Premier League

၂၀၂၃ ဇန်နဝါရီလအတွက် ဘလွန်ဒေါ အဆင့်သတ်မှတ်ချက်

ဘလွန်ဒေါဟာ ဘောလုံးလောကမှာ ဂုဏ်သိက္ခာအကြီးမားဆုံး တစ်ဦးချင်းဆုဖြစ်ပြီး တစ်ရာသီအတွင်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ ဘောလုံးသမားကို France Football ပြင်သစ်မဂ္ဂဇင်းက ချီးမြှင့်နေတာဖြစ်ပါတယ်။

အနိုင်ရရှိသူကို မီဒီယာ၊ လက်ရွေးစင်အသင်းခေါင်းဆောင်တွေ၊ လက်ရွေးစင်နည်းပြတွေရဲ့ မဲပေးမှုတွေကို ပေါင်းပြီး ရွေးချယ်တာဖြစ်ပြီး ကာရင် ဘန်ဇီးမားက ၂၀၂၂ ခုနှစ်မှာ ဘလွန်ဒေါဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အတွက် ဘလွန်ဒေါပြိုင်ပွဲဟာ ၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာ စတင် ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်ပြီး ကစားသမားအချို့ဟာ ဆုရရှိဖို့အတွက် ရေပန်းအစားဆုံးတောင် ဖြစ်နေခဲ့ပြီးဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီအထိ ဘလွန်ဒေါဆုအတွက် အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ကစားသမား ၅ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

၅။ နေမာ(ပီအက်စ်ဂျီ)

နေမာဟာ ၂၀၂၂-၂၀၂၃ ရာသီကို အကောင်းဆုံးစတင်နိုင်ခဲ့ပေမယ့်လည်း ကမ္ဘာ့ဖလားအပြီးကတည်းက ပုံမှန်ခြေစွမ်းပြသဖို့ ရုန်းကန်နေရတာကြောင့် ဒီစာရင်းထဲမှာ ပဉ္စမနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ နေမာဟာ ယခုရာသီမှာ ပီအက်စ်ဂျီအတွက် မယုံနိုင်ဖွယ် ကိန်းဂဏန်းတွေကို ပြသထားနိုင်ဆဲဖြစ်ပြီး ပြိုင်ပွဲစုံ ၂၄ ပွဲမှာ သွင်းဂိုး ၁၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

၄။ ရောဘတ် လီဗန်ဒေါ့ဗ်စကီး(ဘာစီလိုနာ)

ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး ၎င်းတို့ရဲ့ နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ လီဗန်ဒေါ့ဗ်စကီးက ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ပိုလန်တိုက်စစ်မှူးဟာ ယခုရာသီ နူးကမ့်မှာ အလွန်ကောင်းမွန်တဲ့ ဂိုးသွင်းစွမ်းရည်ကို ပြသနေပြီး ပြီးခဲ့တဲ့ရာသီအနည်းငယ်အတွင်း ကတ်တလန်အသင်းကြီးမှာ ကင်းမဲ့နေတဲ့အရာက ဘာလဲဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။ လီဗန်ဒေါ့ဗ်စကီးဟာ တသက်တာအကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး ယခုရာသီမှာ မယုံနိုင်စရာကောင်းတဲ့ ဂိုးသွင်းစွမ်းရည်နဲ့ ၂၃ ပွဲမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။

၃။ အာလင်း ဟာလန်း(မန်ချက်စတာစီးတီး)

