Other Leagues

ဘောလုံးလောကရဲ့ပထမဆုံး အဖြူကဒ်ကို ပြသခဲ့တဲ့ ကွင်းလယ်ဒိုင်

ဘောလုံးသမိုင်းထဲက ပထမဆုံး အဖြူကဒ်ကို စပို့တင်း လစ္စဘွန်းနဲ့ ဘင်ဖီကာတို့ ယှဉ်ပြိုင်စားခဲ့တဲ့ အမျိုးသမီးပွဲစဉ်အတွင်း ကွင်းလယ်ဒိုင်က ပြသခဲ့ပါတယ်။

အဖြူကဒ်ပြသခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပျက်ခဲ့ချိန်မှာ ဘင်ဖီကာအသင်းက ၃-၀ နဲ့ ပွဲကို ဦးဆောင်ထားတာဖြစ်ပြီး ကစားသမားတွေထဲက တစ်ဦးဟာ နာမကျန်းဖြစ်ခဲ့ပြီးနောက် ကုသမှုခံယူဖို့ လိုအပ်ခဲ့ချိန်မှာ နှစ်ဖက်စလုံးက ဝန်ထမ်းတွေက ရောဂါကို ကုသဖို့ ကူညီပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဖြစ်စဉ်ကို ကွင်းလယ်ဒိုင်က အားကစားသမားပီသတဲ့ လုပ်ရပ်လို့ ယူဆခဲ့ပြီး အားကစားသမိုင်းမှာ ပထမဆုံးအကြိမ် အဖြူကဒ်ကို ထုတ်ပြခဲ့တာ ဖြစ်ပါတယ်။

JOE ရဲ့ ဖော်ပြချက်အရ အဖြူကဒ်ဟာ ကွင်းထဲက ကောင်းမွန်တဲ့ အားကစားစိတ်ဓာတ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ တီထွင်ခဲ့တာဖြစ်တယ်လို့ သိရပြီး ဒီတစ်ကြိမ်ဟာ အဖြူကဒ်ကို စတင်တီထွင်ခဲ့တဲ့အချိန်ကတည်းက ဘောလုံးသမိုင်းမှာ ပထမဆုံးအကြိမ် ပြသခဲ့တာဖြစ်ပါတယ်။

အဖြူကဒ်ကို ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပထမဆုံးအကြိမ် တရားဝင်အသုံးပြုခဲ့တာဖြစ်ပြီး အနီကဒ်နဲ့ အဝါကဒ်တို့ဟာ လှပတဲ့ ကစားပွဲကို ထိန်းသိမ်းထားခဲ့တာဖြစ်ပြီး အဖြူကဒ်ကို မိတ်ဆက်ခဲ့ခြင်းက ပြိုင်ပွဲကို ပိုမို လှပစေခဲ့တာဖြစ်ပါတယ်။

ဂန္တဝင်ကစားသမားတွေအပြည့်နဲ့ ပြိုင်ပွဲထဲမှာ မီရိုဆလတ်ဗ် ကလိုဆားဟာ ဘောလုံးသမိုင်းမှာ အလေးစားခံရဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး ဂျာမန်တိုက်စစ်မှူးရဲ့ ဂိုးအနံ့ခံနိုင်စွမ်းကို ဒီနေ့ခေတ် ကစားသမားတွေ လိုက်မမီသေးတာဖြစ်ပါတယ်။ ကလိုဆားဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဂိုးသွင်းသူဖြစ်ပေမယ့်လည်း လူကြီးလူကောင်းဆန်သူဖြစ်ပြီး လက်နဲ့ ဂိုးသွင်းယူမိခဲ့ပြီးနောက် ဂိုးကို ပယ်ဖျက်ပေးဖို့ ဂျာမန်ဂန္တဝင်တိုက်စစ်မှူးက ဒိုင်လူကြီးကို တောင်းဆိုခဲ့ချိန်မှာ ၎င်းရဲ့ အားကစားသမားပီသတဲ့စိတ်ဓာတ်ကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ကလိုဆားဟာ အဲဒီအချိန်တုန်းက စီးရီးအေကလပ်အသင်းဖြစ်တဲ့ လာဇီယိုအတွက် ကစားပေးနေခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်ဟာ ၂၀၁၂ ခုနှစ်တုန်းက နာပိုလီနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ ကလိုဆားရဲ့ တောင်းဆိုမှုကြောင့် ကွင်းလယ်ဒိုင်ဟာ ၎င်းရဲ့ ကနဦး ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ပေးခဲ့ပြီး ဂျာမနီတိုက်စစ်မှူးကို နှစ်သင်းစလုံးက ကစားသမားတွေဟာ မယုံနိုင်စရာကောင်းတဲ့ အားကစားစိတ်ဓာတ်ကြောင့် လှိုက်လှိုက်လှဲလှဲ ချီးကျူးခဲ့ကြတာ ဖြစ်ပါတယ်။

