Ligue1

မန်ဒီရယ် သူ့သူငယ်ချင်းနဲ့အတူ ကျွန်မတို့ မူစကူဒူးခဲ့တယ်ဆိုတဲ့ OnlyFans မော်ဒယ်

OnlyFans မော်ဒယ် အလီ ရို့စ်က မန်စီးတီးကြယ်ပွင့်ဟောင်း ဘန်ဂျမင် မန်ဒီ ကျင်းပခဲ့တဲ့ အလွန်ထူးဆန်းတဲ့ Sex Parties အကြောင်းကို အသေးစိတ်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပြင်သစ်နောက်ခံလူဟာ ပြီးခဲ့တဲ့ နှစ်မှာ မုဒိမ်းမှု အများအပြား ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် အပြစ်မရှိကြောင်း တွေ့ရှိခဲ့ပြီး လက်ရှိမှာတော့ လီဂူးဝမ်းကလပ် လိုရွန်မှာ ကစားသမားဘဝကို ပြန်လည်တည်ဆောက်နေတာဖြစ်ပါတယ်။

မန်ဒီဟာ မန်ချက်စတာစီးတီးမှာ ၆ နှစ်တာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီမှာ ၂ နှစ်နီးပါး မကစားခဲ့ရတဲ့ ဂွါဒီယိုလာရဲ့အသင်းကို စွန့်ခွာခဲ့တာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ကွင်းပြင်ပက နေထိုင်မှုကြောင့် လူသိများ ထင်ရှားခဲ့ပြီး Sex Parties တွေကို ပုံမှန်တက်ရောက်သလို ကိုယ်တိုင်လည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။

OnlyFans မော်ဒယ် အလီရို့စ်က Reality Check podcast မှာ မန်ချက်စတာစီးတီးကြယ်ပွင့်ဟောင်းနဲ့ Sex Parties တက်ရောက်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေခဲ့တာဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် မော်ဒယ်က မန်ဒီနဲ့ ရီယက်ဒ် မာရက်ဇ် ကျင်းပခဲ့တဲ့ အိဒ်နေ့ပါတီမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်မ ဘယ်သူ့အိမ်ကို သွားခဲ့တာလဲဆိုတာ မသိဘူး။ ကျွန်မ အထဲဝင်သွားတယ်။ သူ့ တစ်မိသားစုလုံးက အဲဒီမှာ ရှိနေတယ်။ မန်ဒီလည်း ရှိနေတယ်။ သူတို့အားလုံး မူးရူးနေကြတယ်။ ကျွန်မက မိသားစု တွေ့ဆုံမှုအတွက် ဝတ်စားထားတာမဟုတ်ဘူး။ နောက်ဆုံးမှာတော့ မန်ဒီက ကျွန်မကို အဝေးခေါ်သွားပြီး စပြီး စကားပြောတယ်။ ကျွန်မလည်း ဟိုင်း နောက်ဆုံးတော့ ရှင်နဲ့ စကားပြောရတာ သောက်ရမ်းကောင်းတယ်ပေါ့။ သူကလည်း ဒီလိုအခြေအနေဖြစ်သွားတာ တကယ်စိတ်မကောင်းဘူးပေါ့။ အဲဒါနဲ့ ကျွန်မကလည်း ရှင် ကျွန်မကို ဒီနေ့မှာ မဖိတ်ခင် ဒီပါတီမှာ ရှိနေလိမ့်မယ်ဆိုတာ ရှင်မသိဘူးလားလို့ ပြောခဲ့တယ်။”

ပြီးတဲ့နောက်မှာ မန်ဒီဟာ မာရက်ဇ်ရဲ့ ရေချိုးခန်းထဲကို သူမကို ခေါ်သွားပြီး မူစကူဒူးခဲ့ကြတဲ့အကြောင်း အလီ ရို့စ်က ရှင်းပြခဲ့ပြီး မန်စီးတီးဘယ်နောက်ခံလူနဲ့ ၎င်းရဲ့ သူငယ်ချင်းတွေထဲက တစ်ဦးဟာ အခြား သူငယ်ချင်းတွေ ဘေးနားမှာ ရှိနေတဲ့အချိန် မူစကူဒူးခဲ့ကြတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

“ကျွန်မလည်း အရမ်းပျော်ရွှင်နေခဲ့တာပါ။ တကယ်ပြောတာပါ။ ကျွန်မလည်း မူးနေခဲ့တယ်။ အဲဒီလို ပါတီတက်ရတာ ကျွန်မအရမ်းပျော်တယ်။ ဒါပေမယ့် အဲဒါက အရမ်းကို ထူးဆန်းတဲ့အတွေ့အကြုံဖြစ်ခဲ့တယ်။ သူ အခုထိ ကျွန်မကို မက်ဆေ့တွေ ပို့နေတုန်းပဲ။ သူ ပြောတာက ပြင်သစ်ကို လာခဲ့။ ပဲရစ်ကို လာခဲ့တဲ့။ ကျွန်မအတွက် အဲဒီမှာ ဘာမှ မရှိဘူး။ ကျွန်မအတွက် အဲဒီမှာ ပိုက်ဆံရမယ်ဆိုရင်တောင်မှ မသွားချင်ဘူး။ ကျွန်မအတွက် အဲဒါ မလိုအပ်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: OnlyFans ေမာ္ဒယ္ အလီ ႐ို႕စ္က မန္စီးတီးၾကယ္ပြင့္ေဟာင္း ဘန္ဂ်မင္ မန္ဒီ က်င္းပခဲ့တဲ့ အလြန္ထူးဆန္းတဲ့ Sex Parties အေၾကာင္းကို အေသးစိတ္ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ျပင္သစ္ေနာက္ခံလူဟာ ၿပီးခဲ့တဲ့ ႏွစ္မွာ မုဒိမ္းမႈ အမ်ားအျပား က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြအတြက္ အျပစ္မရွိေၾကာင္း ေတြ႕ရွိခဲ့ၿပီး လက္ရွိမွာေတာ့ လီဂူးဝမ္းကလပ္ လို႐ြန္မွာ ကစားသမားဘဝကို ျပန္လည္တည္ေဆာက္ေနတာျဖစ္ပါတယ္။