အာလင်း ဟာလန်းဟာ ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာပဲ ဟက်ထရစ် ၄ ကြိမ် သွင်းယူထားနိုင်ခဲ့ပြီးဖြစ်ပြီး ယခုရာသီမှာ မန်ချက်စတာစီးတီးရဲ့ သွင်းဂိုးတွေကို အဓိက တာဝန်ယူထားတာဖြစ်ပါတယ်။ ဟာလန်းကြောင့် မန်ချက်စတာစီးတီးဟာ ဥရောပမှာ အနိုင်ယူဖို့ ခက်ခဲတဲ့အသင်းဖြစ်လာစေပြီး အဲဒါက ဂွါဒီယိုလာအသင်းရဲ့ ချန်ပီယံလိဂ် ရည်မှန်းချက်ကို နောက်ဆုံးမှာ ပြည့်မြောက်စေနိုင်မှာ ဖြစ်ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ယခုရာသီ မန်ချက်စတာစီးတီးအတွက် ပြိုင်ပွဲစုံ ၂၆ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၃၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပြီး နော်ဝေအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်ခဲ့တာကြောင့် ကာတာကို မသွားခဲ့ရပေမယ့်လည်း ၎င်းရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်က ယခုနှစ် ဘလွန်ဒေါဆုအတွက် ထိပ်တန်းစိန်ခေါ်သူတွေထဲက တစ်ဦးဖြစ်စေခဲ့တာဖြစ်ပါတယ်။

၂။ ခီလီယန် အမ်ဘာပေ(ပီအက်စ်ဂျီ)

ခီလီယန် အမ်ဘာပေဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ယခုရာသီ ပြိုင်ပွဲစုံ ၂၄ ပွဲမှာ သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ အလွန်လျင်မြန်တဲ့ ပြေးနှုန်းနဲ့ တိကျတဲ့ အဆုံးသတ်တို့ကြောင့် ပြိုင်ဘက်အသင်းခံစစ်တိုင်းအတွက် ခြိမ်းခြောက်မှုအမြဲတမ်းဖြစ်ခဲ့ပြီး ဒီတိုင်းသာ ဆက်လက်ခြေစွမ်းပြသနေမယ်ဆိုရင် ဘလွန်ဒေါဆုက အမ်ဘာပေအတွက် ဖြစ်လာနိုင်ပါတယ်။ အမ်ဘာပေဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီးနောက် ရွှေဖိနပ်ဆုကိုလည်း ရရှိခဲ့တာဖြစ်ပြီး တနင်္လာနေ့က ပြင်သစ်ဖလားပွဲစဉ်အဖြစ် ပေးစ်ဒီကက်ဆဲလ်နဲ့ပွဲစဉ်မှာ တစ်ဦးတည်း ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

၁။ လီယွန်နယ် မက်ဆီ

လီယွန်နယ် မက်ဆီဟာ ဘလွန်ဒေါဆုကို ၈ ကြိမ်မြောက် စံချိန်တင် ဆွတ်ခူးနိုင်မယ့် လမ်းကြောင်းပေါ်မှာရှိနေပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ၃၆ နှစ်ကြာ ဝေးကွာနေတဲ့ ကမ္ဘာ့ဖလားအောင်မြင်မှု ရရှိအောင် သွင်းဂိုး ၇ ဂိုး၊ ဂိုးဖန်တီးမှု ၃ ကြိမ်နဲ့ ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ၎င်းရဲ့ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဘောလုံးဆုကို ပေးအပ်ခြင်း ခံခဲ့ရပြီး ယခုရာသီ ပီအက်စ်ဂျီအသင်းအတွက်လည်း အလွန်ထူးခြားကောင်းမွန်တဲ့ခြေစွမ်းကို ပြသနေခဲ့သူဖြစ်ပါတယ်။ မက်ဆီဟာ ယခုရာသီ ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဘလြန္ေဒါဟာ ေဘာလုံးေလာကမွာ ဂုဏ္သိကၡာအႀကီးမားဆုံး တစ္ဦးခ်င္းဆုျဖစ္ၿပီး တစ္ရာသီအတြင္း အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့တဲ့ ေဘာလုံးသမားကို France Football ျပင္သစ္မဂၢဇင္းက ခ်ီးျမႇင့္ေနတာျဖစ္ပါတယ္။

