Premier League

ဗန်ပါစီလိုမျိုး အကျိုးသက်ရောက်မှုပြသနိုင်မယ့်သူကို တွေ့ထားပြီဖြစ်တဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဟာရီ ကိန်းဟာ အသင်းအပေါ်မှာ ရော်ဘင် ဗန်ပါစီလိုမျိုး အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ ခံစားနေရပြီး တော့တ်ဟမ်ဟော့စပါးကြယ်ပွင့်ရဲ့ အပြောင်းအရွှေ့ဟာ ပေါင်သန်း ၈၀ ဝန်းကျင်ရှိနိုင်တယ်လို့ ယုံကြည်ရပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ တော့တင်ဟမ်ဟော့စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၁၈ လထဲကို ရောက်ရှိနေသူဖြစ်ပြီး တနင်္လာနေ့နံနက်ပိုင်း သတင်းတွေအရ ဟာရီ ကိန်းဟာ မြောက်လန်ဒန်ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးချင်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဟာရီ ကိန်းဟာ အန်တိုနီယို ကွန်တီရဲ့အနာဂတ်ကို အသင်းက ဘယ်လို ဆုံးဖြတ်မလဲနဲ့ ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ခြင်းရှိ၊ မရှိအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက် ချမှတ်သွားချင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က အင်္ဂလန်အထောင်တိုက်စစ်မှူးဟာ လာမယ့်ရာသီ ၎င်းရဲ့အသင်း တိုးတက်မှုအတွက် အရေးပါလိမ့်မယ်လို့ ယုံကြည်နေတာကြောင့် အိုးထရက်ဖို့ဒ်တာဝန်ရှိသူတွေက စပါးစ်ကြယ်ပွင့်ကို ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ အသင်းနဲ့ လမ်းခွဲသွားခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဗောက် ဗက်ဟော့စ်ကို ပြီးခဲ့တဲ့အပတ်မှာ အငှားနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း တန်ဟက်က အထောင်တိုက်စစ်မှူးခေါ်ယူဖို့ ယခုနွေရာသီ ဘတ်ဂျက်ထဲက ကြီးမားတဲ့ပမာဏကို အသုံးပြုသွားမှာဖြစ်ပြီး ကိန်းက ပစ်မှတ်စာရင်းထဲမှာ ထိပ်ဆုံးကနေ ရှိနေတာဖြစ်ပါတယ်။

Independent ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၂ ခုနှစ်တုန်းက အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့တဲ့ ဗန်ပါစီရဲ့ အပြောင်းအရွှေ့နဲ့ ဟာရီ ကိန်းကို နှိုင်းယှဉ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းက အသက် ၂၈ နှစ်အရွယ်သာရှိသေးတဲ့ ဒတ်ချ်ဂန္တဝင်တိုက်စစ်မှူးဟာ အဓိကပြိုင်ဘက် အာဆင်နယ်အသင်းကနေ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကို ပရီးမီးယားလိဂ်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာရီ ကိန်းဟာ ၎င်းရဲ့ ကစားသမားဘဝမှာ ဆုဖလားတစ်လုံးမှ အနိုင်ရရှိခဲ့ခြင်းမရှိသေးဘဲ ဆုဖလားတွေကို ရရှိဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် စပါးစ်ကနေ ထွက်ခွာမှ ဖြစ်နိုင်မှာဖြစ်ပါတယ်။