ကလိုဆားရဲ့ ဘောလုံးလောက က အောင်မြင်မှုတွေကလည်း ကြီးမားခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ပါတယ်။ ဂျာမနီဂန္တဝင်တိုက်စစ်မှူးဟာ ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် လက်ရှိမှာ သြစတြီးယန်းဘွန်ဒက်စ်လီဂါအသင်းဖြစ်တဲ့ ရိုင်းဒေါ့ဖ် အယ်လ်တက်ချ်အသင်းကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတာ ဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ေဘာလုံးသမိုင္းထဲက ပထမဆုံး အျဖဴကဒ္ကို စပို႔တင္း လစၥဘြန္းနဲ႔ ဘင္ဖီကာတို႔ ယွဥ္ၿပိဳင္စားခဲ့တဲ့ အမ်ိဳးသမီးပြဲစဥ္အတြင္း ကြင္းလယ္ဒိုင္က ျပသခဲ့ပါတယ္။

အျဖဴကဒ္ျပသခဲ့တဲ့ ျဖစ္စဥ္ ျဖစ္ပ်က္ခဲ့ခ်ိန္မွာ ဘင္ဖီကာအသင္းက ၃-၀ နဲ႔ ပြဲကို ဦးေဆာင္ထားတာျဖစ္ၿပီး ကစားသမားေတြထဲက တစ္ဦးဟာ နာမက်န္းျဖစ္ခဲ့ၿပီးေနာက္ ကုသမႈခံယူဖို႔ လိုအပ္ခဲ့ခ်ိန္မွာ ႏွစ္ဖက္စလုံးက ဝန္ထမ္းေတြက ေရာဂါကို ကုသဖို႔ ကူညီေပးခဲ့ၾကတာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဒီျဖစ္စဥ္ကို ကြင္းလယ္ဒိုင္က အားကစားသမားပီသတဲ့ လုပ္ရပ္လို႔ ယူဆခဲ့ၿပီး အားကစားသမိုင္းမွာ ပထမဆုံးအႀကိမ္ အျဖဴကဒ္ကို ထုတ္ျပခဲ့တာ ျဖစ္ပါတယ္။

JOE ရဲ႕ ေဖာ္ျပခ်က္အရ အျဖဴကဒ္ဟာ ကြင္းထဲက ေကာင္းမြန္တဲ့ အားကစားစိတ္ဓာတ္ကို အသိအမွတ္ျပဳတဲ့အေနနဲ႔ တီထြင္ခဲ့တာျဖစ္တယ္လို႔ သိရၿပီး ဒီတစ္ႀကိမ္ဟာ အျဖဴကဒ္ကို စတင္တီထြင္ခဲ့တဲ့အခ်ိန္ကတည္းက ေဘာလုံးသမိုင္းမွာ ပထမဆုံးအႀကိမ္ ျပသခဲ့တာျဖစ္ပါတယ္။

