသင္းပါ။ အေဝးကြင္းကေန ၃၆ မွတ္၊ ၃၉ ဂိုးအထိ ရခဲ့ၿပီး ေပးဂိုးကလည္း ၁၁ ဂိုးနဲ႔ အနည္းဆုံးျဖစ္ခဲ့ပါတယ္။ ဒီပြဲမွာလည္း ဂန္းနားေတြပဲ ႏိုင္ပြဲဆက္ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဆက္ဦးေဆာင္သြားႏိုင္ပါလိမ့္မယ္။
ခန႔္မွန္းပြဲၿပီးရလဒ္(၀-၂)

ေဖာရက္စ္-စီးတီး

ေနာက္ဆုံး ဒီ ၂သင္းအစ္တီဟတ္မွာ ကစားခဲ့တုန္းက မန္စီးတီးက ၂-၀ နဲ႔ အႏိုင္ရခဲ့ၿပီး ႐ိုဒရီက ဒုတိယပိုင္းျပန္စစခ်င္းပဲ အနီကတ္နဲ႔ ထုတ္ခံခဲ့ရတယ္။ ဒီပြဲကလည္း ေတာ္ေတာ္ေလး ၾကမ္းမယ့္ပြဲတစ္ပြဲျဖစ္လာမွာျဖစ္ၿပီး ဇယားထိပ္ေနရာအတြက္ စီးတီးတို႔ အမွားခံမွာမဟုတ္ပါဘူး။
ခန႔္မွန္းပြဲၿပီးရလဒ္(၀-၂)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.