Ligue1

မက်ဆီမပါဝင်ခဲ့မှုကြောင့် စိုးရိမ်ပူပင်နေကြတဲ့ ပီအက်စ်ဂျီပရိသတ်များ

ပီအက်စ်ဂျီပရိသတ်တွေဟာ လီယွန်နယ် မက်ဆီအနေနဲ့ ပေးစ်ဒီကက်ဆဲလ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်ဖလားပွဲစဉ်အတွက် လူစာရင်းထဲမှာတောင် မပါဝင်ခဲ့တဲ့အတွက် အသင်းကို စွန့်ခွာသွားနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။

ခရစ္စတိုဖီ ဂဲလ်တီယာက ပွဲမတိုင်ခင်မှာ ဆဌမတန်းကလပ်နဲ့ပွဲစဉ်အတွက် လီယွန်နယ် မက်ဆီကို အနားပေးထားတယ်လို့ ပြောကြားခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့ စိုးရိမ်ပူပင်မှုကို မတားဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျာနယ်လစ် ဂျရတ် ရိုမဲရိုးက မကြာသေးမီက မက်ဆီဟာ ပီအက်စ်ဂျီနဲ့စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေခြင်းမရှိဘူးလို့ ပြောကြားခဲ့ပြီး အဲဒီသတင်းက ဘာစီလိုနာ၊မန်စီးတီးနဲ့ တခြားဥရောပထိပ်တန်းကလပ်အသင်းတွေကို အာဂျင်တီးနားကြယ်ပွင့်က ၎င်းတို့ရဲ့ ကစားသမားဖြစ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းပရိသတ်တွေဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်း ရရှိနေပြီး ၂၁ ပွဲမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ထားတဲ့ လီယွန်နယ် မက်ဆီကို အသင်းမှာ ဆက်နေစေချင်နေကြတာ ဖြစ်ပါတယ်။

ဂဲလ်တီယာက တနင်္လာနေ့ညပွဲစဉ်အတွက် လူစာရင်းမှာ ကေလာ နားဗက်စ်ကို ပွဲထွက်ဂိုးသမားအဖြစ် ကစားစေခဲ့ပြီး ခံစစ်မှာ တီမိုသီ ပန်ဘီလီ၊ ရာမို့စ်၊ ဒါနီလို ပါရဲရား၊ နူနို မန်ဒက်စ်၊ ကွင်းလယ်မှာ ဗီတင်ညာ၊ ရီနာတို ဆန်းချက်စ်၊ ကားလို့စ် ဆိုလာ၊ တိုက်စစ်မှာ နေမာ၊ အမ်ဘာပေနဲ့ အက်ခီတိုက်ခ်တို့ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရိသတ်တွေဟာ လီယွန်နယ် မက်ဆီကို ပွဲနေ့လူစာရင်းထဲမှာ လိုက်ရှာခဲ့ကြပြီး “မက်ဆီက စီးတီးကို သွားတော့မယ်”လို့ ပရိသတ်တစ်ဦးက ပြောဆိုခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “မက်ဆီအနေနဲ့ ဒီ ချီးထုပ်ကလပ်ကို စွန့်ခွာဖို့လိုအပ်တယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ စာချုပ်ဟာ နောက်ဆုံး ၆ လထဲကို ရောက်ရှိနေပြီဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အာဂျင်တီးနားကြယ်ပွင့်ဟာ ပြင်သစ်လိဂန်းချန်ပီယံတွေနဲ့ အနည်းဆုံး ၁ နှစ် စာချုပ်သက်တမ်းတိုးဖို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့တယ်လို့ ဖက်ဘရီဇီယို ရိုမာနိုက ပြောကြားခဲ့တာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီပရိသတ္ေတြဟာ လီယြန္နယ္ မက္ဆီအေနနဲ႔ ေပးစ္ဒီကက္ဆဲလ္နဲ႔ ကစားခဲ့တဲ့ ျပင္သစ္ဖလားပြဲစဥ္အတြက္ လူစာရင္းထဲမွာေတာင္ မပါဝင္ခဲ့တဲ့အတြက္ အသင္းကို စြန႔္ခြာသြားႏိုင္တယ္လို႔ စိုးရိမ္ေနၾကပါတယ္။

ခရစၥတိုဖီ ဂဲလ္တီယာက ပြဲမတိုင္ခင္မွာ ဆဌမတန္းကလပ္နဲ႔ပြဲစဥ္အတြက္ လီယြန္နယ္ မက္ဆီကို အနားေပးထားတယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း ပရိသတ္ေတြရဲ႕ စိုးရိမ္ပူပင္မႈကို မတားဆီးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဂ်ာနယ္လစ္ ဂ်ရတ္ ႐ိုမဲ႐ိုးက မၾကာေသးမီက မက္ဆီဟာ ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ နီးစပ္ေနျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ၿပီး အဲဒီသတင္းက ဘာစီလိုနာ၊မန္စီးတီးနဲ႔ တျခားဥေရာပထိပ္တန္းကလပ္အသင္းေတြကို အာဂ်င္တီးနားၾကယ္ပြင့္က ၎တို႔ရဲ႕ ကစားသမားျဖစ္လာႏိုင္တယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းပရိသတ္ေတြဟာ ယခုရာသီမွာ ပုံမွန္ေျခစြမ္း ရရွိေနၿပီး ၂၁ ပြဲမွာ သြင္းဂိုး ၁၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္ ျပဳလုပ္ထားတဲ့ လီယြန္နယ္ မက္ဆီကို အသင္းမွာ ဆက္ေနေစခ်င္ေနၾကတာ ျဖစ္ပါတယ္။

ဂဲလ္တီယာက တနလၤာေန႔ညပြဲစဥ္အတြက္ လူစာရင္းမွာ ေကလာ နားဗက္စ္ကို ပြဲထြက္ဂိုးသမားအျဖစ္ ကစားေစခဲ့ၿပီး ခံစစ္မွာ တီမိုသီ ပန္ဘီလီ၊ ရာမို႔စ္၊ ဒါနီလို ပါရဲရား၊ ႏူႏို မန္ဒက္စ္၊ ကြင္းလယ္မွာ ဗီတင္ညာ၊ ရီနာတို ဆန္းခ်က္စ္၊ ကားလို႔စ္ ဆိုလာ၊ တိုက္စစ္မွာ ေနမာ၊ အမ္ဘာေပနဲ႔ အက္ခီတိုက္ခ္တို႔ကို အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပရိသတ္ေတြဟာ လီယြန္နယ္ မက္ဆီကို ပြဲေန႔လူစာရင္းထဲမွာ လိုက္ရွာခဲ့ၾကၿပီး “မက္ဆီက စီးတီးကို သြားေတာ့မယ္”လို႔ ပရိသတ္တစ္ဦးက ေျပာဆိုခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “မက္ဆီအေနနဲ႔ ဒီ ခ်ီးထုပ္ကလပ္ကို စြန႔္ခြာဖို႔လိုအပ္တယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ စာခ်ဳပ္ဟာ ေနာက္ဆုံး ၆ လထဲကို ေရာက္ရွိေနၿပီျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ျပင္သစ္လိဂန္းခ်န္ပီယံေတြနဲ႔ အနည္းဆုံး ၁ ႏွစ္ စာခ်ဳပ္သက္တမ္းတိုးဖို႔ ႏႈတ္အားျဖင့္ သေဘာတူညီမႈရရွိခဲ့တယ္လို႔ ဖက္ဘရီဇီယို ႐ိုမာႏိုက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.