မန္ဒီဟာ မန္ခ်က္စတာစီးတီးမွာ ၆ ႏွစ္တာ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ ေႏြရာသီမွာ ၂ ႏွစ္နီးပါး မကစားခဲ့ရတဲ့ ဂြါဒီယိုလာရဲ႕အသင္းကို စြန႔္ခြာခဲ့တာျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အ႐ြယ္ကစားသမားဟာ ကြင္းျပင္ပက ေနထိုင္မႈေၾကာင့္ လူသိမ်ား ထင္ရွားခဲ့ၿပီး Sex Parties ေတြကို ပုံမွန္တက္ေရာက္သလို ကိုယ္တိုင္လည္း က်င္းပခဲ့တယ္လို႔ သိရပါတယ္။

OnlyFans ေမာ္ဒယ္ အလီ႐ို႕စ္က Reality Check podcast မွာ မန္ခ်က္စတာစီးတီးၾကယ္ပြင့္ေဟာင္းနဲ႔ Sex Parties တက္ေရာက္ခဲ့တဲ့ အေတြ႕အႀကဳံေတြကို ျပန္လည္မွ်ေဝခဲ့တာျဖစ္ၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ ေမာ္ဒယ္က မန္ဒီနဲ႔ ရီယက္ဒ္ မာရက္ဇ္ က်င္းပခဲ့တဲ့ အိဒ္ေန႔ပါတီမွာ ပထမဆုံးအႀကိမ္ ေတြ႕ဆုံခဲ့တာလို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္မ ဘယ္သူ႔အိမ္ကို သြားခဲ့တာလဲဆိုတာ မသိဘူး။ ကြၽန္မ အထဲဝင္သြားတယ္။ သူ႔ တစ္မိသားစုလုံးက အဲဒီမွာ ရွိေနတယ္။ မန္ဒီလည္း ရွိေနတယ္။ သူတို႔အားလုံး မူး႐ူးေနၾကတယ္။ ကြၽန္မက မိသားစု ေတြ႕ဆုံမႈအတြက္ ဝတ္စားထားတာမဟုတ္ဘူး။ ေနာက္ဆုံးမွာေတာ့ မန္ဒီက ကြၽန္မကို အေဝးေခၚသြားၿပီး စၿပီး စကားေျပာတယ္။ ကြၽန္မလည္း ဟိုင္း ေနာက္ဆုံးေတာ့ ရွင္နဲ႔ စကားေျပာရတာ ေသာက္ရမ္းေကာင္းတယ္ေပါ့။ သူကလည္း ဒီလိုအေျခအေနျဖစ္သြားတာ တကယ္စိတ္မေကာင္းဘူးေပါ့။ အဲဒါနဲ႔ ကြၽန္မကလည္း ရွင္ ကြၽန္မကို ဒီေန႔မွာ မဖိတ္ခင္ ဒီပါတီမွာ ရွိေနလိမ့္မယ္ဆိုတာ ရွင္မသိဘူးလားလို႔ ေျပာခဲ့တယ္။”

ၿပီးတဲ့ေနာက္မွာ မန္ဒီဟာ မာရက္ဇ္ရဲ႕ ေရခ်ိဳးခန္းထဲကို သူမကို ေခၚသြားၿပီး မူစကူဒူးခဲ့ၾကတဲ့အေၾကာင္း အလီ ႐ို႕စ္က ရွင္းျပခဲ့ၿပီး မန္စီးတီးဘယ္ေနာက္ခံလူနဲ႔ ၎ရဲ႕ သူငယ္ခ်င္းေတြထဲက တစ္ဦးဟာ အျခား သူငယ္ခ်င္းေတြ ေဘးနားမွာ ရွိေနတဲ့အခ်ိန္ မူစကူဒူးခဲ့ၾကတယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

“ကြၽန္မလည္း အရမ္းေပ်ာ္႐ႊင္ေနခဲ့တာပါ။ တကယ္ေျပာတာပါ။ ကြၽန္မလည္း မူးေနခဲ့တယ္။ အဲဒီလို ပါတီတက္ရတာ ကြၽန္မအရမ္းေပ်ာ္တယ္။ ဒါေပမယ့္ အဲဒါက အရမ္းကို ထူးဆန္းတဲ့အေတြ႕အႀကဳံျဖစ္ခဲ့တယ္။ သူ အခုထိ ကြၽန္မကို မက္ေဆ့ေတြ ပို႔ေနတုန္းပဲ။ သူ ေျပာတာက ျပင္သစ္ကို လာခဲ့။ ပဲရစ္ကို လာခဲ့တဲ့။ ကြၽန္မအတြက္ အဲဒီမွာ ဘာမွ မရွိဘူး။ ကြၽန္မအတြက္ အဲဒီမွာ ပိုက္ဆံရမယ္ဆိုရင္ေတာင္မွ မသြားခ်င္ဘူး။ ကြၽန္မအတြက္ အဲဒါ မလိုအပ္ပါဘူး”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.