အျဖဴကဒ္ကို ၁၉၇၀ ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း ပထမဆုံးအႀကိမ္ တရားဝင္အသုံးျပဳခဲ့တာျဖစ္ၿပီး အနီကဒ္နဲ႔ အဝါကဒ္တို႔ဟာ လွပတဲ့ ကစားပြဲကို ထိန္းသိမ္းထားခဲ့တာျဖစ္ၿပီး အျဖဴကဒ္ကို မိတ္ဆက္ခဲ့ျခင္းက ၿပိဳင္ပြဲကို ပိုမို လွပေစခဲ့တာျဖစ္ပါတယ္။

ဂႏၲဝင္ကစားသမားေတြအျပည့္နဲ႔ ၿပိဳင္ပြဲထဲမွာ မီ႐ိုဆလတ္ဗ္ ကလိုဆားဟာ ေဘာလုံးသမိုင္းမွာ အေလးစားခံရဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ၿပီး ဂ်ာမန္တိုက္စစ္မႉးရဲ႕ ဂိုးအနံ႔ခံႏိုင္စြမ္းကို ဒီေန႔ေခတ္ ကစားသမားေတြ လိုက္မမီေသးတာျဖစ္ပါတယ္။ ကလိုဆားဟာ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ ဂိုးသြင္းသူျဖစ္ေပမယ့္လည္း လူႀကီးလူေကာင္းဆန္သူျဖစ္ၿပီး လက္နဲ႔ ဂိုးသြင္းယူမိခဲ့ၿပီးေနာက္ ဂိုးကို ပယ္ဖ်က္ေပးဖို႔ ဂ်ာမန္ဂႏၲဝင္တိုက္စစ္မႉးက ဒိုင္လူႀကီးကို ေတာင္းဆိုခဲ့ခ်ိန္မွာ ၎ရဲ႕ အားကစားသမားပီသတဲ့စိတ္ဓာတ္ကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ကလိုဆားဟာ အဲဒီအခ်ိန္တုန္းက စီးရီးေအကလပ္အသင္းျဖစ္တဲ့ လာဇီယိုအတြက္ ကစားေပးေနခဲ့တာျဖစ္ၿပီး အဲဒီျဖစ္စဥ္ဟာ ၂၀၁၂ ခုႏွစ္တုန္းက နာပိုလီနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။ ကလိုဆားရဲ႕ ေတာင္းဆိုမႈေၾကာင့္ ကြင္းလယ္ဒိုင္ဟာ ၎ရဲ႕ ကနဦး ဆုံးျဖတ္ခ်က္ကို ျပန္လည္ ျပင္ဆင္ေပးခဲ့ၿပီး ဂ်ာမနီတိုက္စစ္မႉးကို ႏွစ္သင္းစလုံးက ကစားသမားေတြဟာ မယုံႏိုင္စရာေကာင္းတဲ့ အားကစားစိတ္ဓာတ္ေၾကာင့္ လႈိက္လႈိက္လွဲလွဲ ခ်ီးက်ဴးခဲ့ၾကတာ ျဖစ္ပါတယ္။

ကလိုဆားရဲ႕ ေဘာလုံးေလာက က ေအာင္ျမင္မႈေတြကလည္း ႀကီးမားခဲ့ၿပီး ၂၀၁၄ ကမာၻ႔ဖလားခ်န္ပီယံဟာ ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းမွာ ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္ပါတယ္။ ဂ်ာမနီဂႏၲဝင္တိုက္စစ္မႉးဟာ ကစားသမားဘဝကေန အနားယူခဲ့ၿပီးေနာက္ လက္ရွိမွာ ၾသစႀတီးယန္းဘြန္ဒက္စ္လီဂါအသင္းျဖစ္တဲ့ ႐ိုင္းေဒါ့ဖ္ အယ္လ္တက္ခ်္အသင္းကို နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ေနတာ ျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.