အႏိုင္ရရွိသူကို မီဒီယာ၊ လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ေတြ၊ လက္ေ႐ြးစင္နည္းျပေတြရဲ႕ မဲေပးမႈေတြကို ေပါင္းၿပီး ေ႐ြးခ်ယ္တာျဖစ္ၿပီး ကာရင္ ဘန္ဇီးမားက ၂၀၂၂ ခုႏွစ္မွာ ဘလြန္ေဒါဆုကို ရရွိခဲ့တာျဖစ္ပါတယ္။ ၂၀၂၃ ခုႏွစ္အတြက္ ဘလြန္ေဒါၿပိဳင္ပြဲဟာ ၂၀၂၂ ကမာၻ႔ဖလားအၿပီးမွာ စတင္ ႐ုပ္လုံးေပၚလာခဲ့ၿပီျဖစ္ၿပီး ကစားသမားအခ်ိဳ႕ဟာ ဆုရရွိဖို႔အတြက္ ေရပန္းအစားဆုံးေတာင္ ျဖစ္ေနခဲ့ၿပီးျဖစ္ပါတယ္။

ဒါေၾကာင့္ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီအထိ ဘလြန္ေဒါဆုအတြက္ အဆင့္သတ္မွတ္ခ်က္မွာ ထိပ္ဆုံးက ရပ္တည္ေနတဲ့ ကစားသမား ၅ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

၅။ ေနမာ(ပီအက္စ္ဂ်ီ)

ေနမာဟာ ၂၀၂၂-၂၀၂၃ ရာသီကို အေကာင္းဆုံးစတင္ႏိုင္ခဲ့ေပမယ့္လည္း ကမာၻ႔ဖလားအၿပီးကတည္းက ပုံမွန္ေျခစြမ္းျပသဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ဒီစာရင္းထဲမွာ ပၪၥမေနရာနဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။ ေနမာဟာ ယခုရာသီမွာ ပီအက္စ္ဂ်ီအတြက္ မယုံႏိုင္ဖြယ္ ကိန္းဂဏန္းေတြကို ျပသထားႏိုင္ဆဲျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၂၄ ပြဲမွာ သြင္းဂိုး ၁၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၅ ႀကိမ္ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။

၄။ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး(ဘာစီလိုနာ)

ဘာစီလိုနာဟာ လာလီဂါအမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနၿပီး ၎တို႔ရဲ႕ ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ လီဗန္ေဒါ့ဗ္စကီးက ႀကီးမားတဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ပိုလန္တိုက္စစ္မႉးဟာ ယခုရာသီ ႏူးကမ့္မွာ အလြန္ေကာင္းမြန္တဲ့ ဂိုးသြင္းစြမ္းရည္ကို ျပသေနၿပီး ၿပီးခဲ့တဲ့ရာသီအနည္းငယ္အတြင္း ကတ္တလန္အသင္းႀကီးမွာ ကင္းမဲ့ေနတဲ့အရာက ဘာလဲဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။ လီဗန္ေဒါ့ဗ္စကီးဟာ တသက္တာအေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ၿပီး ယခုရာသီမွာ မယုံႏိုင္စရာေကာင္းတဲ့ ဂိုးသြင္းစြမ္းရည္နဲ႔ ၂၃ ပြဲမွာ သြင္းဂိုး ၁၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္ ျပဳလုပ္ထားတာျဖစ္ပါတယ္။

၃။ အာလင္း ဟာလန္း(မန္ခ်က္စတာစီးတီး)

