Ligue1

အမ်ဘာပေက ခြေရာလိုက်နင်းချင်နေတာကို တုံ့ပြန်လိုက်တဲ့ အွန်နရီ

သီယာရီ အွန်နရီက ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက အာဆင်နယ်က ၎င်းရဲ့ ခြေရာအတိုငး် လိုက်နင်းချင်နေတယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ပီအက်စ်ဂျီကြယ်ပွင့်အနေနဲ့ ဘယ်ကို ပြောင်းမလဲဆိုတာ မသိဘူးလို့ ပြောဆိုခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးမှာ ဒီရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေပေမယ့်လည်း အလွတ်နဲ့ပဲ ထွက်ခွာလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။

ကာလရှည် ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ဒီနွေရာသီမှာ အမ်ဘာပေကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေပေမယ့်လည်း ဒီအပတ်သတင်းတွေအရ ပြင်သစ်တိုက်စစ်မှူးဟာ ကလေးဘဝကတည်းက သူရဲကောင်းဖြစ်ခဲ့တဲ့ အွန်နရီရဲ့ ကစားသမားဘဝလမ်းကြောင်းအတိုင်း ခြေရာလိုက်နင်းဖို့ အာဆင်နယ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

အွန်နရီကိုယ်တိုင်က အဲဒီသတင်းတွေကြောင့် အံ့အားသင့်ခဲ့ပုံပေါ်ပြီး တစ်နိုင်ငံတည်းသား ပြင်သစ်တိုက်စစ်မှူးရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှ ပြောဆိုခဲ့ကြတာမရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား ကျွန်တော့်ကို ကြည့်ပြီး ဘာတွေ ရှာနေတာလဲ။ ကျွန်တော် မသိဘူး။ တကယ်ပြောတာ။ မသိဘူး။ ကျွန်တော့်မှာ အတွင်းသတင်းတွေ မရှိပါဘူး။ ကျွန်တော် ကြိုသိထားတာလည်း မရှိပါဘူး။ ကျွန်တော် သူ ဘယ်သွားမလဲဆိုတာ အားလုံးအတိုင်းပဲ စောင့်ကြည့်သွားမှာပါ။ ”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: သီယာရီ အြန္နရီက ျပင္သစ္တိုက္စစ္မႉး အမ္ဘာေပက အာဆင္နယ္က ၎ရဲ႕ ေျခရာအတိုငး္ လိုက္နင္းခ်င္ေနတယ္လို႔ ေျပာဆိုမႈေတြ ရွိေနေပမယ့္လည္း ပီအက္စ္ဂ်ီၾကယ္ပြင့္အေနနဲ႔ ဘယ္ကို ေျပာင္းမလဲဆိုတာ မသိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးမွာ ဒီရာသီကုန္မွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ေနာက္ထပ္ တစ္ႏွစ္သက္တမ္းတိုးခြင့္ရွိေနေပမယ့္လည္း အလြတ္နဲ႔ပဲ ထြက္ခြာလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရတာျဖစ္ပါတယ္။

ကာလရွည္ ေခၚယူဖို႔ ႀကိဳးပမ္းေနခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ဟာ ဒီေႏြရာသီမွာ အမ္ဘာေပကို ေခၚယူဖို႔ ေရပန္းအစားဆုံးျဖစ္ေနေပမယ့္လည္း ဒီအပတ္သတင္းေတြအရ ျပင္သစ္တိုက္စစ္မႉးဟာ ကေလးဘဝကတည္းက သူရဲေကာင္းျဖစ္ခဲ့တဲ့ အြန္နရီရဲ႕ ကစားသမားဘဝလမ္းေၾကာင္းအတိုင္း ေျခရာလိုက္နင္းဖို႔ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ သိရပါတယ္။

အြန္နရီကိုယ္တိုင္က အဲဒီသတင္းေတြေၾကာင့္ အံ့အားသင့္ခဲ့ပုံေပၚၿပီး တစ္ႏိုင္ငံတည္းသား ျပင္သစ္တိုက္စစ္မႉးရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ဘာမွ ေျပာဆိုခဲ့ၾကတာမရွိဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား ကြၽန္ေတာ့္ကို ၾကည့္ၿပီး ဘာေတြ ရွာေနတာလဲ။ ကြၽန္ေတာ္ မသိဘူး။ တကယ္ေျပာတာ။ မသိဘူး။ ကြၽန္ေတာ့္မွာ အတြင္းသတင္းေတြ မရွိပါဘူး။ ကြၽန္ေတာ္ ႀကိဳသိထားတာလည္း မရွိပါဘူး။ ကြၽန္ေတာ္ သူ ဘယ္သြားမလဲဆိုတာ အားလုံးအတိုင္းပဲ ေစာင့္ၾကည့္သြားမွာပါ။ ”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.