ဟာရီ ကိန်းရဲ့ အပြောင်းအရွှေ့ဟာ ပေါင်သန်း ၈၀ ဝန်းကျင်လောက်နဲ့ ဖြစ်လာနိုင်တယ်လို့ ယင်းသတင်းကပဲ ဖော်ပြခဲ့ပြီး စပါးစ်အတွက် ၂၀၁၃ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်ကို ပေါင် ၈၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဂါရတ် ဘေးလ်နောက်ပိုင်း ဒုတိယမြောက် အကြီးမားဆုံးထွက်ခွာမှု ဖြစ်လာမှာ ဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဟာရီ ကိန္းဟာ အသင္းအေပၚမွာ ေရာ္ဘင္ ဗန္ပါစီလိုမ်ိဳး အက်ိဳးသက္ေရာက္မႈ ရွိႏိုင္တယ္လို႔ ခံစားေနရၿပီး ေတာ့တ္ဟမ္ေဟာ့စပါးၾကယ္ပြင့္ရဲ႕ အေျပာင္းအေ႐ႊ႕ဟာ ေပါင္သန္း ၈၀ ဝန္းက်င္ရွိႏိုင္တယ္လို႔ ယုံၾကည္ရပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံး ၁၈ လထဲကို ေရာက္ရွိေနသူျဖစ္ၿပီး တနလၤာေန႔နံနက္ပိုင္း သတင္းေတြအရ ဟာရီ ကိန္းဟာ ေျမာက္လန္ဒန္ကလပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးခ်င္ေနတယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ဟာရီ ကိန္းဟာ အန္တိုနီယို ကြန္တီရဲ႕အနာဂတ္ကို အသင္းက ဘယ္လို ဆုံးျဖတ္မလဲနဲ႔ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးႏိုင္ျခင္းရွိ၊ မရွိအေပၚမွာ မူတည္ၿပီး ဆုံးျဖတ္ခ်က္ ခ်မွတ္သြားခ်င္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က အဂၤလန္အေထာင္တိုက္စစ္မႉးဟာ လာမယ့္ရာသီ ၎ရဲ႕အသင္း တိုးတက္မႈအတြက္ အေရးပါလိမ့္မယ္လို႔ ယုံၾကည္ေနတာေၾကာင့္ အိုးထရက္ဖို႔ဒ္တာဝန္ရွိသူေတြက စပါးစ္ၾကယ္ပြင့္ကို ေခၚယူသြားခ်င္ေနတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာမွာ အသင္းနဲ႔ လမ္းခြဲသြားခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ ေဗာက္ ဗက္ေဟာ့စ္ကို ၿပီးခဲ့တဲ့အပတ္မွာ အငွားနဲ႔ ေခၚယူခဲ့ေပမယ့္လည္း တန္ဟက္က အေထာင္တိုက္စစ္မႉးေခၚယူဖို႔ ယခုေႏြရာသီ ဘတ္ဂ်က္ထဲက ႀကီးမားတဲ့ပမာဏကို အသုံးျပဳသြားမွာျဖစ္ၿပီး ကိန္းက ပစ္မွတ္စာရင္းထဲမွာ ထိပ္ဆုံးကေန ရွိေနတာျဖစ္ပါတယ္။

Independent ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၂၀၁၂ ခုႏွစ္တုန္းက အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာခဲ့တဲ့ ဗန္ပါစီရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ ဟာရီ ကိန္းကို ႏႈိင္းယွဥ္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီအခ်ိန္တုန္းက အသက္ ၂၈ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဒတ္ခ်္ဂႏၲဝင္တိုက္စစ္မႉးဟာ အဓိကၿပိဳင္ဘက္ အာဆင္နယ္အသင္းကေန အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး ၂၀၁၃ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္ကို ပရီးမီးယားလိဂ္ဖလားရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဟာရီ ကိန္းဟာ ၎ရဲ႕ ကစားသမားဘဝမွာ ဆုဖလားတစ္လုံးမွ အႏိုင္ရရွိခဲ့ျခင္းမရွိေသးဘဲ ဆုဖလားေတြကို ရရွိဖို႔ ဆုံးျဖတ္ထားတယ္ဆိုရင္ စပါးစ္ကေန ထြက္ခြာမွ ျဖစ္ႏိုင္မွာျဖစ္ပါတယ္။

ဟာရီ ကိန္းရဲ႕ အေျပာင္းအေ႐ႊ႕ဟာ ေပါင္သန္း ၈၀ ဝန္းက်င္ေလာက္နဲ႔ ျဖစ္လာႏိုင္တယ္လို႔ ယင္းသတင္းကပဲ ေဖာ္ျပခဲ့ၿပီး စပါးစ္အတြက္ ၂၀၁၃ ခုႏွစ္တုန္းက ရီးရဲလ္မက္ဒရစ္ကို ေပါင္ ၈၇ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဂါရတ္ ေဘးလ္ေနာက္ပိုင္း ဒုတိယေျမာက္ အႀကီးမားဆုံးထြက္ခြာမႈ ျဖစ္လာမွာ ျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.