အာလင္း ဟာလန္းဟာ ပရီးမီးယားလိဂ္ ပြဲဦးထြက္ရာသီမွာပဲ ဟက္ထရစ္ ၄ ႀကိမ္ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး ယခုရာသီမွာ မန္ခ်က္စတာစီးတီးရဲ႕ သြင္းဂိုးေတြကို အဓိက တာဝန္ယူထားတာျဖစ္ပါတယ္။ ဟာလန္းေၾကာင့္ မန္ခ်က္စတာစီးတီးဟာ ဥေရာပမွာ အႏိုင္ယူဖို႔ ခက္ခဲတဲ့အသင္းျဖစ္လာေစၿပီး အဲဒါက ဂြါဒီယိုလာအသင္းရဲ႕ ခ်န္ပီယံလိဂ္ ရည္မွန္းခ်က္ကို ေနာက္ဆုံးမွာ ျပည့္ေျမာက္ေစႏိုင္မွာ ျဖစ္ပါတယ္။ ေနာ္ေဝတိုက္စစ္မႉးဟာ ယခုရာသီ မန္ခ်က္စတာစီးတီးအတြက္ ၿပိဳင္ပြဲစုံ ၂၆ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၃၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး ေနာ္ေဝအသင္းက ကမာၻ႔ဖလားေျခစစ္ပြဲမေအာင္ျမင္ခဲ့တာေၾကာင့္ ကာတာကို မသြားခဲ့ရေပမယ့္လည္း ၎ရဲ႕ တစ္ဦးခ်င္းစြမ္းေဆာင္ရည္က ယခုႏွစ္ ဘလြန္ေဒါဆုအတြက္ ထိပ္တန္းစိန္ေခၚသူေတြထဲက တစ္ဦးျဖစ္ေစခဲ့တာျဖစ္ပါတယ္။

၂။ ခီလီယန္ အမ္ဘာေပ(ပီအက္စ္ဂ်ီ)

ခီလီယန္ အမ္ဘာေပဟာ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီး ယခုရာသီ ၿပိဳင္ပြဲစုံ ၂၄ ပြဲမွာ သြင္းဂိုး ၂၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ျပင္သစ္တိုက္စစ္မႉးဟာ အလြန္လ်င္ျမန္တဲ့ ေျပးႏႈန္းနဲ႔ တိက်တဲ့ အဆုံးသတ္တို႔ေၾကာင့္ ၿပိဳင္ဘက္အသင္းခံစစ္တိုင္းအတြက္ ၿခိမ္းေျခာက္မႈအၿမဲတမ္းျဖစ္ခဲ့ၿပီး ဒီတိုင္းသာ ဆက္လက္ေျခစြမ္းျပသေနမယ္ဆိုရင္ ဘလြန္ေဒါဆုက အမ္ဘာေပအတြက္ ျဖစ္လာႏိုင္ပါတယ္။ အမ္ဘာေပဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ ေ႐ႊဖိနပ္ဆုကိုလည္း ရရွိခဲ့တာျဖစ္ၿပီး တနလၤာေန႔က ျပင္သစ္ဖလားပြဲစဥ္အျဖစ္ ေပးစ္ဒီကက္ဆဲလ္နဲ႔ပြဲစဥ္မွာ တစ္ဦးတည္း ၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

၁။ လီယြန္နယ္ မက္ဆီ

လီယြန္နယ္ မက္ဆီဟာ ဘလြန္ေဒါဆုကို ၈ ႀကိမ္ေျမာက္ စံခ်ိန္တင္ ဆြတ္ခူးႏိုင္မယ့္ လမ္းေၾကာင္းေပၚမွာရွိေနၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းကို ၃၆ ႏွစ္ၾကာ ေဝးကြာေနတဲ့ ကမာၻ႔ဖလားေအာင္ျမင္မႈ ရရွိေအာင္ သြင္းဂိုး ၇ ဂိုး၊ ဂိုးဖန္တီးမႈ ၃ ႀကိမ္နဲ႔ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ ၎ရဲ႕ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ေ႐ႊေဘာလုံးဆုကို ေပးအပ္ျခင္း ခံခဲ့ရၿပီး ယခုရာသီ ပီအက္စ္ဂ်ီအသင္းအတြက္လည္း အလြန္ထူးျခားေကာင္းမြန္တဲ့ေျခစြမ္းကို ျပသေနခဲ့သူျဖစ္ပါတယ္။ မက္ဆီဟာ ယခုရာသီ ၿပိဳင္ပြဲစုံ ၂၁ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.